About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Monday, September 10, 2012

ဂေး များအတွက် တန်းတူအခွင့်အရေး


GAY နဲ့ အခြောက် ဟာ လုံးဝကို မတူပါဘူး …
GAY ဆိုတာ ….. မြန်မာ့အမြင်နဲ့ ပြောရရင် … ယောက်ျားလေးချင်း ချစ်တဲ့သူကိုပြောတာပါ ….
အခြောက် ဆိုတာကတော့ …. မြန်မာလူထုတွေ ခုထိ သမုတ်နေတဲ့ … မိန်းမလို ဝတ်စားသွားလာနေထိုင် နေတဲ့ … လူနည်းစု တစ်ခုကို ခေါ်ခြင်းဖြစ်ပါတယ် …..
GAY ဆိုတဲ့ စကားစုကို … Human Right အပြည့်အဝရှိတဲ့ . အမေရိကန်ပြည်ထောင်စုကတော့ ….
ယောက်ျား/မိန်းမ/တိရိစ္ဆာန်ကိုပါမကျန် .. လိင်တူစိတ်ဝင်စားတဲ့သူတွေအကုန်လုံးကို ခေါ်တာပါ ….

ယောက်ျားဖြစ်ဖြစ် / မိန်းမ ဖြစ်ဖြစ် … ကိုယ့်ကိုယ်ကို လိင်တူနှစ်သက်တဲ့သူဆိုရင် . I’m GAY လို့ ဝန်ခံကြပါတယ် …..
အဲ …. တိရိစ္ဆာန်တွေကိုလဲ …. လိင်တူစိတ်ဝင်စားရင်. …. လူတွေက .. My Dog is GAY လို့ပြောလေ့ရှိပါတယ်.
Lesbian ဆိုတာကတော့ . တစ်ပါးသူက မိန်းကလေးချင်းနှစ်သက်သူကို ခေါ်ဝေါ်သမုတ်တာပါ …..
ကိုယ့်ဖာသာကို ဝန်ခံရင်တော့ . GAY လို့ . သမုတ်ကြပါတယ်
မြန်မာ့အခေါ်အဝေါ်မှာ … GAY ကို ၊ အပုန်း / အပွင့် ၊ ဆိုပြီးသတ်မှတ်ကြပြန်ပါသေးတယ် …..
မြန်မာ့အခ်ါအဝေါ်တင်မဟုတ်ပါဘူး … တစ်ကမ္ဘာလုံး သတ်မှတ်ကြတာပါ ….

Human Right အရှိဆုံးနိုင်ငံဖြစ်တဲ့ . အမေရိကန်ပြည်ထောင်စုမှာတော့ ....

Inside the Closet = အပုန်း
Outside the Closet = အပွင့်လို့ ...... သတ်မှတ်ပါတယ်

တစ်နည်း .....
Inside the closet .... GAY ဆိုပေမယ့် .... ဂေးလို့မဝန်ခံ .... ဆိပ်အရေခြုံထားသော .... သူတွေကိုခေါ်ပါသည်တဲ့ ...
Outside the closet ..... GAY လို့ အတည်အလင်း ဝန်ခံထားပြီး .... ထိုဝန်ခံထားသောသူတွေထဲမှာ .... Top . Ver . Bot အားလုံး ပါဝင်ပါသည်. ....
မြန်မာပြည်က လူတွေက . လုံးဝကို အမြင်လွဲမှားနေတာပါ …..
Top ကို . အပုန်း
Bot ကို   အပွင့်   ဆိုပြီး … သတ်မှတ်ကြပေမယ့် ….
အပုန်းအပွင့်ဆိုတာ … အထက်မှာ ဖော်ပြသလိုပါပဲ …..
တကယ်တမ်းဆိုရင် …. ကျတော်တို့ဟာ … ကိုယ့်ကိုယ်ကို Top လို့ပြောနေပေမယ့်
GAY လို့ဝန်ခံပြီးသားဖြစ်နေလို့ … အပွင့်တွေ့ဖြစ်ပါတယ် …..
Role ကတော့ . မိမိကိုယ်ကို သတ်မှတ်ကြတာပါ
တကယ်ချစ်တဲ့ . ချစ်သူတွေမှာ …. Role ဆိုတာ ဘာမှ အရေးမပါတော့ပါဘူး ….
လူဆိုတာ မိမိချစ်သူ စိတ်ချမ်းသာဖို့ကို အမြဲတစေ လိုလားသူတွေပါ ….
ကိုယ့်ကိုယ်ကို ဘယ်လောက်ပဲ Top / Bottom (Only) လို့ ပြောနေစေကာမူ ….
အားလုံးက . Ver  တွေပါပဲ …. မိမိချစ်သူအတွက် . အားလုံးကို စွန့်လွှတ်အနစ်နာခံနိုင်တဲ့သူတွေပါ
(Straight တွေမှာမရှိတဲ့ . ပြင်းပြတဲ့စိတ်တွေဟာ . GAY တွေမှာ အပြည့်အဝ ရှိနေနိုင်ပါတယ် ….. )
အဲဒါကတော့ ကျနော့်ရဲ့ အတွေးပါ … ကျနော့်အတွေး မှားကောင်းမှားနိုင်ပါတယ် ….
ဒါပေမယ့် .. ကျနော်ကတော့ ကျနော့်အတွေးကိုမှန်တယ်လို့ယူဆပါတယ်
Straight တွေရဲ့အမြင်မှာ GAY တွေကို တန်းတူဆက်ဆံစေချင်ရင်
မိမိရဲ့ စိတ်ကိုအရင် ပြောင်းလဲပစ်ရပါမယ် ……
အဲဒါကတော့ ….. မိမိရဲ့ (ဆန္ဒ) လို့ပြောရမှာပေါ့ …..
Straight (ကျား/မ) တွေမှာ Sex ဖြစ်ချင်တဲ့ဆန္ဒ မရှိဘူးလို့ ဘယ်သူ အတပ်ပြောနိုင်မလဲ ….
အားလုံး ရှိကြပါတယ် … ဘာလို့သူတို့ …. လူတန်းစေ့ နေနိုင်လဲ …. ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မိမိစိတ်ထဲမှာပဲထားတာပါ … အပြင်ကို လူသိရှင်ကြား ထုတ်ဖော်မပြောဘူးလေ ….
GAY တွေကိုဘာလို့ Straight တွေ အမြင်စောင်းနေလဲ … အဖြေက ရှင်းရှင်းလေးပါ ….
Straight တွေရဲ့အမြင်မှာ . GAY ဆိုတာ SEX ကိုပဲ စိတ်အားထက်သန်တယ်ဆိုပြီးပေါ့ ….
မှန်ပါတယ် … သူတို့တွေလဲ . စိတ်အားထက်သန်တာပါပဲ …..
အဲဒီလိုဆိုရင် … ဘာလုပ်သင့်လဲ …. သူတို့လိုပဲ .. စိတ်ထဲထားပေါ့ ….
ကိုယ်ချစ်သူအပေါ် သစ္စာရှိပေါ့ … Human Right လိုချင်တယ် ….
လူလူချင်း တန်းတူအခွင့်အရေးလိုချင်တယ် …. အဲဒါဆိုဘာလုပ်သင့်လဲ …. ?????
လွယ်လွယ်လေးပါ …. မိမိကိုယ်တိုင် အရင်ပြောင်းလဲရမှာပါ ….
တစ်ယောက်ချင်း မိမိရဲ့ ပုံစံလေးတွေကို ပြောင်းလဲမယ်ဆိုရင် …. လူလူချင်းတန်းတူအခွင့်အရေးရဖို့ဆိုတာ … မဝေးတော့တဲ့ အနာဂတ်လေးဖြစ်လာမှာပါ …..

ကဲ… တန်းတူအခွင့်အရေးရပါပြီတဲ့ ….
GAY တွေ လက်ထက်ခွင့်ရပြီ …. ချစ်သူနှစ်ဦးကြားမှာ . A4 စာရွက်ကလေးတိုးလာတယ် ….
ဘာဖြစ်မလဲ …. သင်တို့တော့ထင်ပါလိမ့်မယ် … အထူးသဖြင့် … Gay တွေပေါ့ … ဘာမှမဖြစ်ဘူးဆိုပြီးလေ …
အဲဒါကိုကမှားတာပါ …. အဲဒီ A4 စာရွက်ကလေးဟာ .. Straight တွေအဖို့ သစ္စာစောင့်ထမ်းရမယ့် . နှစ်ဦးသဘောတူ စာချုပ်ကလေးပါ ….
သူတို့လို စောင့်ထမ်းနိုင်မယ်ဆိုရင် . လက်ထပ်ပေါ့ … မထမ်းနိုင်မချင်း … GAY လက်ထပ်ခွင့်ပြုဖို့ တောင်းမနေဖို့ပဲ …
စာချုပ်နဲ့ ဖောက်ပြန်ရင် . ကိုယ့်ပေါင်ကို လှန်ထောင်းသလို ပိုပြီး $ရှက်ကွဲမှာပါ ….
အဲဒါဆို ဘာလုပ်သင့်လဲ … ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်အောင်ကြိုးစားပါ … အားလုံးရဲ့အမြင်မှာ GAY ကိုအမြင်မှန်လာတဲ့တစ်နေ့ … ကျနော်တို့ရဲ့ အိပ်မက်ကလဲ . အလှပဆုံး အကောင်အထည်ပေါ်လာမှာပါ …

ကမ္ဘာပေါ်မှာ လူတွေရဲ့ အလေးစားခံရတဲ့ . GAY တွေရှိကြပါတယ် …. သူတို့ဘာလို့ အလေးစားခံရသလဲ ….
လူလေးစားခံရအောင်နေလို့ပေါ့ .. ရှင်းရှင်းလေးပါ …
ð  ရွာဝင်တံခါးကိုတောင် လူတွေကို အဝင်/အထွက်မလုပ်စေချင်ရင် ပိတ်ထားလိုက်လို့ရပါတယ်.
ð  ကျနော်တို့လဲ .. ဒီဆန္ဒကြီးကို ပါးစပ်ကနေမထွက်အောင် ထိန်းထားရင်ဖြစ်ပါတယ် ….

GAY တွေမကဲနဲ့လို့ မပြောလိုပါဘူး … စောင့်ထိန်းရမယ့် . ကျင့်ဝတ်တွေ . လောကနီတိ တွေရှိပါတယ် ..
အဲဒါတွေက အလကားထားတာမဟုတ်ပါဘူး … အဲဒီအတိုင်း ကျင့်ကြံမယ်ဆိုရင် … လူလူချင်း တန်းတူအခွင့်အရေးဆိုတာ .. ဘာမှမခက်ပါဘူး …
တန်းတူအခွင့်အရေးဆိုတာ . လူရဲ့ စိတ်ပါပဲ … ထိုလူတွေရဲ့စိတ်ကိုပြောင်းလဲစေချင်ရင် … မိမိကိုယ်ကို အရင်ပြောင်းလဲရမှာပါ ….

Straight တွေလဲ ရည်းစားများပါတယ် ….. ဒါပေမယ့် …. GAY အနေနဲ့ …. စံတစ်ခုယူသင့်ပါတယ် …

Love နဲ့ Sex Partner ကို တစ်ဦးထဲပဲထားစေချင်ပါတယ် ….
ကျန်းမာရေးရှုထောင့် ကပဲကြည့်ကြည့် … လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့် ….
အမြင်သင့်တယ်ပါတယ် ….

အဓိက ကျနော်ပြောချင်တာကတော့ ….. အရာရာဟာ မိမိ အပေါ်သာမူတည်ပါတယ် ….
မိမိကောင်းနေရင် … ဘယ်သူမှ အပြစ်ပြောလို့မရပါဘူး ….
လူဆိုတာကလည်း . အမှား . (တနည်း) အပြစ်နဲ့ လုံးဝ ကင်းတယ်လို့မှမရှိတာ …
ကိုယ့်ဆီမှာ . လူတွေ ခွင့်မလွှတ်နိုင်တဲ့ အပြစ်မရှိဘူးဆိုရင် …..
မဝေးတော့တဲ့အနာဂတ်မှာ …. GAY တွေရဲ့အနာဂတ်ဟာ .. အေးချမ်းလှပစွာနဲ့တွေ့ရမယ်လို့ . ကျနော်တစ်ထစ်ချ ပြောရဲပါတယ် …


အဲ ….. မိမိပေါ်မှာမူတည်တယ်နော် ….. အဲဒါလေးတော့ မမေ့ကြေး …..

အားလုံး အေးချမ်းသာယာလှပတဲ့ . အနာဂတ်အတွက် ….လက်ချင်ယှဉ်တွဲ ဝိုင်းဝန်း ကြိုးပမ်းဖို့ . တိုက်တွန်းအပ်ပါတယ်ဗျာ ……