About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Thursday, March 21, 2013



နှလုံးသားနှင့်ရင်း၍

အပိုင်း (၈)


“ဘုန်း …..  ဘုန်းက နေ့တိုင်း ဒီလိုပဲလားဟင် … မပျင်းဘူးလား …”

“အော် … ပျင်းလို့ ဒီလို ကုန်ဆုံးနေတာလေ .. တစ်နေ့တာကို …. Guide ပြတဲ့အိမ်ကိုရောက်ရင်တော့ မပျင်းတော့ဘူး …”

“အခုကော …”

“အခုလား … အင်းးးးးးးး .. အခုတော့ မပျင်းပါဘူး …  နောက်က နတ်မိမယ်လေး .. အဲလေ … နတ်သမျှချစ်ဖို့ကောင်းတဲ့ ချစ်သူလေးပါတယ်လေ …”

“သွား … အလကား … ခုကျတော့ ဖွဲ့နွဲ့နေလိုက်တာ …. မုန်းစရာကြီး ..”

“ဘာလဲ … ပျင်းတယ်လို့ပဲ ပြောရမှာလား …”

“တွေ့လား … နဲနဲ မပြောလိုက်နဲ့ … ပြန်ချေတယ် … ဟွင့် …”


ချစ်သူနှစ်ဦး … ဆိုင်ကယ်ကို ဖြည်းဖြည်းမောင်းပြီး .. သာယာနေတာ … မိုးမမြင်လေမမြင် … ထိုစဉ် ……..


“ဘုန်း … သတိထား .. ရှေ့မှာ …”

“ကျွီ ….”

“တောက် … ဘယ်လိုကောင်လဲကွာ … မမြင်ဘူးလား …. ငါ - ိုး - -ား တွေ …”


စိတ်ထဲမှာ ဒေါသ ထောင်းခနဲထွက်သွားသည် …


“ခင်ဗျား ဘာစကားပြောတာလဲဗျ …. လူကြီးက လူကြီးစကားပြောပါ … အခု ဘယ်သူမှားတာလဲ … ဒီက လူတွေအကုန်တွေ့တယ် … ကိုယ်ကမှားပြီး ရှက်ရမ်းရမ်းမနေနဲ့ … ခင်ဗျား ယောကျ်ားမဟုတ်ဘူးလား …”


တကယ်တော့ … ဘုန်းဝဿန်တို့နှစ်ယောက်လုံးလဲ ရှက်ပါတယ် … ရှက်စိတ်ကို ဒေါသစိတ်က ဖုံးသွားလို့သာ … ဟို ဦးလေးကြီး ရှက်လဲ ရှက်စရာ … ၃၅ လမ်းနဲ့ . ၇၈ လမ်း … မီးပွိုင့် အလယ်တည့်တည့်ကြီးမှာဖြစ်တာ …  ဒီနေ့မှာ လျှာရှည်ပြီး .. ၇၈ လမ်းအထိဆင်းပြီးမှ .. Diamond ကိုသွားမိတယ် … မီးစိမ်းလို့ လမ်းအဖြတ် … ဟိုဘက်က မီးနီကို ဇွတ်ဖြတ်မောင်းတာ ….

ယာဉ်ထိန်းရဲတွေလာပြီး ဝေါ်ကီတော်ကီ ထုနေတော့သည် ….


“ဒီမှာ ….. မင်းတို့က လူကြီးကို လူကြီးမှန်း မသိပါလား … ရိုသေရကောင်းမှန်းမသိပါလား … မိမဆုံးမ ဖမဆုံးမတွေ ….”

“ဒီမှာ ဦး … ကျနော်တို့ကို သီးသန့်ပြောရင် … ဦးလေးဘက်က ဘယ်လောက်မှားမှား .. ကျနော် ဂရုမစိုက်ဘူး … ခင်ဗျားကိုယ်တိုင်ကိုက လူကြီးလို့ အထင်ခံရလောက်အောင် .. အဆင့်ရှိလား .. ကိုယ့်ကိုယ်ကို ပြန်စဉ်းစားပါ …  ဘယ်သူက အရင် မှားပြီး … အရင် စဆဲတာလဲ …. ထမင်းစားတဲ့ ဦးနှောက်ဆိုရင် နားလည်မှာပါ ….”


လူကြီးဖြစ်နေလဲ နားမလည်တော့ … မိဘတွေကို ထိခိုက်နေတော့ … မဝုန်းတာကြာတဲ့ ဒီနှုတ်ခမ်း … စကားလုံးတွေ တရစပ်ထွက်လာတာ … မြိန်တာ …… ေိေိ

သွန်းဆင့် … တစ်ယောက် ငြိမ်နေပါတယ်လှည့်ကြည့်တာ …. Skin ဘောင်းဘီ အတိုဝတ်ထားတဲ့သူ့ခြေထောက် ခြေသလုံး အညိုကွက် အကြီးကြီးနဲ့ ညိုမည်းနေတာပဲ …


“ဟာ … သွန်း … ရရဲ့လား .. နာသွားလား ….”

“ရတယ် ဘုန်း … ရပါတယ် … ဘုန်းကော ဘယ်နား ထိသွားသေးလဲ ….”

“ရတယ် .. ဘုန်း ဘာမှ မဖြစ်ပါဘူး .. မှန်း .. .ကြည့်ရအောင် ဘယ်နား ထိသွားသေးလဲလို့ …. အလားးး … လက်ဖနောင့်က ဘယ်လိုကွဲသွားတာလဲ …. ဒါပြီးရင် ဆေးခန်းခဏဝင်မယ် ….. …… ….. ဟို ဒီက မော်တော်ပီကယ် အကို … ကျနော်တို့ ကိစ္စကို မြန်မြန် ဖြေရှင်းပေးပါဗျ …. ကျနော့ …. အဲ  …”


သွန်းဆင့်ဘက် တစ်ချက် လှည့်ကြည့်လိုက်သည် …. မျက်နှာလေးက မကောင်း … တော်တော် နာနေပုံရတယ် …. အခုနေ ကျနော့်သူငယ်ချင်းလို့ ပြောလိုက်ရင် နားလည်ပေးနိုင်မှာမှန်ပေမယ့် ….


“ကျနော့်ချစ်သူကို ဆေးခန်း ဝင်ပြရအုံးမယ် …. ဒီဦးလေးကြီးကိုတော့ … ကျနော် ကျေအေးပါ့မယ် … ကျန်တဲ့ကိစ္စကတော့ … အကို နဲ့ပဲ ရှင်းလိုက်ပါ …..”

“ဟ … မင်းကများ .. ငါ့ကို ကျေအေးမယ်လေး ဘာလေးနဲ့ … ငါက ဘာများမှားလို့ . မင်းက ကျေးအေးမယ်ပြောရမှာလဲ …”

“တော်တော့ … ဒီမှာဦးလေး … ခင်ဗျားမှားတာ …. လူတွအများကြီးမျက်စိရှေ့မှာဖြစ်တာကို … ခုမှ နိုကိုဥ လာလုပ်မနေနဲ့ ….”

“မုန်လာဥလုပ်ပါကွာ ..”

“တူတူပဲ .. လျှာမရှည်နဲ့ … ဒစ်စဝိုင်း ဖြုတ်ပီးပြီ … ခင်ဗျား ဆိုင်ကယ်လိုင်စင်ပေး …. ညီလေးတို့ … ကျေအေးတယ်ဆိုရင်လဲ … ဆေးခန်း မြန်မြန်သွားလိုက်လေ ….”

“ဟုတ် … ကျေးဇူးပဲ အကို … ခွင့်ပြုပါအုံး … ဟိုဦးလေးကြီး … သွားပြီ … ဦးလေးမှာ သားသမီးရှိရင်တော့ ….. ကျနော်တို့ကို ကိုယ်ချင်းစာမိမှာပါ … သားသမီးရှိရက်နဲ့ ကိုယ်ချင်းမစာဘူးဆိုရင်တော့ …. ဦးလေးက … ဖခင်မဖြစ်ထိုက်တဲ့ လူတစ်ယောက်ပဲ … ကျနော်တို့ိကို ခွင့်ပြုပါအုံး …”


ပြန်ခါနီး ဝုန်းလိုက်သေးသည် …. ပါးစပ်က အခုမှ အရှိန်ရကာစကို …. သွန်းသာ ဘာမှ မဖြစ်ရင် …. ထိုင်ခုံခင်း … ပယ်ပယ်နယ်နယ် ကို ထိုင်ဝုန်းဖြစ်မှာ … ေိေိ


“ဟာ .. ဆိုင်ကယ်နောက်ပိုင်းကလဲ ရစရာတောင်မရှိပါလား .. .မီးခွက်တွေလဲ ကြေမွလို့ … တော်ပါသေးရဲ့ …  ဘီးက ဘာမှမဖြစ်လို့ … လာ သွန်း .. တက် …”

“ရရဲ့လား .. ညီလေးတို့ ….”

“ဟုတ် .. ရတယ် .. ကို … ကျေးဇူးနော် .. ခွင့်ပြုပါအုံးဗျ …”

“အေးအေး ….”


ဘာမှမဟုတ် …. မော်တော်ပီကယ် အကို ညိုချောကို “ကို” လို့ခေါ်လိုက်သည်. …. ဆိုင်ကယ်စထွက်တော့ .. နောက်က သွန်းက ခါးကို ဆိပ် ပါတော့သည် …


“အားးးး … ဘာလို့ ဆွဲဆိပ်တာလဲ … နာထှာ ….”

“စိတ်မှာပဲ …. မသိဘူးများမှတ်နေလား .. ရည်းစားတစ်ယောက်လုံးကို နောက်မှာထားပြီး … တော်တော်ခွီနေနော် … အား .. ကျွတ်ကျွတ် …”

“ကဲကဲ … ဆောရီးပါ … ဘုန်းရဲ့ ဦးလေး ဆေးခန်းဆီသွားမယ် …. နော် ..”

“အင်း”


ဦးလေးအိမ်ရောက်တော့ …..


“လေးလေးအောင် ရှိလား … ကိုကျော်တင့်”

“အင်း ရှိတယ် … ငါ့ညီ … ဘာဖြစ်လို့လဲ .. ခဏ သွားခေါ်လိုက်အုံးမယ် ….”

“ဟုတ် …. သွန်း ခဏနော် … နာသေးလား ..”

“ဟင့်အင်း .. မနာပါဘူး ဘုန်းရယ် …”

“ဟ .. ငါ့တူကြီး … ထူးထူးဆန်းဆန်း … ဘာကိစ္စ”

“ဟို လေးလေး .. သား ဟိုဒင်း .. အဲ …. သားတို့ ဆိုင်ကယ် အက်စီးဒင့် ဖြစ်လို့ .. အဲဒါ … သူ နဲနဲထိသွားတယ် … ”

“သားကော ဘယ်နားထိသွားသေးလဲ …”

“ဟင့်အင်း သားက ဘာမှမဖြစ်ဘူး .. ထိလဲ မထိဘူး … ဟိုက သားဆိုင်ကယ်နောက်ကို ဝင်တိုက်တာ … အဲဒါ သူကိုပဲ ထိသလိုဖြစ်သွားတယ် … လက်ဖနောင့်ကွဲတယ် … ခြေသလုံး ညိုသကြီး ကိုလဲ ….”

“လာလာ … ဆေးခန်းထဲ လာ …. ဟို သား .. ဖြည်းဖြည်းလျှောက်ခဲ့ …”

“ဟုတ် .. အန်ကယ် ….”

…………………………………….


လမ်းဒေါင့်မှာ လူတွေ အုံခဲနေလို့ … ဘုန်းဂျူလိုင်မိုး တစ်ယောက် ဆိုင်ကယ် လမ်းဘေးကပ်ပြီး နဲနဲ စပ်စုကြည့်လိုက်သည် …


“ဟို … ဘာဖြစ်တာလဲ အကို …”

“ဆိုင်ကယ်တိုက်တာ … ကောင်လေးနှစ်ယောက်ကတော့ ကျေအေးပြီး ဆေးခန်းပြေးပြီ … ဒီလူကြီးပဲကျန်ခဲ့တယ် … သူက စမှားတာကို ခုထိငြင်းတုန်း …”


“ဘာကျုပ်မှားရမှာလဲ …. ကျုပ်ဟာကျုပ် လမ်းဖြတ်ကူးတာ … သူက ဇွတ်ဖြတ်တာပဲ …”

“တော်တော့ဗျာ … ခင်ဗျား ဒီထက်ဆက်ငြင်းနေရင် .. ဝတ္တရားနှောက်ယှက်မှုပါ ထပ်တိုးမယ် ….”

“ဒါဆို ဒီမှာပဲ ရှင်းမယ်ဗျာ … ရုံးတော့ မသွားချင်ဘူး ….”

“မရဘူး … ရုံးပဲသွား … ခင်ဗျားက သုံးမှုနော် …. ဦးထုပ်က မဆောင်းဘူး … မီီးနီလဲဖြတ်တယ် … ယာဉ်တိုက်မှုပါပေါင်းရင် သုံးမှု …. ဒီထက် ဆက်ငြင်းမယ်ဆိုရင် လေးမှုဖြစ်သွားမယ် …. ကြာတယ် … ပေး ဆိုင်ကယ်လိုင်စင် ….”


“ဘာများလဲလို့ကွာ … လူတွေ ခက်တယ် … တော်ပြီ … ကိုယ့်လမ်းကိုယ်ပဲ ဆက်သွားတော့မယ် …”


ဂျူလိုင်မိုးတစ်ယောက် Diamond သို့ ခရီးဆက်ခဲ့သည် …

Diamond ရောက်တော့ … မြေအောက်ထပ် ဆိုင်ကယ်အပ်ပြီး .. Season သို့ဝင်ကာ အအေးဝယ်သောက်ရင်း … ခဏဝင်နားလိုက်သည် …


“ဟာ . ဟေ့ကောင် သားကြီး .. ဂျူလိုင် … မင်းက ဒီမှာ လာငြိမ့်နေတာကိုး …”

“အာ … ယောက်ဖ . နေလင်း … လာ … မင်း မတွေ့တာတောင်ကြာပေါ့ .. ဘာတွေလုပ်နေလဲ …”

“ဒီလိုပါပဲ …. ရှိုးတွေမှာ .. တစ်ပုဒ်စ နှစ်ပုဒ်စ လိုက်ဆိုဖြစ်တယ် … အပျော်ပါပဲ … မင်းကော … အသံသွင်းမယ်ဆို .. မသွင်းဖြစ်သေးဘူးလား …”

“အေးကွာ … မသွင်းဖြစ်သေးဘူး … vocal သင်တန်းလဲ ပြန်တက်အုံးမလို့ … အဲဒါ မင်းပါလိုက်မလား …”

“အင်း .. မပြောတတ်သေးဘူး … တက်ခါနီးပြောလေ … အဲတော့မှ အတပ်ပြောလို့ရမှာ …”

“ယောက်ဖ .. ဘာသောက်မလဲ … ငါတိုက်မှာပါ ….”

“အေးကွာ … နို့အေးပဲ သောက်တော့မယ် …”

“အေးခဏ .. ငါသွားမှာလိုက်မယ် …”


…………………………………

မှာပြီးပြန်လာတော့ …


“ယောက်ဖ … မင်းတစ်ယောက်ထဲလား … မင်းစော်ကော …”

“အေးကွာ …. ပြတ်သွားပြီကွ … နှစ်ပတ်လောက်ရှိပြီ … မင်းနဲ့လဲ မတွေ့ဖြစ်တော့ .. အဲဒီအကြောင်းမပြောဖြစ်ဘူး …”

“ဟုတ်လား … ပြောစမ်းပါအုံး … ဘယ်လိုက ဘယ်လို … မင်းတို့အတွဲက …. ငါတို့ သူငယ်ချင်းတွေထဲမှာ … မင်းတို့အတွဲရယ် .. ငါတို့အတွဲရယ်က သူငယ်ချင်းတွေအားလုံးရဲ့ စံပြဖြစ်ခဲ့တာကိုကွာ … အေးလေ …. ငါတို့တောင် ပြတ်ခဲ့သေးတာပဲ … မဆန်းပါဘူး …. ပြောပါအုံးကွ ..”

“အေးကွာ … မင်းတို့ အတွဲပြတ်သွားတော့တောင်မှ … ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နာလည်မှုတွေ ပေးခဲ့တာပဲကွာ …. ငါ လုံးဝ မထင်ထားဘူး …  သူငယ်ချင်းတစ်ယောက်လာပြောမှ စုံစမ်းကြည့်တာ … …. …. …. ….

ငါလေ … ငါ့လောက် လိုလေသေးမရှိ အလိုလိုက် .. ဖြည့်ဆည်းပေးခဲ့တာကိုကွာ …. ငါ့ပိုင်ဆိုင်မှု … ငါ့အဖိုးတန်တဲ့ အချိန်တွေကအစ …. … …. …. ….”

“ဟ … မင်းသူငယ်ချင်းက ဘာလာပြောလို့လဲဟ ….”

“သူ့မှာ စပွန်ဆာရှိ နေတယ်တဲ့ကွာ … အဲဒါ ငါ အစက မယုံပါဘူးကွာ … ဒါပေမယ့်ဆိုပြီး စုံစမ်းကြည့်တာ … ငါကိုက လျှာရှည်တာပါ … ဟုတ်တယ် သယ်ရင်းက … ငါ သူ့အိမ်နားမှာ သွားစောင့်နေတာ … ဘဲကြီးတစ်ဗွေ ကားနဲ့လာခေါ်သွားတာတွေ့လိုက်တယ် ….”

“အင်း”

“အဲဒါနဲ့ ငါလဲ သူတို့နောက် မှေးလိုက်သွားတာ … သူတို့ မေမြို့ တက်ကြတယ် … ငါလဲ .. အစီအစဉ်မရှိ ုလိုက်သွားလိုက်တယ်လေ  ၂၁ မိုင်ကျော်တော့ … တော်ပြီကွာ … ဒီအကြောင်းဟြေလဲ … အလကား လေကုန်တယ် … ဖြစ်ပြီးတာတွေ ထားလိုက်ပါတော့ … မင်းကော … ရည်းစားအသစ်မတွေ့သေးဘူးလား ….”

“ဟင့်အင်း …. ဒီအတိုင်းလေးပဲ အေးပါတယ်ကွာ ….”

“ယောက်ဖ .. မင်းဒီရောက်တာ ကြာပြီလား ….”

“မကြာသေးဘူး ယောက်ဖရ … ငါထိုင်ပြီး တစ်အောင့်လောက်နေတော့ … မင်းရောက်လာတာပဲ … နေ့လည် ပျင်းလို့ပါကွာ .. ဒါနဲ့ .. မင်း ဒီနေ့ ဟိုကောင့်  မင်္ဂလာဆောင်သွားဖြစ်လား …”

“အေး … သွားဖြစ်တယ်… စောစောသွားပြီး စောစောပြန်လာလိုက်တယ် … မင်းကော …”

“အေး … ငါလဲ … ခပ်စောစော သွားလိုက်တယ် … ၉ နာရီလောက်သွားပြီး ပြန်လာလိုက်တယ် …”

“အော် .. .ငါနဲ့ အဝင်အထွက်ပဲ ….”

“လာ … အပေါ်သွားရအောင် …

………………………………………………………