About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Thursday, January 31, 2013




နှလုံးသားနှင့်ရင်း၍

အပိုင်း (၅)


“၀ါးးးးးးးးးးးးးးးး …. အင်း ….. အံမလေး ညောင်းလိုက်တာ …. အင်း”

မနက်ခင်း အပျင်းကြောတွေအကုန်လုံး ဆွဲဆန့်ပြီး ကုတင်ထက် ထထိုင်လိုက်တယ် ။

ဘေးက ကိုယ်တော်ချောကတော့ မှောက်ရက်ကြီး အိပ်ကောင်းတုန်း ……

နာရီကိုလှန်းကြည့်လိုက်တော့ . မနက် ရှစ်နာရီခွဲနေပြီ .


“အင်း . တော်တော်တောင် နေမြင့်နေပြီ ….”


ရေချိုးခန်းဝင် မျက်နှာသစ် ၊ သွားတိုက် ပြီး . ရေပါချိုးလိုက်တယ် … နွေဦး မနက်ခင်းလေးကို အဲဒါကြိုက်တာ … အေးလဲမအေး . ပူလဲမပူ . တကယ့်ကို ကဗျာဆန်စရာ နံနက်ခင်းလေး …

ရေချိုးခန်းထဲက ထွက်လာတော့ . ကိုယ်တော်ချောက ကျနော့်ကို ပြုံးပြီးစိုက်ကြည့်နေလေရဲ့ ….


“ကဲ ကိုယ်တော်ချော . ထတော့ . သွား မနက်စာသွားစားရအောင်”

“အင်း … အိပ်ချင်သေးတယ် … မျက်လုံးတွေစပ်နေတာပဲ … ခဏထပ်အိပ်အုံးမယ်လေ”

“ကဲပါ … ထပါတော့ … မျက်လုံးစပ်လဲ ခဏပဲ … ရေချိုးလိုက် ပျောက်သွားလိမ့်မယ် …

လာပါ … ထပါ … ဒါလူအိပ်ချိန်မဟုတ်တော့ဘူး … ထ ….”


မရမက ဇွတ်ထခိုင်းမှ … မထချင်ထချင်ဖြင့် ရေချိုးခန်းထဲဝင်သွားတော့သည် . ထိုအချိန် ကျနော်ကတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မယ်လေ …

သူ ရေချိုးခန်းထဲကထွက်လာတော့ . ကျနော်က အဆင်သင့်ဖြစ်နေပြီ . သူ့ကိုခဏစောင့်ပြီး နှစ်ယောက်အတူတူ မနက်စာစားဖို့ထွက် Friend လဖက်ရည်ဆိုင်ကို ထွက်လာခဲ့သည် .

ဟိုရောက်တော့ …. လူတွေကို တော်တော်များများရောက်နေနှင့်ပြီ …. ခုံနေရာတော်တော်ရှာလိုက်ရတယ် … နောက်ဆုံးတော့ … နံရံနားက ၀ိုင်းလေးတစ်ဝိုင်း မြန်မြန်ဦးလိုက်ရတယ် … နို့မဟုတ်ရင် ဆိုင်ပြောင်းရမယ့်ကိန်း ….


“ရွှတ် ရွှတ် … ညီလေး … …. ဘာရလဲ”

“ဘာစားမလဲအကို … မနက်ခင်းစာ အကုန်ရတယ် …”

“သွန်း … ဘာစားမလဲ … ဟို ညီလေး . ကိုယ့်အတွက် . မုန့်ဟင်းခါး … သွန်းကော…”

“သွန်းလဲ အဲဒါပဲစားမယ် . ဘုန်း …”

“ဒါဆို မုန်းဟင်းခါးနှစ်ပွဲ ချပေးညီ … နော် ….”

“ဟုတ် ….”


“၀ါးးးးးးးးးးးးးးးးးးးး …. အိပ်ချင်လိုက်တာ …”

“သူများဆိုင်ကြီးထဲမှာ …. တစ်ခါတစ်လေလေး …. အိပ်ရေးပျက်တာကို … အဆောင်ပြန်ရောက်မှ ပြန်အိပ် …. ဒီမှာတော့ အာပြဲကြီးသန်းမနေနဲ့ ကိုယ်တော် … သူများဆိုင် . ပြီးတော့ မနက်အစောကြီး …”

“မအိပ်တော့ပါဘူး …. ဘုန်းကော … ဘယ်သွားဖို့ရှိသေးလဲ … ဘုန်းသွားတဲ့နေရာအကုန်လိုက်မယ်လေ … သွန်းလဲ ဒီနေ့ ဘယ်မှသွားစရာမရှိဘူး …”

“ဒီနေ့ဘယ်မှတော့သွားစရာမရှိဘူး … A4 စာရွက်ဝင်ဝယ်မယ် …. ပြီးတော့ . အိမ်ပြန်ရမယ်လေ …. တနင်္လာနေ့ ကလေးတွေ စာမေးပွဲဖြေခိုင်းမလို့ .. အဲဒါ အိမ်မှာ မေးခွန်းလေး နဲနဲ ထုတ် … ပြီးတော့ …. Print ထုတ်ရမယ်လေ …”

“ဘုန်း … သွန်းလေ ….”

“အင်း ပြောလေ. …”

“ဘာမှဟုတ်တော့ဘူး .. ဟီးးး … ဟော .. မုန့်ဟင်းခါးလာပြီ … စားမယ် …. … ဟင်းးး … မွှေးလိုက်တာ … နောက်ဆို … ဒီမှာ မုန့်ဟင်းခါးလာစားရမယ် … ေိေိ”

“မုန့်ဟင်းခါးစားချင်ရင် .. ဒီနားမှာပဲ .. ရွှေလက်ရာ မုန့်ဟင်းခါးဆိုင်ရှိတယ် … မန်းလေးမှာမုန့်ဟင်းခါးစားချင်ရင် … ရွှေလက်ရာ နဲ့ ဒေါရှုဘီ … အဲဒီနှစ်ဆိုင်ကတော့ အကောင်းဆုံးပဲ …”

“ကဲစား … အေးကုန်လိ်မ့်မယ် …”


နှစ်ယောက်လား … ချွေးတစ်ရွှဲရွှဲနဲ့ စားကြတာ … စကားတောင်မပြောနိုင်ကြတော့ …

ကျနော်ကလဲ မပြောဖြစ်တာပါ … အစာစားရင် စကားမပြောတတ်တာ ကျနော်တို့အိမ်သားအားလုံးအကျင့်တစ်ခုပါ … ရန်ကုန်သားဖြစ်တဲ့သူကတော့ ကျနော်ကို နားလည်ပေးတာလားတော့မပြောတတ် … အစာစားနေရင် လုံးဝ ကျနော့်ကို စကားစမပြောဘူး … ဟီး … အဲဒါလေးကိုက ချစ်ဖို့ကောင်းတာ …..


“ဒါဆို . ဘုန်းက ပြန်တော့မှာပေါ့ ….”

“အင်းးးး … အဲဒါ စဉ်းစားနေတာ … သွန်း ဘယ်တွေရောက်ပြီးပြီလဲ …”

“ရောက်တာတော့ တော်တော်ရောက်ပြီးပြီ …”

“မန်းလေးတောင်ကော တက်ပြီးပြီလား ….”

“အင်း …. တစ်ခေါက်တော့ ရောက်ပြီးပြီ …. ဒီက သူငယ်ချင်းတစ်ယောက်လိုက်ပို့ပေးတာ … Facebook ကသူငယ်ချင်းလေ … ဘုန်းကောသိမလားမသိဘူး … စိုင်းလေး လေ”

(Sai Lay ရေ … နင့်နာမည်လဲ ငါယူသုံးလိုက်တယ်နော်….. :P)

“အင်း သိတယ်လေ …. သူလဲ ဘုန်းရဲ့ သူငယ်ချင်းပဲလေ …. သြော် ဒါမျိုးကျတော့ လျှိုထားတယ်နော် …. ဘုန်းတောင် စိုင်းလေးဆီမရောက်ဖြစ်တာ ကြာပြီ … ပြီးရင်သွားကြမယ်လေ … သူ့ဆီဖုန်းဆက်လိုက်အုံးမယ် … ဒီနေ့ သူအပြင်ထွက်လို့ရရင် သူ့ပါ ခေါ်သွားလိုက်မယ် … ဘယ်လိုလဲ …”

“အင်း ကောင်းသားပဲ … ဟိုနေ့က ဘုန်း သူငယ်ချင်း ရွှေမန်းသားတို့ကိုလဲခေါ်လိုက်လေ …. အဖွဲ့လိုက်သွားတော့ ပိုပျော်ဖို့ကောင်းတာပေါ့ ….”

“အင်း .. ခဏ ဆက်လိုက်အုံးမယ်….”


စိုင်းလေးဆီ အရင်ဆက်လိုက်သည် … ကံကောင်းပါသည် … ဒီနေ့ ဥပုသ်နေ့ဖြစ်နေလို့ . သူအပြင်ထွက်လို့ရတယ်တဲ့ … သူ့ဆီက ဖုန်းချသွားပြီးတာနဲ့ ရွှေရွှေ ဆီ ဖုန်းဆက်ရသည် … သူကတော့ အဲဗား အားနေတာသေချာတယ် ….


“ကဲ အကုန်အားကြတယ် … ရွှေမန်းသားဆီ အရင်သွားတယ် … ပြီးမှ စိုင်းလေးကိုခေါ်ပြီး မန်းလေးကို မွှေကြတာပေါ့ … ေိေိ”

“အင်း … ကောင်းသားပဲ …. သွားမယ်လေ ..”

“ရွှတ် ရွှတ် .. ညီလေးရေ … ရှင်းမယ် …. ဘယ်လောက်လဲ ….”

“၁၄၀၀ ပါအကို …”

“ရော့ . ၁၄၀၀ … ကျေးဇူးနော် …”

“ဟုတ် .. ကျေးဇူးပါဗျ …”

“ကဲ … သွားကြမယ် …”


Friend ကအပြန် … ရွှေမန်းသားဆီဝင်ခေါ်ရသည် …. အံမယ် . သူက အဆင်သင့်တောင် စောင့်နေလိုက်သေးသည် … ရွှေမန်းသားက တစ်ယောက်ထဲလိုက်လာသည်မဟုတ် …. ဟို နှစ်ကောင်ပါ ခေါ်လာသေးသည် … ပြီးတော့ . ငါးယောက်သား စိုင်းလေးဆီ ချီတက်ကြတော့သည် ….


စိုင်းလေးဆီရောက်တော့ . သူ့ကို စောင့်နေရတယ်လေ …. ရောက်မှ … ရေချိုးတယ် … စတယ်မှတ်လို့တဲ့လေ … မပြောလိုက်ချင်ဘူး … ရေချိူးခန်းထဲမဝင်ခင် . ကျနော်တို့နှစ်ယောက်ကို ဆဲသွားသေးတယ် … နှစ်ယောက်သား ဖြစ်နေကြတာကို မပြောလို့တဲ့လေ … ဒီကဖြင့် ဖြစ်တာ … တစ်ရက်တောင် မရှိသေးတာကို … ဟင့် …


သူထွက်လာတော့ … အားလုံး ပျော်ပျော်နဲ့ ပါးပါး မန်းလေးတောင်ရှိရာကို ဒိုးကြသည် …


“ဟဲ့ . ကမ တွေ … တောင်ပေါ်ဆိုင်ကယ်နဲ့ မတက်ဘဲ . ခြေလျင်တက်ရင်ကော”

“အာ … ညောင်းပါတယ်ဟာ … ဒီအတိုင်း ဆိုင်ကယ်နဲ့ပဲ တက်ကြမယ် …”

“လုပ်ပါဟာ … ခြေလျင်တက်မယ်လေ …. ဖြေးဖြေချင်းပေါ့ဟာ . ညောင်း ခဏနား . ပြီး ဆက်တက်ပေါ့ … ဒီနေ့ ငါ ဒကာ ခံပါ့မယ် …. နော် … သွန်းကော သဘောတူလား … သူတို့တွေကို မမေးဘူး … သွန်း သဘောတူရင် ခြေလျင်တက်မယ် … မတူရင် မတက်ဘူး … သွန်းသဘော … ကဲပြော”

“ဟဲ့ . သွန်းဆင့် … ငြင်းလိုက်ဟာ … ညောင်းတယ် … ခြေလျင်တက်ရင် ငါတို့တွေ သေမှာ … ငါတို့တွေအကုန်လုံး ခုမှ ရေချိုးခဲ့ကြတာချည်းပဲ …”


သွန်းခမျာ ဆိုင်ကယ်နောက်ကနေ … ခေါင်းခြောက်နေပုံရသည် … တော်တော်နဲ့ အသံထွက်မလာ ….


“ကဲပါလေ … ဒါဆိုလဲ ဆိုင်ကယ်နဲ့ပဲ တက်ကြတာပေါ့ …”

“အာ .. ဘုန်း သဘောပါ …. ဘုန်း ခြေလျင်တက်မယ်ဆို ခြေလျင်ပဲ တက်ကြတာပေါ့ …. ဘာဖြစ်လဲ … အုပ်စုလိုက် ပျော်ပျော်ပါးပါးပေါ့ …. ဟုတ်တယ်ဟုတ် …”

“ဒါမှ ဘုန်း ရဲ့ အချစ်ဆုံး … ေိေိ”

“မတာမ … ဖော်လော်မော်မတွေ တော်တော်ခွီနိုင်တယ် …. တေဂျင်းဇိုးမနှစ်ယောက် … ဟင့် …”

“ဟေး … မနာလိုမနေနဲ့ဟေ့ … နီ့အမှားလေ … သွန်းကို ရှေ့နေငှားတာကိုး … ေိေိ…”

“သြော် … မငှားလို့ရမလား … နင်က နင့်ဟာပြီးရင်ပြီးတယ်ဆို … အဲဒါကြောင့်ပေါ့ဟဲ့ …”

“ဟား ဟား ဟား ….”


သူငယ်ချင်းတစ်စု ဆိုင်ကယ်သုံးစီးနဲ့ တစ်လမ်းလုံးသောင်းကျန်းခဲ့ကြတယ် …. ဒီလိုနဲ့ မန်းလေးတောင်ကို အားလုံး ပျော်ပျော်ပါးပါး ခြေလျင်တက်ခဲ့ကြတယ် ….. မောလို့ မောမှန်းမသိခဲ့ကြပါ …. အားလုံး ပျော်နေလိုက်ကြတာ …. လှေကား ဇောင်းတန်းတစ်ခုလုံး … ဒီ လူခြောက်ယောက်အသံတွေပဲ …. အားလုံးကလဲ … ကွက်ကြည့်ကွက်ကြည့်နဲ့ လူတွေ သတိထားစရာကိုဖြစ်တော့သည် ….


တောင်ပေါ်ရောက်တော့ … လူတွေက တော်တော်ကို ဟိုက်နေကြပြီ … ခဏနားကြပြီး … ဓါတ်ပုံတွေရိုက်လိုက်ကြတာ …. တောင်ပေါ်တစ်ခုလုံး နေရာလပ်ကော ကျန်ရဲ့လားကိုမသိတော့ဘူး …. ကျနော်ကတော့ … သွန်းနဲ့နှစ်ယောက်ထဲ . တောင်ရဲ့ မြောက်ဘက်မှာ ထိုင်ပြီး . သူတို့တွေကို ကြည့်ပြီး ပြုံးနေမိတယ် … သွန်းကတော့ . ကျနော့်ခါးကို တယုတယ ဖက်ကာထားသည် … ကျနော်က ကျနော့သူငယ်ချင်းတွေကို

ကြည့်ရင်းပြုံးနေမိသည် … ဒါပေမယ့် .. ကျနော်တို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးရင်း ဖြတ်လျှောက်သွားတဲ့ လူတွေကိုတော့ ကျနော်တို့ သတိမထားမိခဲ့ …..


အဲဒီလို တောင်ပေါ်လေညှင်းလေးနဲ့အတူ နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးနေခိုက် ……


“ဟဲ့ … သွန်းဆင့် မဟုတ်လား … အံမယ် … သူက ဒီမှာ အဆင်လေးနဲ့ လာငြိမ့်နေတာပဲ .. ကမ … နင် လျှိုတယ်နော် … မန်းလေးသွားတာတောင်မခေါ်ဘူး … နင့်အရင်လင်ကော ဘယ်လိုလဲ ပြတ်သွားပြီလား …”


တရစပ်မေးနေသော ကျနော်မသိတဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်ပုံရတဲ့သူရဲ့ စကားများကြောင့် နှစ်ယောက်သား ကြောင်အအနှင့် ပါးစပ်အဟောင်းသား ….

ခဏနေတော့ . ရွှေမန်းသားတို့ လေးယောက် ရောက်ချလာသည် … ထိုအခိုက်


“ဟဲ့ … ချစ်မျှားရှင် မလား … နင်မန်းလေးဘယ်တုန်းကရောက်နေတာလဲ … အွန်လိုင်းမှာလဲ ဘာမပြောညာမပြော …”

“ဒီလိုပဲဟေ့ …. ဒီမနက်မှရောက်တာ … မနေ့ညက ညကားစီးလာတာလေ … တိုက်လဲ တိုက်ဆိုင်ပါ့အေ … ဘာလဲ … သူတို့နှစ်ယောက်က တွဲနေတာလား …”

“အေးလေ …. သိပ်တော့မကြာသေးပါဘူး … သူက ….”

“ဘုန်းဝဿန် … ဟုတ်တယ်ဟုတ် …. သူ့မသိဘဲနေမလားဟယ် …. အဲလောက် နာမည်ကျော် Cute ဖြစ်တဲ့တစ်ယောက်ကို … ဟင်းဟင်း … တွေ့ရတာဝမ်းသားပါတယ် … ကျနော်က ချစ်မျှားရှင်ပါ … နာမည်ရင်းကိုတော့ မပြောတော့ဘူးနော် … အားလုံးက ချစ်မျှားရှင်လို့ပဲ သိကြတာဆိုတော့ …. ဟင်းဟင်း …”

“အော် ဟုတ် … တွေ့ရတာ ဝမ်းသားပါတယ်ဗျ … မန်းလေးကလဲ ကြိုဆိုပါတယ်. …”


သွန်းဆင့်ဘက်ကို မသိမသာ အရိပ်အခြေကြည့်လိုက်တော့ … သွန်းဆင့်မျက်နှာ တော်တော်လေး ပျက်နေတယ် …. ပျက်နေတဲ့မျက်နှာကိုလဲ မနည်းမသိသာအောင် ဖုုံးနေတယ်ထင်တယ် … ဒါပေမယ့် တော်တော်လေးသိသာနေတယ် ….

ဒါပေမယ့် … ကျနော် မသိချင်ယောင်ဆောင်ကာ … ထို ချစ်မျှားရှင်ဆိုသောသူကို နှုတ်ဆက်ဖို့ဟန်ပြင်လိုက်သည် ….


“ဟို ကျနော်တို့ သွားစရာလေးရှိလို့ခင်ဗျ … အဲဒါ … မန်းလေးရောက်တုန်း … အကူအညီလေးများလိုရင် … ကျနော်တို့ကို လှန်းဆက်လိုက်ပါဗျ …. ဖုန်းနံပါတ်က … 09 - ------ ပါ … အိမ်ရှင်ပီပီ ဧည့်ဝတ်ကျေပါရစေ … ကျနော်တို့ကို ခွင့်ပြုပါအုံးနော် ….”

“အော် ဟုတ် …. ကျေးဇူးပါ … နောက် ဆုံကြတာပေါ့ …”

“ဟုတ် … သွားပြီနော် ….”


သူငယ်ချင်းတွေအားလုံး နှုတ်ဆက်ပြီး … အုပ်စုလိုက်ဆင်းလာခဲ့သည် …. အဆင်းမှာ ဟိုလေးယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်ပေမယ်လို့ … ကျနော်တို့ နှစ်ယောက် အတန်ကြာတဲ့အထိ အတွေကိုယ်စီနဲ့ ……

ခဏကြာတော့ … ရွှေကြီးအနားရောက်လာပြီ း … ခါးကို အသာကုတ်သွားသည် … သူ့ကို ကြည့်လိုက်တော့ … မျက်နှာရိပ်မျက်နှာကဲဖြင့်လုပ်ပြပြီး …


“မိဘုန်း … လာလေဟာ … လင်းတစုံတွဲကျနေတာပဲ … ဗိုက်ဆာပြီ … မြန်မြန်ဆင်းမယ် …. လာ…”


ထိုအခါမှ …


“လာ သွန်း ….”


ဆိုပြီး … သွန်းလက်ကိုဆွဲကာ … ဟေးးးးး လို့ စိတ်လွတ်ကိုယ်လွတ်အော်ပြီး .. အောက်ကိုဆင်းပြေးကြတော့သည် ….

အောက်ရောက်တော့ … ကျနော်တို့အားလုံး … စောစောက ကိစ္စကို မေ့ထားပြီး … ပျော်ပျော်ရွှင်ရွှင်ပဲ မှာစရာရှိတာ မှာစားကြသည် …

ထို့နောက် …သွန်းဆင့်ကို အဆောင်ပြန်လိုက်ပို့ပြီး … အထုပ်ယူ အိမ်ပြန်ခဲ့သည် ….

အိမ်ရောက်ပြီး … ကလေးတွေအတွက် စာမေးပွဲ မေးခွန်းထုပ်နေရသည်နဲ့ … ပိတ်ရက်နှစ်ရက် အပြင်မထွက်ဖြစ်တော့ ….


ဒီလိုနဲ့ …. တနင်္လာနေ့ကို ရောက်လာပါရောလား ………

Tuesday, January 22, 2013

လွဲတတ်ပါပေတယ် ....

ဒါမျိုးလာမလုပ်နဲ့ ... ဟွင့် . အသားကို ယူတယ် ကမဒွေ ....


  ဆောရီးပါရှင် ... လင်မှားသွားလို့ပါ ... (စပ်စလူးပစ်ပြီး လင်မှားသွားလို့လေ :P)








နှလုံးသားနှင့်ရင်း၍

အပိုင်း (၄)


ကလပ်ကပြန်တော့ … မနက် နှစ်နာရီ မတ်တင်းနေပြီ ….

သူကျနော့်ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း ကျနော့ခါးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတယ် …. ပုခုံးထက်မှာ သူ့ရဲ့မေးလေးကိုတင်းရင်း …


“သိပ်ချစ်တယ် ဘုန်း ရယ်”

“ကျနော်လဲ ချစ်ပါတယ် ….. ကဲ …. ပြန်မယ် …. ဟူးးးးးးးးးးးး … ဟားဟားဟားဟား”


စိတ်လွတ်ကိုယ်လွတ် အော်ပြီ အကျယ်ကြီးရီပစ်လိုက်သည် ….


“ဘုန်း … ကျနော်တွေဘာတွေလုပ်မနေနဲ့တော့ကွာ …. ဘုန်းက .. ခုနှစ်လပိုင်းမွေးတယ် . သွန်းက ရှစ်လပိုင်း လလယ်လောက်မွေးတယ် … သိပ်မှမကွာတာ ….”

“ကျနော်လို့ပြောတာ အကျင့်ပါနေလို့ပါဗျာ …”

“ဒါဆို … ကျနော်က ဘုန်းလို့ခေါ်မယ် …. ကျနော်ကို … သွန်းလို့ပဲခေါ် … ဘယ်လိုလဲ …”

“အင်းကောင်းသားပဲ …..”

“မပြန်ချင်သေးဘူး ဘုန်းရယ် …. ဗိုက်လဲဆာသလိုပဲ … တစ်ခုခုသွားစားရအောင် …”

“အင်း ကောင်းသားပဲ … ဘုန်းလဲ ဗိုက်ဆာနေတာနဲ့အတော်ပဲ … ဆေးကျောင်းဘက်မှာ အလင်းဆိုင်ရှိတယ် … အဲဒီဘက်သွားရအောင် …”

“အင်းသွားလေ …”

“ဒါနဲ့ တစ်ခုမေးအုံးမယ် … ဘုန်းနဲ့ ချစ်သူဖြစ်သွားတော့ … အခုလို ညဘက်မဟုတ်ဘဲ … နေ့ခင်းဘက်ကော တွဲသွားရဲလို့လား … သွန်းက …”

“အော် ဘုန်းရယ် … ကိုယ့်ချစ်သူနဲ့ တွဲသွားတာပဲ … ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ … ဘုန်းကော ….”

“ဘုန်းအတွက်က စိတ်ချပါ …. ဘုန်းကလေ … ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး … ခပ်ချေချေပဲ … အခြားသူတွေဘာပြောပြော ကိုယ်ကတော့ … နှလုံးသားရှိပြီး ချစ်တတ်တဲ့သူတိုင်း … လိင်ခွဲခြားမှုမရှိ ချစ်ခွင့်ရှိတယ်လို့ပဲ ယူဆတယ် …”

“ဟုတ်တယ် … သွန်းလဲ ဒီအတိုင်းပဲ ….”

“ကဲ ရောက်ပြီ …. ဆင်း”


နှစ်ယောက်သား ခပ်တည်တည်ဖြင့် ဆိုင်ရှေ့ ထောင့်ကျတဲ့ စားပွဲရွေးထိုင်လိုက်တယ် ….


“ကဲ ဆရာလေး ဘာရလဲ”

“ထမင်းကြော် . ခေါက်ဆွဲပြုတ် . စမူဆာ . အာပူလျှာပူ …………..”

“ကျနော့်ကို အာပူလျှာပူတစ်ပွဲ … သွန်းကော ဘာစားမလဲ”

“ကျနော့်ကိုလဲ . အဲဒါပဲပေး ….”

“ဒါဆို အာပူလျှာပူ နှစ်ပွဲပေါ့ ….”

“ဟုတ်”

 “ဒီဆိုင်လေးကမဆိုးဘူး သိလား သွန်း … တစ်ညလုံးလည်း လူပြတ်တယ်မရှိဘူး …. ဒီနားမှာ အဆောင်တွေလဲရှိတယ် … ကျောင်းသားတွေအများဆုံးလာစားကြတာ ….”

“အဲဒီတော့ … ဘုန်းက တစ်ခါတလေ သူငယ်လာထောင်တယ်ဆိုပါတော့ …”

“သူငယ်ထောင်စရာလား … စဉ်းစားလေ …. ေိေိ”


ချစ်စဦး ချစ်သူနှစ်ယောက် ကြည်နူးမှုတွေဖြာပြီး ပတ်ဝန်းကျင်အရာအားလုံးကို မေ့ထားလိုက်တယ် …. အော် … အချစ်ရဲ့စွမ်းအားတွေပါလား ……

အာပူလျှာပူရောက်တော့ … နှစ်ယောက်သား … ခေါင်းမဖော်တမ်း မြိန်ရည်လျှက်ရည် သောက်ကြတာ … စကားပြောဖို့တောင်မေ့နေကြတယ် ….


“ဟား … ဗိုက်တောင်တင်းသွားတယ် …. သွန်း … ဝလား … မဝသေးရင် မှာနော် … ဘာသောက်အုံးမလဲ …”

“ဟင့်အင်း … ဝပြီ … လာ ကျုံးဘက် သွားပြီး လမ်းခဏလျှောက်ရအောင် …. ဗိုက်ချောင်အောင်လေ … ငါးမိနစ်လောက်လျှောက်ပြီးမှ ပြန်မယ် …. ဘယ်လိုလဲ”

“အင်းကောင်းသားပဲ …. ရွှတ်ရွှတ် … ရှင်းမယ် …”

“ဘယ်လောက်လဲ ညီလေး …”

“အကြော်ပါလား အကို ….”

“အဲ … မသိဘူးကွဲ့ … လာချပေးတဲ့တစ်ယောက်ကိုမေးကြည့်ပါလား …”

“ဟုတ် .. ခဏနော် …”

“……………”

“အကို …. ၁၀၀၀ ပါ အကို …”

“အော် … အင်း … ရော့ပါဗျာ …”

“ဟုတ်”

“Thank You”

…….


နှစ်ယောက်သား ကျူံးဘက်ထွက်လာခဲ့သည် …. ကျူံးဘက်မှာ ငါးမိနစ်ကျော်ကျော်လောက်လမ်းလျှောက်ပြီး … အဆောင်ကို ပြန်လာခဲ့တယ် …. အဆောင်ကိုပြန်ရောက်တော့ … သုံးနာရီတောင်ထိုးနေပြီ ….. တော်ပါသေးရဲ့ … သွန်းဆီမှာ … လူဝင်တံခါးမသော့ပါလို့ …. အဆောင်ရှင်က … အဆောင်တံခါးမသော့အပို တစ်ချောင်းစီကို အဆောင်နေသူတွေကို တစ်ချောင်းစီပေးထားတယ် … အဲဒီတစ်ခုတော့မဆိုးဘူး … အပြန်နောက်ကျတဲ့သူတွေအတွက် အိုကေပဲ …

အဆောင်ရောက်တော့ … ကျနော်က ရေချိုးခန်းထဲဝင်ကိုယ်လက် သန့်ရှင်းလေးလုပ်တယ် … ထွက်လာတော့ .. ကိုယ်တော်ချောက အိပ်ရာပေါ်မှာ ပက်လက် ….


“ကဲ ကိုယ်တော်ချော … သွား ကိုယ်လက် သန့်ချေ …. အပျင်းကြီးတယ် …. သွား လိမ္မာတယ် … သွား ….”


သူရေချိုးခန်းထဲဝင်တုန်း … ကျနော်ဝတ်ဖို့ ညဝတ်အကျႌထုတ်ပြီး .. လဲဝတ်လိုက်သည် …

မနီ က အဲဒါတွေ အားကိုးတယ် … ကျနော့်အထိန်းလို့ မပြောရဘူး … အကုန်အလိုက်သိတယ် … အကျႌတွေ Fashion ကျကျ ဝတ်ဖို့ဆို ဦးနှောက်ခြောက်နေစရာမလိုဘူး …. သူဆင်တာသာ ဝတ် …. လန်ထွက်သွားစေရမယ် … အခုလဲ … ညဝတ်အကျႌပါထဲ့ပေးဖို့မပြောလိုက်ရဘူး … တစ်ခါတည်းပါပြီးသား … အဲဒါကြောင့် မနီ ကကျနော်လက်ဆွဲဖြစ်နေရတာ …..

မကြာပါဘူး …. ကိုယ်တော်ချော အိပ်ချင်တဲ့ မျက်နှာဘေးနဲ့ ပြန်ထွက်လာတယ် …. ကုတင်ပေါ်တက်ဖို့ကြံတုန်း …


“ဟေ့ . ဟေ့ . ဟေ့ … ခဏ . ခဏ … မညစ်ပတ်နဲ့ … အဝတ်လဲပြီးမှအိပ် … ဇီဇာကြောင်တယ်ပြောလဲ မတတ်နိုင်ဘူး …. လာ … ညဝတ်အကျႌလဲပြီးမှ အိပ် ….”

“အင်းပါ …. ဇီဇာကြောင်တယ်မပြောပါဘူး … မပြောရက်ပါဘူး … ကဲ လဲပါပြီဗျာ ….”


အဲ …. ကောက်ခါငင်ခါ အကျႌချွတ်လိုက်သည် …. အကျႌတင်တော့ ဘာမှမဖြစ် …. ဘောင်းဘီပါ ချွတ်ပစ်လိုက်တယ် …. ခန္ဓာကိုယ်မှာ … အဝတ်အစား ဗလာနတ္ထိ … အသားကလဲ ဖွေးဥနေတာပဲ …. ရင်တွေလဲ တစ်ဒိန်းဒိန်းခုန်လာမိတယ် …. ရုတ်တရက် … သူ ဒီဘက်ကို လှည့်ဖို့ ကြိုးစားဟန်တူသည် … ခန္ဓာကိုယ်နဲနဲလှုပ်လာသည် …


“ဟိတ် … အဝတ်တွေ မြန်မြန်ဝတ်တော့လေ … လှည့်လာဖို့ မကြိုးစားနဲ့နော် … ဟင်းဟင်း …”

အဲဒီတော့မှ …. ဗီရိုထဲက ညဝတ်အကျႌနဲ့ ဘောင်းဘီကို ဝတ်လိုက်သည် ….

ပြီးတော့ … ချိုမြသော အပြုံးလေးနဲ့ ကျနော့်လက်ကို ဆွဲပြီး …. မက်မက်မောမော နမ်းရှိုက်ရင်း …. နှစ်ယောက်သား … ကုတင် မွေ့ရာပေါ် လဲလျောင်းမိသွားသည် ….

ထို့နောက် … လူချင်းနဲနဲ ခွာပြီး …. ကျနော့်ရင်ခွင်ထဲမှာ သူ့မျက်နှာအပ်ထားပြီး …. ကျနော့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည် ….


“သိပ်ချစ်တာပဲ ဘုန်းရယ် …. ကျနော့်ကို ဘယ်တော့မှ ပစ်မသွားပါနဲ့နော် …. တစ်ချိန်မှာ အိမ်ထောင်ပြုကို ပြုရမယ်ဆိုရင် … ကျနော့်ရဲ့ အိမ်ထောင်ဖက်က ဘုန်း တစ်ယောက်ထဲပဲ ဖြစ်စေချင်တယ် …. အဲဒါ ကျနော့်ဘဝရဲ့ ဆန္ဒပါ ….”

“သွန်း … အစားကို ကုန်အောင်စား … စကားကို ကုန်အောင်မပြောနဲ့တဲ့ … သွန်း ဘုန်းကိုချစ်တဲ့အချစ်ကို ဘုန်း အကြွင်းမဲ့ယုံပါတယ် …. ဒါပေမယ့် … ဘုန်းတို့ သွန်းတို့က ငယ်သေးတယ်လေ …. ခုဆို နှစ်ယောက်စလုံး … ၁၇ တောင်မပြည့်သေးဘူး … အနာဂတ်ကကြောင်းတွေကို အခု ပစ္စုပ္ပန်မှာ မပြောပါနဲ့လား သွန်းရယ်နော် … ခုအချိန်မှာ ဘုန်းတို့ .. တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာ ချစ်နေရင်ပဲ … ပြည့်စုံနေပါပြီ … နော် …”

“အင်း ….”

“ကဲ အိပ်ကြစို့ …. မီးပိတ်လိုက်တော့ …. တံခါးကော သေချာပိတ်ခဲ့ရဲ့လား …”

“အံမလေး … ဆရာရယ် … ပိတ်ခဲ့ပါတယ် … ကဲ မီးပိတ်ပြီ ….”


မီးပိတ်လိုက်တော့ … ညမီး .. အရောင်ဖြဖြအောက်ကမှာ .. နှစ်ယောက်သား အတွေးကိုယ်စီ နှုတ်ဆိတ်နေမိသည် ….

ကျနော်တို့နှစ်ယောက်စလုံး … သူစိမ်းနဲ့အတူ နှစ်ယောက်ထဲသီးသန့် ပထမဆုံး နီးနီးကပ်ကပ်နေခြင်းဖြစ်လို့ …. တစ်မျိုးကြီးဖြစ်နေမိသည် ….

ချစ်သူနဲ့အတူ အနီးဆုံး အတူနေရလို့လဲ … ရင်တွေ ခုန်နေမိသည် ….

သူ မီးရောင်မှိိန်မှိန်ထဲကနေ ကျနော့်ကို စိုက်ကြည့်နေသည် ….

ကျနော်လဲ သူကိုပြန်ကြည့်ရင်း … သူ့နှဖူးကို ယုယစွာ နမ်းလိုက်သည် …. ထိုစဉ် …


“ဘုန်း …. သွန်း ဘုန်းနဲ့ ချစ်ချင်တယ် …”

“အခု ချစ်သူတွေဖြစ်နေပြီပဲလေ …. ဘာလိုသေးလို့လဲ …”

“အဲဒါကိုပြောတာမဟုတ်ဘူးလေ …. ဘုန်း သွန်းကို ချစ်ချင်တယ်ဆိုရင်လဲ … သွန်း … ကျေကျေနပ်နပ်ပဲပေးဆပ်မှာပါ ….”


အဲဒီကျမှ … ကျနော် ငပိန်း … သဘောပေါက်တော့သည် …


“သွန်း …”


သူ ကျနော့်ကို စိုက်ကြည့်နေသည် ….


“ဘုန်းပြောမယ်နော် …. ဘုန်း သွန်းကို ချစ်တယ်ဆိုတာ အဲဒီကိစ္စကြောင့်ချစ်တာမဟုတ်ဘူး သွန်း …. သွန်းကို ဘုန်း … ဖြူဖြူစင်စင်ချစ်တာပါ … လောလောဆယ် … ချစ်သူဖြစ်တဲ့ ပထမဆုံးနေ့မှာ … ဘုန်းတို့ … ဖြူဖြူစင်စင်ပဲ နေကြမယ် … ဘယ်သူမှ မသိဘူးဆိုပေမယ့် … ကိုယ့်လိပ်ပြာကို သန့်အောင်နေကြမယ်နော် … ဒီနေ့ညက ဘုန်းတို့ရဲ့ မင်္ဂလာဦးညမဟုတ်သေးဘူး …. ဘုန်းနဲ့သွန်း ချစ်သူဖြစ်တဲ့ ပထမဆုံးညပဲရှိသေးတယ်လေ …. ဘုန်းပြောတာ နားလည်လား …”

“အင်း … ဘုန်းရယ် …. သွန်းလေ …. ဘုန်းကိုချစ်မိတာမမှားဘူးသိလား …. ကဲ ဘုန်း အိပ်တော့ … ဘုန်းလဲ ပင်ပန်းရောပေါ့ …. မနက်သင်တန်းတက် … ညနေ Guide ပြနဲ့ …. အခုလဲ … ကလပ်မှာ သွန်းတို့ … ကဲခဲ့ပြီ ……….. ဘုန်း ..”

“ဟင်”

“ဘုန်းရင်ခွင်ထဲမှာလေ …. ဒီလိုပဲ တစ်သက်လုံး နေသွားချင်တယ် … ဘုန်းရယ် …”

“အော် သွန်းရယ် …. ဖြစ်လာမှာပါ ….ဘာမှ တွေးပူမနေပါနဲ့ …. ကဲ .. အိပ်တော့နော် …. Good Night .. အဲ .. မှားလို့ … Good Morning …. Sweet Dream …. ချစ်တယ် သိလား ….”

“ Imm .. Me too ..”




နှလုံးသားနှင့်ရင်း၍

အပိုင်း (၃)


“ကဲ …. စာအုပ်တွေသိမ်းတော့ …  စနေနဲ့ တနင်္ဂနွေမှာ စာတွေကျက်ထားနော် … တနင်္လာနေ့ကျရင် စာမေးပွဲဖြေမယ် … နှစ်နာရီမေးခွန်း … မရရင် အရိုက်ခံရမယ်နော် … ဒီတစ်ခါ မညှာတော့ဘူး … ကဲ … ပြန်ကြတော့ …. အန်တီမေ … သားလဲပြန်တော့မယ် ….”

“သား .. ညစာစားသွားပါလား … အန်တီတို့နဲ့အတူတူလေ ….”

“ရပါတယ် အန်တီမေ … သားသွားစရာလေးရှိလို့ပါ … နောက်မှ … အားနာစရာကြီး … ဟီး”

“သားကတော့ … ပြောလိုက်တိုင်း နောက်မှချည်းပဲ …. အဲဒီစကားကိုပြောတာ သုံးလရှိတော့မယ် …. ကဲပါ … တနင်္လာနေ့ကျရင်တော့ စားပြီးမှပြန်ရမယ်နော် …”

“ဟုတ်ကဲ့ပါအန်တီမေရယ် …. … ကဲ … ရတီရှင်းသန့်် နဲ့ ဥက္ကာရှင်းသန့် … ဆရာပြန်တော့မယ်နော် … စာကျက်ထား … မရရင် ဆရာ တကယ်ရိုက်မှာနော် …..”

“ရိုက်သာရိုက် သား … အန်တီအိမ်မှာဆိုပြီး အားနာမနေနဲ့ …”

“သားက စကားအဖြစ်ပြောတာပါ … သူတို့နှစ်ယောက်လုံးတော်ပါတယ် … မပေါ့သွားအောင်သာ သားက သတိပေးတာပါ …. သားကတော့ … ရတီလေးကို ဂုဏ်ထူးမှန်းထားတယ် … အဲ … သားလိုချင်သလောက်ရအောင်တော့ .. သူ့အပေါ်မှာမူတည်တယ် အန်တီမေ …. ဥက္ကာလေးကတော့ .. ကြိုးစားရှာတယ် … ရှစ်တန်းနဲ့ ဒီလောက်ဆို တော်တော်ကို ကောင်းနေပြီအန်တီ …”


ပြီးတော့ သူတို့နှစ်ယောက်ဘက်လှည့်ပြီး ….


“ဆရာ့ရဲ့ ယုံကြည်မှုတွေကို ပျက်အောင်မလုပ်နဲ့နော် …. ယူတို့နှစ်ယောက်အပေါ် ဆရာ ယုံကြည်မှုတွေအများကြီးထားထားတယ် …. စာကြိုးစား … ဟုတ်ပြီလား … ကဲ … အန်တီမေ .. သားသွားတော့မယ် …. ဆရာပြန်ပြီနော် ….”

“ကဲ သားနဲ့သမီး … ဆရာ့ကိုလိုက်ပို့လိုက်အုံး …”

“ဟုတ် မေမေ …”


Guide အိမ်ကအပြန် ဆိုင်ကယ်စီးရင်း .. အမေ့ဆီ ဖုန်းဆက်လိုက်တယ် ….


“မေလား ….”

“အင်း .. သား ပြော ….”

“မေ .. သား ဒီနေ့ည သူငယ်ချင်းဆီမှာအိပ်လိုက်မယ် …. ပြီးတော့ .. နက်ဖြန်ညနေလောက်မှ ပြန်လာခဲ့မယ်နော် …. မေ နဲ့ ဖေ .. စိတ်ပူမှာစိုးလို့ …..”

“အေးအေး …. သိပ်မကဲနဲ့နော် …. အများကြီးသောက်မနေနဲ့အုံး ……”

“ဟုတ် မေ … သား … ကိုသန်းထိန်ကြီးကို သားပစ္စည်းတွေ လာပို့ခိုင်းထားတယ် …”

“အေးအေး ….”

“မေ … ဒါဆို သားဖုန်းချလိုက်တော့မယ်နော် …. အာဘွား အာဘွား ..”


သွန်းဆင့် နေတဲ့အဆောင်ရှေ့ရောက်တော့ ကိုသန်းထိန်ကြီးက ရောက်နှင့်နေလေရဲ့ ….


“ရောက်နေတာကြာပြီလား .. ကိုသန်းထိန်ကြီး”

“မကြာသေးပါဘူး .. ဘောစိလေးရဲ့ … ဒီမှာ …. ဘောစိလေးမှာတဲ့ပစ္စည်း … စစ်ကြည့်ပါအုံးဗျ ….”

“ဟုတ် …. ရတယ် … ကိုသန်းထိန် .. ထားခဲ့လိုက်တော့ .. အမေ့ဆီတော့ ဖုန်းဆက်ပြောပြီးသွားပြီ”

“ဟုတ်ကဲ့ … ဒါဆို ကျနော်ပြန်တော့မယ်နော် …”

“ဟုတ်ကဲ့ … ကျေးဇူးပဲနော် …. ဟီးးးးးး”


ကိုသန်းထိန်ပြန်သွားမှ .. သွန်းဆင့်ဆီဖုန်းဆက်လိုက်သည်….


“ဟလို .. ဘုန်း .. ရောက်နေပြီလား …”

“အင်း … အဆောင်အောက်မှာ …”

“ဒါဆို ခဏနော် … ဆင်းလာခဲ့မယ် …”


ခဏနေတော့ … သွန်းဆင့်ဆင်းလာပါလေရဲ့ …


“လာ .. ဝဿန် .. အပေါ်လာခဲ့ …”

“အင်း ….”


အပေါ်ထပ် သူနေတဲ့အခန်းရောက်တော့ …


“အံမယ် … ကိုယ့်လူရဲ့အခန်းက ရှယ်ပါလား …. ယူ အဆောင်နေတာကောဟုတ်ရဲ့လား”

“ဘာလို့လဲ …. ဒီအဆောင်ကို … ပြီးခဲ့တဲ့အပတ်ကမှရှာတွေ့တာ … အရင်တုန်းကအဆောင်တွေဆို ဘယ်လိုမှနေလို့မရဘူး … ဒီအဆောင်ကျမှ … ကိုယ့်အခန်းနဲ့ကိုယ် …. ပြီးတော့ ဒီမှာက ကျောင်းသားနည်းတယ် … နယ်ကနေ သင်တန်းလာတက်တဲ့ အကိုကြီးတွေလောက်ပဲရှိတယ် ….. ကလပ်က ဘယ်မှာလုပ်မှာလဲ … ငါသွားချင်တာ ခြေဖဝါးတွေကို ယားနေပြီ … ဟီးးးးး”

“ကလပ်က M Bar မှာ … စိတ်ချ .. သွားမှာပါ … ယူက ပြင်ဆင်ပြီးပြီလား …”

“ရေတော့ချိုးပြီးပြီ …. လိမ်းစရာရှိတာလိမ်းဖို့ပဲကျန်တော့တယ် ….”

“ဒါဆို ကျနော် ရေချိုးအုံးမယ် …. ရေလဲပုဆိုးလေး ခဏငှားပါလား ….”

“ဟိုမှာ လှန်းထားတယ် …… ကျနော် ပြင်ဆင်ထားလိုက်မယ် ….”

“အင်း …. ကဲ … ငါကိုယ်တော် ချိုးတော်ရေသုံးတော်မူပြီဟေ့ …. ေိေိ”


ရေလဲပုဆိုးယူပြီး ရေချိုးခန်းထဲဝင်လိုက်တယ် … တော်ပါသေးရဲ့ … သွန်းဆင့်ရဲ့အခန်းက ရေချိုးခန်းအိမ်သာတွဲရက်ပါတဲ့အခန်းလေးဖြစ်နေလို့ ….

ထုံးစံအတိုင်း ရေချိုးရင်း သီချင်းအော်ဆိုနေမိတယ် …. အံမယ် … သွန်းဆင့်ကလဲ .. အပြင်ကနေ သီချင်းလိုက်ဆိုနေသေးတယ် … ရေချိုးပြီးတော့ … ရေလဲပုဆိုးဝတ်ပြီး .. အကျႌဗလာနဲ့ထွက်လာသောကျနော့်ကို သွန်းဆင့် အကြောင်သားငေးကြည့်နေလေရဲ့ ….

ခဏကြာတော့ …


“ဝဿန် … ယူ Gym ဆော့လား …”

“အိမ်မှာတော့ဆော့တယ် … စနေ တနင်္ဂနွေ သင်တန်းမရှိရင် မနက်ပိုင်းဆော့ဖြစ်တယ် …”

“အော် … အဲဒါကြောင့်ခန္ဓာကိုယ်လေးက …. ကျစ်ကျစ်လေးနဲ့ ချစ်စရာကောင်းနေတာ … ကျနော်က အဲဒီလို ခန္ဓာကိုယ်မျိုးလေးတွေသဘောကျတယ် …..”

“ကျေးဇူးပါဗျာ …. ကဲ .. ကျနော် အကျႌဝတ်လိုက်အုံးမယ် …. မျက်စဉ်းရှိလားဟင် သွန်း ..”

“အင်း ရှိတယ်လေ … မျက်စဉ်းခတ်မလို့လား …”

“အင်း … မနက်ကတည်းက မျက်ကပ်မှန်တပ်လာတာ …. ဒီမှာလဲ … မျက်ကပ်မှန်ဗူးပဲပါလာတယ် .. မျက်စဉ်းပါမလာဘူး … အဲဒါကြောင့်”

“အော် … ဒီမှာ … မှန်တင်ခုံပေါ်မှာပဲ …. ကျနော်အိမ်သာခဏ …”

“အင်း …. အင်း ..”


၁၅ မိနစ်လောက်နေတော့ … သူအိမ်သာထဲက ပြန်ထွက်လာတယ် … ကျနော်လဲ .. ပြင်လို့ဆင်လို့ပြီးပြီ ….


“လာသွားမယ် …”


ကျနော် ကိုယ့်အထုပ်ကိုယ်ယူပြီး သူကိုခေါ်လိုက်တယ် ….


“အထုပ်တွေပါယူသွားမလို့လား …”

“အင်းလေ …. သူငယ်ချင်းဆီမှာထားခဲ့မလို့ …. ဒီညတော့ သူ့ဆီမှာ အိပ်ရမယ်လေ”

“အိတ်တွေဒီမှာပဲထားခဲ့လိုက်တော့ …. ဒီည ကျနော်နဲ့ပဲနေလိုက်တော့ … တစ်မျိုးမထင်နဲ့နော် …. ကလပ်ကပြန်ရင် တော်တော်နောက်ကျမှာ … စောရင်တောင်မှ တစ်နာရီကျော်မယ် …. အဲဒါကြောင့်မို့ …. ကျနော့်ကိုပို့ပြီး ဟိုကိုပြန်ရင် လမ်းမှာတစ်ယောက်ထဲ … စိတ်ပူလို့ပြောတာပါ …”

“ဟုတ်ပါပြီဗျာ … ဒါဆိုလဲ ယူ့သဘောပဲလေ …. လာသွားမယ် … Let’s hit the road …”


ဒီလိုနဲ့ နှစ်ယောက်သား ရွှေမန်းသားအိမ်ကိုရောက်သွားတော့ …


“အံမလေး … လာမှလာပါ့မလားလို့ … လာ ကိုယ်တော်ချော ….”


ကျနော့ကိုခေါ်ရင်း .. မျက်လုံးက နောက်ကိုရောက်သွားသည် … ပြီးမှ ကျနော့်လက်ကိုဆွဲခေါ်ရင်း … ခပ်လှန်းလှန်းခေါ်ကာ …


“ဟဲ့ … ဆင်တယ် …. နင်လျှိုထားတယ်နော် ….”

“မဟုတ်ဘူး … ငါလဲ ဒီနေ့မှသိတာ … သင်တန်းမှာ … သူလဲ ဒီမှာ သူငယ်ချင်းသိပ်မရှိဘူးထင်တယ် … အဲဒါကြောင့် … ငါနဲ့ တော်တော် ခင်သွားတာဟ .. ငါတို့ ပုံမှန်ပဲနေအုံးနော် …. ဟိုက .. ဆိတ် များလားမသိ …”

“အန် … ညည်းလား .. သူ့ကို … ဆိတ်မှန်း ဘာမှန်း .. မခွဲခြားတတ်ဘူး … ညည်းလောက် ခွဲခြားတဲ့နေရာမှာ ဆရာကျတာ …”

“နင်ပြောလဲ ပြောချင်စရာပဲ … ဒါပေမယ့် … ငါလဲ သူ့ကျမှ … ဘယ်လိုမှ မခွဲတတ်ဘူး … အဲဒါကြောင့် … အိန္ဒြေရရ နေနေရတယ် …”

“ကဲကဲ … လာ … ငါတို့လူလဲစုံနေပြီ … သွားကြမယ် …. မသွားခင် … ဆီဒိုးနားဒေါင့်ခဏဝင်ကြအုံးမလား”

“နင်ကလဲ မမှတ်ဘူး …. ဟိုမှာ ပါ ပါတယ်ဆိုတာကို …. ဝင်မနေနဲ့ … တစ်ခါတည်း M Bar ကိုသွားတယ် …. လာ … နေမာန်မ နဲ့ ရဲချိုမ .. အဲ …. လာ ဟို သားကြီးနဲ့ သားလေး … အဲဒီမှာ ခွီမနေနဲ့ …..”


ငါးယောက်သား … ဆိုင်ကယ်သုံးစီးနဲ့ M Barကို ဖြည်းဖြည်းချင်းစီးပြီးထွက်ခဲ့တယ် … M Bar ရောက်တော့ …. ကိုးနာရီတောင် ထိုးနေပြီ ….. လူတွေလဲ ရောက်နေကြပြီ …. ကလပ်ရှိရင် ဒီလိုပဲ … အဲဒီရောက်မှ Facebook ကသူငယ်ချင်းတွေနဲ့တွေ့တယ် … အဲဒီကျမှ … ကျနော်ဟန်ဆောင်နေတာကြီးက ဘွင်းဘွင်းကြီးပေါ်တော့တယ် ….


“အံမယ် … ဝဿန်မ … နီ လာတယ်နော် …. လာမှလာပါ့မလားလို့ …. ဟယ် … နောက်က သူငယ်လေးက အဆင်လေး ….. ဟဲ့ …. နင့်လင်လား ….”


သေလိုက်ပါတော့ … ဘုန်းဝဿန်ရယ် …. ဒီနေ့တော့ … တကယ်ကို ကံမကောင်းတဲ့နေ့ပဲ …. စိတ်ညစ်ပါတယ် … ဒီ ပစောက်ပတ် .. အဲ ..မှားလို့ … ဒီပါးစပ်ပေါက်တွေကို ဘယ်လို့ပိတ်ရပါ့ …. အဲဒီအချိန်ကျမှ ….


“ကျနော့်နာမည်က သွန်းဆင့်ပါဗျ … Facebook ထဲမှာတော့ Cute Devil King နာမည်နဲ့ပါ … တွေ့့ရတာဝမ်းသာပါတယ်ဗျ ….”


ကြားဖူးတယ် … ကြားဖူးတယ် … Cute Devil King ….ဘယ်မှာ မြင်ဖူး ကြားဖူးမှန်းမသိဘူး …. တစ်ယောက်ထဲစဉ်းစားရင်း …. အဲ … မန်းသား သိလောက်မယ်ထင်တယ်ဆိုပြီး သူ့ဆီအလှည့် …. တေဂျင်းဇိုး မန်းသား … ငါ့ကို ခေါင်းခါပြတယ် …. သဘောက သူလဲ မမှတ်မိဘူးဆိုတဲ့သဘောပေါ့ …. မသိတော့ဘူး … ဦးနှောက်ခြောက်တယ် … မစဉ်းစားတော့ဘူး …. စိတ်ထဲမှာ ကဲဖို့ပဲရှိတော့တယ် ….. ထိုအချိန်မှာ …. သွန်းဆင့်ကပဲဆက်ပြီး ….


“ဒီက …..”

“ငါတို့ကလား …. ငါက သက်တန့် … သူက ငါ့ရည်းစား အေးမင်း …”

“အော် … ချစ်သူတွေကိုး …. ဟုတ် ….”

“ယူလဲ … ဘုန်းဝဿန်နဲ့တွဲနေတာမလား … နှစ်ယောက်သားလိုက်တယ် …. ဝဿန်က … ငါတို့သူငယ်ချင်းအစုထဲမှာ ချစ်စရာကောင်းတဲ့ ကလေးလေး … ယူကလဲ  ကိုရီးယားမင်းသား ရှုံးလောက်တဲ့ ရူပါ …. တကယ့်ကို နတ်ဖက်တဲ့ စုံတွဲပဲ …. ေိေိ ..”

“ဟဲ့ … သက်တန့် … ဘာတွေလျှောက်ပြောနေတာလဲ .. ဒါက …”


စကားတောင်မဆုံးလိုက်ပါဘူး ….. သွန်းဆင့်က ဖြတ်ပြောလိုက်သည် ..


“ဟုတ် .. ကျေးဇူးပဲဗျ ….”

“ယူတို့ တွဲနေတာကြာပြီလား …. ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့တုန်းကတောင် .. သူတစ်ယောက်ထဲပါ …. ပြောတော့ .. ရည်းစားမထားဘူးလေး ဘာလေးနဲ့ … မိုးလားကဲလား … အခုတော့ … ဘာတတ်နိုင်သေးလဲ …”

“ဟဲ့ သက်တန့် …. မဟုတ်ပါဘူးဆိုဟာ”

“မကြာသေးဘူးဗျ ….. ဒီနေ့မှ …… ဟီးးးးးးး”


ကျနော် သူ့ကို လူထူးဆန်းတစ်ယောက်လို ကြောင်ကြည့်နေမိတယ် …. သူကတော့ အပူအပင်ကင်းစွာ ပြုံးရီနေတုန်း …. ခဏကြာတော့ … ကျနော့်ခါးကို မြတ်မြတ်နိုးနိုးလာဖက်ရင်း … ကျနော့်ပုခုံးပေါ် မေးလေးထောက်ကာ … နား နားကပ်ပြီး … တိုးတိုးလေးပြောလာတယ် ….


“ဝဿန် … ကျနော်နဲ့ ခဏလောက်လိုက်ခဲ့ပါလား … ပြောစရာလေးရှိလို့ …”


သူငယ်ချင်းတွေကို “ဒီနားခဏ” လို့ပြောပြီး … သူခေါ်ရာနောက်ကိုလိုက်သွားခဲ့တယ် ….

“ကဲပြောတော်မူ ကိုယ်တော်ချော …. ဘယ်လိုအတွေးမျိုးနဲ့များ … အခုလိုပြောရတာလဲ ပြီးတော့ ရှင်းပြအုံး .. အခုလောလောဆယ် … ဒီခေါ်လာရတဲ့အကြောင်း ….”

“ခင်ဗျားလေး … ကျနော့ကို စိတ်ဝင်စားနေတယ်မလား”

“ဘာရယ် …. ဟ … ယူက ကိုယ့်ကိုယ်ကို တအားအထင်ကြီးနေတာပဲ …. ကျနော့်ကို အဲလိုထင်တယ်ဆိုရင်တော့ ဆောရီးပဲ …. နောက်မှတွေ့မယ် …. ပြန်ပြီ … ယူလဲ ရောက်တုန်း ပျော်ပျော်နေပေါ့ … အပြန် ရွှေမန်းသားကို လိုက်ပို့ခိုင်းလိုက်ပါ့မယ် …. နှုတ်ဆက်ခဲ့တယ် … ပျော်ရွှင်ပါစေဗျာ …”


ပြောပြောဆိုဆိုနဲ့ … ကျနော် လှည့်ထွက်ခဲ့တယ် … ခြေလှမ်းတောင် သိပ်မလှမ်းရသေးပါဘူး … သူ နောက်နေ ကျနော့်ခါးကို လာသိုင်းဖတ်တယ် …. ပြီးတော့


“ဝဿန် … မင်း ငါ့ကို တကယ်မမှတ်မိဘူးလားကွာ … Facebook ထဲမှာ မင်းကို ချစ်တယ်လို့ပြောတဲ့သူ မနည်းမှန်းငါသိပါတယ်ကွာ … ဒါပေမယ့် … မထင်မှတ်ပဲ ငါမင်းနဲ့ဆုံခဲ့လို့ ငါဝမ်းသာပေမယ်လို့ … ငါစကားပြောမှားသွားတာကိုတော့ … တောင်းပန်ပါတယ်ကွာ ….”


သူ ခါးဖက်တာကိုလွှတ်ပြီး .. ကျနော်ခန္ဓာကိုယ်ကို လှည့်ခိုင်းလိုက်တယ် …

အလို … သူ မျက်ရည်တွေ ဝဲနေပါလား ….

“ဘုန်းဝဿန် … စိတ်ခိုင်ခိုင်ထားစမ်း … … ဒီလောက က မာယာများတဲ့သူနဲ့တွေ့ရင် မင်း တစ်ချီတည်းနဲ့ နလံမထူနိုင်ဘဲဖြစ်သွားမယ်” … ကိုယ့်ကိုယ်ကို စိတ်ထဲ သတိပေးနေမိတယ် ….


“မင်းတကယ်ငါ့ကိုမမှတ်မိဘူးလား .. ဝဿန်ရယ် … အင်းပေါ့လေ … ငါတို့ Facebook မှာ စကားမပြောဖြစ်တာလဲ … တော်တော်ကြာနေပြီလေကွာ … မင်းတကယ် မာနကြီးတာပဲ … ကဲ … ငါကပဲ စပြောမယ် … ငါမင်းကို ချစ်တယ် … ငါ့စိတ်ရင်း … ငါ့ ဘဝနဲ့ …. ကျဥ .. ကျဥ …”


အဲ … သူငိုနေပါလား … ေိေိ … ငိုတာကလဲ … ကျဥ ကျဥတဲ့ … ေိေိ ..


“ေိေိ”

“အန် ….?????”


သေစမ်း … ကျနော်ကိုက ဒီနေ့ကံကိုမကောင်းတာ … စိတ်ထဲမှာ ရေရွတ်ရင်း ရီမိပါတယ် .. အပြင်မှာအသံကထွက်လာတယ် ..  အဲဒီအကျင့်နဲ့တော့ သေချင်ပါတယ် ….


“ကဲပါ သွန်းဆင့်ရယ် … ခင်ဗျားလေးကလဲနော် … လာ .. ငိုမနေနဲ့ … ဟိုမှာ စပ်စုမှာတွေချောင်းနေပြီ … တိတ်တိတ် … လိမ္မာတယ် …”

“ခင်ဗျားလေးကျနော့်ကို ချစ်လား”


မေးခွန်းမဆန်သော နားဝင်အချိုဆုံးမေးခွန်းလေးပါပဲ …. ခင်ဗျားလေးလဲ သိနေရဲ့နဲ့ကွာ …


“ဖြေလေ .. ဝဿန်ရာ … ကျနော်တို့ အပြင်မှာ တွေ့တာ မကြာသေးလို့လား … အချိန်ယူမယ်ဆိုလဲ ကျွန်တော် စောင့်နိုင်ပါတယ်ဗျာ …”

“ခင်ဗျာရုပ်ရည်နဲ့ ကျနော့်ထက် သာတဲ့သူတွေအများကြီး ရှာလို့ရနေရက်နဲ့ဗျာ …”

“အာမလိုချင်ဘူးဗျာ …. ခင်ဗျားလေးဆီက အဖြေပဲလိုချင်တယ် …. ကျနော့်ကို ချစ်နိုင်ပါ့မလားလို့ … … ဖြေလေဗျာ …”

“ကဲပါ … ချစ်ပါတယ်တဲ့ဗျာ ….”

“ဟေးးးးးးးးးးးး”


သူ ကလေးတစ်ယောက်လို ပျော်ရွှင်စွာဖြင့် ကျနော်ကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည် …. အဲဒီလောက်တောင် ကျနော့်ကိုချစ်တာလား သွန်းဆင့်ရယ် …


“ခင်ဗျားလေး .. ကျနော့်ကိုတကယ်ချစ်တာနော် … ကျနော့်ကိုထားမသွားရဘူးနော် …”

“အင်းပါဗျာ … ကျနော် … ထားမသွား …….”


တဒင်္ဂအချိန်လေး လောကကြီးကိုမေ့သွားခဲ့သည် …. ဘဝမှာ မိန်းကလေးနဲ့တောင်အကြင်နာမပေးဖူးသေးတဲ့ ဒီနှုတ်ခမ်း … သူနဲ့ပထမဆုံး ……….. ချစ်တဲ့သူနဲ့ အကြင်နာပေးတာ ဒီလိုပဲ ချိုမြိန်ပြီး ရင်ခုန်စရာကောင်းတာပဲလား … သူ့ရဲ့တပ်မက်စွာနမ်းရှိုက်မှုကို မက်မက်မောမောခံယူရင်း …….. ရင်ထဲမပါပေမယ့်. … သူနဲ့ နမ်းရှိုက်မှုကို ရပ်တန့်လိုက်ပြီး … သူ့မျက်လုံးကို စေ့စေ့ ကြည့်လိုက်သည် … ပြီးမှ ..


“လာသွားရအောင် … ဟိုမှာ စပ်စုမတွေချောင်းနေတယ် …. ခင်ဗျားလေးကလေ … တကယ် မနိုင်စိန်ပဲ ……လာ”


နှစ်ယောက်သား လက်ချင်းချိတ်ပြီး ရွှေမန်းသားတို့ရှိရာကို ပြန်လာခဲ့သည် ….

အဲဒီအချိန်ကျမှ …. ကမ တွေ …. ဟေးးးး ခနဲ အော်ပြီး … ပြေးလာကြတယ် ….


“အခွီမတွေ … ခွီမနေနဲ့ နောက်ကျလို့ အပြင်မှာရပ်စောင့်နေရလိမ့်မယ် … လာ ဝင်ကြစို့ … ဖော်လော်မော်မတွေ … ေိေိ”