Monday, February 18, 2013
နှလုံးသားနှင့်ရင်း၍
အပိုင်း (၇)
“အမေ … သားပြန်လာပြီ”
“အော် .. အင်း ..မြန်သားပဲ …”
“ဟုတ်တယ်အမေ .. သားမကူပေးဘဲပြန်လာလိုက်တာ .. ဟိုမှာလဲ ကူမယ့်သူတွေများနေတာနဲ့ … အလကား သက်သက် လူပိုဖြစ်နေမှာစိုးလို့ …”
“အေးအေး …”
သူငယ်ချင်းတစ်ယောက်မင်္ဂလာဆောင်ကနေပြန်လာတဲ့ . ဘုန်းဂျူလိုင်မိုး တစ်ယောက် … အိမ်ပေါ်တက် မျက်နှာသစ်ပြီး . အိပ်ယာပေါ်ခဏ လှဲနေလိုက်သည် ….
“သားရေ … ခဏလာပါအုံး”
“ဟုတ်ကဲ့ . လာပြီ အဖေ …”
အောက်ထပ် အဖေရှိရာ ဧည့်ခန်းသိို့ အပြေးဆင်းခဲ့သည် ….
“အဖေ .. သားရောက်ပြီ …”
“အော် ..အေးအေး … ဘာရယ်မဟုတ်ပါဘူး သားရယ် … သားကိုမေးစရာလေးရှိလို့ … ထိုင်ပါအုံး”
“ဟုတ်ကဲ့”
အိန္ဒြေမပျက် ထိုင်ပြီး ….. အဖေ့မျက်နှာကို တစ်ချက် အကဲခတ်ကြည့်လိုက်သည် …
“သေချာပါပြီ …ပြောနေကျ စကားတော့ လာတော့မယ်ထင်တယ် …”
စိတ်ထဲမှာ တစ်ကိုယ်ထဲပြောနေတုန်း …
“သား … ရည်းစားရှိပြီလား …”
“အဲ … မရှိသေးဘူး အဖေရဲ့ … ဘာလို့လဲ …”
“ဘာရယ်မဟုတ်ပါဘူး … သားအခု အသက် ၂၀ .ပြည့်တော့မယ်လေ .. အခုကတည်းက ရည်းစားထား ထားမှ …..ဟော .. အခုပဲ သားရဲ့ သူငယ်ချင်း မင်္ဂလာဆောင်ကပြန်လာတယ် … သားသွားလိုက်ရတဲ့ သူငယ်ချင်းမင်္ဂလာဆောင် ဘယ်နှခုရှိပြီလဲ … မနည်းတော့ဘူးနော် … သားကို အဖေက သူတို့လိုစောစောစီးစီးဆောင်စေချင်လို့ပြောတာမဟုတ်ပါဘူး … အခုကတည်းကလေ့လာသင့်တာတွေ .လေ့လာဖို့ပြောတာ … မိန်းကလေးတစ်ယောက်အကြောင်းကို အဲဒီလိုလေ့လာထားမှ … ကိုယ့်အိမ်ထောင်ရေးအတွက် အထောက်အကူပြုမှပေါ့ ….”
အဖေ့ရဲ့စကားရှည်ကြီးကို ငြိမ်၍သာနားထောင်နေလိုက်သည် … ဘယ်အချိန်မဆို စကားပြောနဲသော အဖေ .. သားဖြစ်သူကို အိမ်ထောင်ရေးစိုးရိမ်တဲ့စကားပြောရင်တော့ … ရေပတ်ရင်တောင် ဝင်မယ့်ပုံမပေါ် ….
“အဖေရယ် … သားရည်းစားမထားချင်ပါဘူး”
တစ်ခါမှ အဖေ့စကားကိုငြင်းဆန်ဖူးသည်မရှိသော သားရဲ့ အတိုဆုံး အငြင်းစကားကြောင့် အဖေ နဲနဲအံ့သြကာသွားသည် … အဖေတင်မဟုတ် … မီးဖိုချောင်ထဲမှထွက်လာသော အမေပင် အနဲငယ်ကြောင်ကာသွားသည် …
“အဖေ. … အဖေကော အမေကော နှစ်ယောက်လုံးရဲ့ စိတ်စေတနာကို သားသိပါတယ် … သား ရည်းစားမထားချင်ဘူးအဖေ … အိမ်ထောင်မပြုချင်ဘူး … တာဝန်မယူချင်လို့ ဒီလိုစကားပြောတာမဟုတ်ပါဘူး … မိန်းမကို မယူချင်တာပါ … သားရည်းစား ရှိခဲ့ပါတယ် … ပြတ်သွားတာလဲ သိပ်မကြာသေးပါဘူး အဖေ .. သူနဲ့ပြတ်ပြီးကတည်းက ကျနော် ရည်းစားထားချင်စိတ်မရှိတော့တာ အဖေ … အိမ်ထောင်လဲ မပြုပါရစေနဲ့နော် …”
“ကဲပါ … ဒီလိုစကားတွေပြောဖို့က .စောတော့စောပါသေးတယ် … အခုတော့ စာကြိုးစား … ဟား .. အခုမှ သတိရတယ် … သားဒီနေ့ .ကျောင်းမသွားဘူးလား …”
“ဒီနေ့ ခွင့်တိုင်ထားတယ်အဖေ …”
“အေးအေး .. သားစာလိုက်နိုင်ရင်ပြီးရောလေ … ငယ်ငယ်ကတည်းက စာနဲ့ပတ်သတ်ရင် အဖေတို့ သိပ်မှပြောစရာမလိုခဲ့တာပဲ … အခုလဲ စာကြိုးစားလို့ပဲပြောတော့မယ် … သားနားချင်သွားနားလိုက်လေ … စားခါနီးခေါ်လိမ့်မယ် …”
“ဟုတ်ကဲ့ အဖေ .. .ကျေးဇူး”
“အေး …အေး”
အဖေကိုနှုတ်ဆက်ပြီး … ကိုယ့်အခန်းရှိရာကိုခြေဦးလှည့်ခဲ့သည် ….
“သူ့အဖေ … ရှင်ဟာလေ … သားကိုပြောဖို့ဆို ဒီစကားပဲရှိလား … သားအသက်ကဖြင့် ၂ဝပြည့်မယ် ဆိုရုံလေးပဲရှိသေးတာကို …”
“အမေကြီးသားလဲ ကိုယ့်ကို အခုတော့သူ့ခံစားချက် ဖွင့်ပြသွားတာပဲ … ကိုယ်နားလည်ပါတယ် …သားမဖြစ်ချင်တာကို ဘယ်တုန်းက ဇွတ်လုပ်ခဲ့ဖူးလို့လဲ … အရင်က သူဒီအတိုင်းနားထောင်နေလို့ပြောပြောနေခဲ့တာ … အခုတော့ပြောစရာမလိုတော့ဘူးပေါ့ … ဟုတ်တယ်မလား …”
အိမ်ပေါ်လှေကားရင်းကနေ အဖေ့စကားကို တိတ်တဆိတ် နားထောင်ရင်း ဘုန်းဂျူလိုင်မိုး တစ်ယောက် အပြစ်ကင်းသော အပြုံးလေးတစ်ခု နှုတ်ခမ်းဒေါင့်စွန်းမှာ ပွင့်ဖူးခဲ့သည် …
အခန်းထဲရောက်တော့ Computer ဖွင့်လိုက်သည် ….
သူ့အတွက် … အရမ်းပင်ပန်းတယ်ထင်ရင် ဂိမ်းဆော့လိုက်မှကျေနပ်တဲ့ သူ့အကျင့်တစ်ခုကြောင့် ..အထက်တန်းကျောင်းတုန်းက အရှက်ကွဲခဲ့ရဖူးသည် … ဒါလဲ မမှတ် … အသေးအဖွဲ အရှက်ကွဲတာလောက်တော့သူမမှု ….
အခုတော့ … Computer ဖွင့်တာ ဂိမ်းဆော့ဖို့တော့မဟုတ် …. Internet သုံးဖို့ပင် …
သူပျော်ရွှင်တဲ့အချိန်ဖြစ်စေ … စိတ်ညစ် … ဝမ်းနည်းနေတဲ့အချိန်ဖြစ်စေ … Internet ကိုမွှေတတ်သည့် အကျင့်ရှိသေးသည် ….
Facebook ကိုဖွင့်ပြီး … သူနောက်ထပ် အပြုံးတစ်ခု ထပ်ပေါ်လာပြန်သည် ….
Friend Requests -72 , Message – 18 , Notification – 280 တို့ကြောင့် သူထပ်ပျော်ရသည် … သူ့အဖို့ သူ၏ Facebook သည် သူ့အတွက်ပျော်ရွှင်ဖွယ်ရာများဆောင်ကြည်းပေးသော အရာတွေထဲက တစ်ခုပင် …
ဒါပေမယ့် .. သူ ထိုအရာတွေကို အရင်မကြည့် … အရင်ဆုံး Search Box ထဲကို နာမည်တစ်ခါရိုက်ထည့်လိုက်သည် …. Bhone Watan ….
ပြီးခဲ့တဲ့သောကြာနေ့ကတည်းက သူတော်တော်ပျော်နေခဲ့သည် … ဒီနေ့တွေ့လိုတွေ့ငြား ဓါတ်ဆီဆိုင်သွားသေးသည် .. မတွေ့ခဲ့ …
“ဒေါက် -ဒေါက် -ဒေါက်”
“ဘယ်သူလဲ …”
“ဆရာလေး …နေ့လည်စာစားဖို့ လာခေါ်တာပါ”
“အော် .. ဟုတ်ကဲ့ … လာခဲ့မယ်ခင်ဗျ …”
“ဟုတ်ကဲ့ ဆရာလေး ..”
အိမ်မှာတော့ … အဖေ့ကို ဆရာလို့ခေါ်ကြတယ် … အမေ့ကို အန်တီ … သူ့ကိုတော့ . ဆရာလေး လို့ခေါ်သူခေါ် … အကိုလေးလို့ခေါ်သူခေါ်ပေါ့ … ဆရာလေးကတော့ … များသောအားဖြင့် …ကောင်မလေးတွေ အများဆုံးခေါ်ကြတာပဲ …
ထမင်းဝိုင်းရောက်တော့ …
သူ့ရဲ့ငယ်ငယ်က ထုံးစံအတိုင်း … ကလေးတစ်ယောက်လို ပြုံးရွှင်သောမျက်နှာဖြင့် အသံကျယ်ကျယ်ဖြန်းခနဲ လက်အုပ်ချီပြီး “ကဲ .. ကျနော် စားပါတော့မယ်ခင်ဗျ” လို့ပြောပြီး … ဇွန်းခရင်းကိုင်ကာ စားပါတော့သည် …
အဖေနဲ့အမေတို့ကလဲ … သူ့ကို ပြုံး၍ခေါင်းလေးငြိမ့်ကာနေ့လည်စာကို မိသားစုသုံးယောက် စားပါတော့သည် ….
“အဖေ ထမင်းထည့်အုံးမလား …”
“တော်ပြီသား .. ဒီနေ့ ရင်နဲနဲပြည့်ချင်သလိုဖြစ်နေလို့ …”
“သားကြောင့်များလား အဖေ”
“မဟုတ်ပါဘူး သားရယ် … မနက်ကတည်းကဖြစ်နေလို့ပါ .. သားနဲ့ ဘာမှမဆိုင်ဘူး … ကဲ အဖေ အရင် ထနှင့်မယ်”
“ဟုတ် .. အဖေ”
“သား ထမင်းစားပြီး အပြင်သွားအုံးမလား”
“ဟုတ် အမေ … သား အပြင်ခဏသွားအုံးမယ် …”
“အော်အေး …အေး”
ထမင်းဝိုင်းကထပြီး … အခန်းထဲပြန်ဝင်ခဲ့သည် … အပြင်သွားဖို့ အင်္ကျီထပ်လဲရအုံးမယ်လေ … အင်္ကျီလဲ …ပြင်ဆင်စရာလေးတွေပြင်ဆင်ပြီး … အဖေ နဲ့ အမေ့ ကို နှုတ်ဆက်ကာ အပြင်ထွက်ခဲ့သည် … အဖေက သူ့အတွက် သူကြိုက်တဲ့ ကားတစ်စီး ဝယ်ပေးထားပေမယ့် … သူသိပ်မစီးဖြစ် … ဆိုင်ကယ်တစ်စီးဖြင့်သာ သွားတတ်သည် ….
အခုလဲ သူ့စီးတော်ယာဉ် ဆိုင်ကယ်တစ်စီးဖြင့်ခြေဦးတည့်ရာ သွားဖို့ ထွက်လာခဲ့သည် …
နာရီကြည့်လိုက်တော့ …နေ့လည် ၁၁ နာရီကျော်ရုံပဲ ရှိသေးသည် …
“အင်း ဒီအချိန်ဆို ရတနာပုံကကျောင်းသားတွေ ရှိအုံးမယ် …”
သူ ရတနာပုံကျောင်းရှိရာသို့ခြေဦးလှည့်ခဲ့သည် … ကျွဲဆည်ကန် မီးပွိုင့်အကျော်နားရောက်တော့ … ဖုန်းဝင်လာသည် …
သူ လမ်းဘေးဆိုင်ကယ် ခဏရပ်ပြီး ….
“ဟလို … အမိန့်ရှိပါ …”
“ငါ့ကောင် ..ယောက်ဖ … ဂျူလိုင်”
“အား ..ယောက်ဖ ..ပြော … ဘာကိစ္စ”
“မင်း အခုကျောင်းမှာလား …”
“ဟုတ်ဘူး … ဒီနေ့ ခွင့်တိုင်ထားတယ် … ဒီနေ့ ဟိုသေချင်းဇိုး မင်္ဂလာဆောင်လေကွာ .. မင်းမသွားဘူးလား …”
“အား … ငါ့တော့ သတ်တော့မှာပဲ … ငါမေ့နေတာ ….သေချင်တယ် ….”
“အေး .. အဲဒီမှာ လဲသေလိုက် … ကဲပြော … ငါ့ဆီဆက်တာ ဘာကိစ္စ”
“ဘာမှမဟုတ်ဘူးဟေ့ … ဒီနေ့ည ငါ့အိမ်မှာ ပါတီ လုပ်မလို့ … အဲဒါ မင်းကို လှမ်းပြောတာ …”
“ဒါဆိုလဲ …. ခဏနေမှပြော .. ငါအခု မင်းတို့ကျောင်းကို လာနေတယ် …. ၅ မိနစ်လောက်နေရင်ရောက်မယ် ….ကျောင်းပေါက်ဝမှာစောင့်နော် … မစောင့်ရင်ဖြတ်ပစ်မယ် ဘာမှတ်နေလဲ … ဒါဆု်ိဒါပဲ .. ဖုန်းချလိုက်ပြီ”
ဖုန်းချလိုက်ပြီး …ခရီးထပ်ဆက်လိုက်သည် …. ၅ မိနစ်ကျော်ကျော်လောက်ကြာတော့ .. သူကျောင်းပေါက်ဝကိုရောက်လေတော့သည် …
“သားကြီးက လိမ္မာသားပဲ … ဟားဟား”
“မလိမ္မာလို့ရမလား … မင်းကိုတော့ကြောက်တယ် …ပြောရင် တကယ်လုပ်မယ့်ကောင် …”
“ဟား ဟား ဟား ဟား”
သူငယ်ချင်းနှစ်ယောက်ခေါင်းချင်းဆိုင် ရီလိုက်ကြသည် ….
“ဟိုကောင်တွေကော …”
“ထန်းတောထဲသွားတယ် …. ငါတို့လိုက်သွားကြရအောင် …”
“အေး … လာတက် .. ငါကြိုပြောမယ်နော် … ငါ့ကို ထန်းရည် ဇွတ်မတိုက်နဲ့ .. ငါမသောက်တတ်ဘူး ..သောက်လဲ မသောက်ချင်ဘူး … မင်းတို့ကောင်တွေကိုတော့ … အဲဒါ ငါကြောက်တယ် …ခွေးကောင်တွေ … မသောက်ရင် ပတ်မယ်ဆိုတာချည်းပဲ … ငါ့ကိိုလုပ်လို့ကတော့ … မင်းတို့ကောင်တွေအကုန်ပြုတ်ပြီသာမှတ်တော့ .. ဒါပဲ”
“အေးပါ . ဆရာသမားရယ် ….”
………..
“ဟား … လဒ နှစ်ကောင် … ဘယ်ကနေ မျက်စိမှားလာတာလဲ …”
“အေးဟ … ဘယ်ကမှမျက်စိမှားမလာဘူး … လဒ နှစ်ကောင်က … အသေကောင်တွေဆီပဲ ဆိုက်ဆိုက်မြိုက်မြိုက် လာတာ …”
“ခွေးကောင် …သေချင်းဆိုး …မေဘေး”
“ဒီနေ့ည … ဒီကောင့်အိမ်မှာ ပါတီရှိတာ သိလား”
“ဘာ သူ့အိမ်မှာ ပါတီရှိတယ် ဟုတ်လား … သူတောင်းစား … သူ့ယောက်ဖကို အမြဲ အရင်ပြောတယ် … မင်းအနားမှာ အမြဲရှိတဲ့ မင့်ပထွေးတွေကျတော့နောက်မှ အမြဲသိရတယ် …တောင်းစား … နာရိုးမ …”
“မင်းကလဲကွာ … အမြဲဖြစ်နေကျကိုရေးကြီးခွင်ကျယ်လုပ်လို့ … မင်းတို့ လာမှာလား … လာမယ်ဆိုရင် … ဆက်မသောက်နဲ့တော့ .. ညကျမှ … ဒီထက်ကောင်းတာကိုသောက်ကြတော့ …”
“ဘယ်အချိန် ငါတို့လာရမှာလဲ”
“ဘယ်အချိန်လာလာ … အခုလာမယ်ဆိုလဲ ရတယ် … ဒါပေမယ့် … ဘာမှမပြင်ရသေးဘူး … အခုလာရင် … ကူရမယ် ….နောက်မှပဲလာပါတော့ကွာ …. အလကား … လက်ကြောတင်းတာတွေလဲမဟုတ်ဘူး …. ဟားဟားဟား”
“ခွေးကောင် … အနားကပ်ဖဲ့နေသေးတယ်…”
“ဟေ့ရောင် . ဂျူလိုင် … မင်းဒီနေ့ ကျောင်းမသွားဘူးလား …နောက်ဆုံးနှစ်ကျမှ ကျောင်းပျက်နေတာ … မင်းတော့ မူမမှန်ဘူး …”
“အေး … ငါက မူမမှန်ဘူး … မင်းတို့က နောက်နေ့ သေမှာ …. ဟားဟား”
“ဟ … ငါတို့က ဘာလို့ သေရမှာလဲဟ”
“ငါတို့တွေ သေမှာသေချာတယ် … ဒီနေ့ .. ဟိုခွေးကောင် … ဟန်ဋ္ဌေး မင်္ဂလာဆောင်လေကွာ … ငါလဲ ဒီနေ့ မသွားဖြစ်ဘူး … ဒီကောင်က လှန်းလဲ အသိမပေးဘူး … တစ်ကိုယ်ကောင်းကြီး …”
“ဒေါင်းချား …. ကိုယ့်ဟာကိုယ် မေ့ရင်မေ့တယ်ပေါ့ … ငါ့ပုံချနေ ….ခွေးကောင်တွေ …. ကဲ … မင်းတို့ ထိုင်အုံးမှာလား …. ငါ ပျင်းတယ် …ကျောင်းထဲ ပတ်လိုက်အုံးမယ် …. ဟိုကောင် သားကြီး …. ငါနဲ့ လိုက်မှာလား … လိုက်မယ်ဆို လာခဲ့ သွားမယ် …”
“ကြွ ... သမီးယောက်ဖ နှစ်ယောက်ကတော့ လိုက်တယ် ….”
“အေး … သွားပြီ . ငါ့ကောင်တွေ …”
သူငယ်ချင်းနှစ်ယောက် ကျောင်းထဲဝင်ပြီး …. ဂျူလိုင်တစ်ယောက် ကျောင်းအနှံ့ စပ်စုပါတော့သည် ….
“ဟေ့ရောင် ဂျူလိုင် မင်းမပျင်းဘူးလားကွာ …. ငါတို့ကျောင်းမှာ ဘာမှလဲ မရှိ ... မင်းမို့လို့ မပျင်းတယ်ကွာ …”
“ဟာ … ငါ့မှာ ပျင်းလို့ လာပါတယ်ဆိုကွာ …. မင်းပြန်ချင်နေလို့လား ….ပြန်ချင်ရင် ပြန်လိုက်ပို့ပေးမယ် … နားကိုညည်းတယ် …. ဘယ်လိုကောင်မှန်းမသိဘူး …. လာ တက်”
သူ သားကြီးလို့ခေါ်တဲ့ သားရဲအိမ်နှင့် သူ့အိမ်မှာ သိပ်မဝေး … နှစ်ယောက်လုံး . ဗိုလ်ချုပ်ရွာ တွင် နေကြသည် ….
“ခွေးကောင် အခုမှ ငါသတိရတယ် …. မင်း ဆိုင်ကယ်ဦးထုပ်မပါဘူးမလား …. လမ်းမှာ အဖမ်းခံရရင် မင်းကိုထားခဲ့မယ် ….”
“မင်းကလဲ ကြောက်တတ်ရန်ကော …. ဒို စီးပြီးကြောက်တာ မင်းတစ်ယောက်ထဲမြင်ဖူးတယ် ..”
“ဟ …. ဟိုက ဆိုင်ကယ် နံပါတ်မှတ်ထား ဘယ်လိုလုပ်မလဲ … မင့်ကြီးဒေါ်လင်များမှတ်နေလား …”
“အဲဒီတော့လဲ .. ပတ်မောင်းပေါ့ကွာ …လေရှည်တာ … နားညည်းပါ့ကွာ ….”
“ခွေးကောင် …..”
…………………………
သားရဲအိမ်ရောက်တော့ ….
“ဟေ့ရောင် ဂျူလိုင် … ည အိမ်လာဖို့မမေ့နဲ့နော် ..”
“အေးပါ ငါ့ကောင်ရာ …. အိမ်တွေက ဝေးတယ်ဆိုတော့ .. အတန်တန်မှာနေ ….”
“မင်းအခု ဘယ်သွားမလို့လဲ …”
“Diamond ခဏသွားမလို့ …. ပျင်းတယ် …. လိုက်အုံးမလား …”
“မလုပ်နဲ့ ငါ့ကောင် .. အိမ်ရှေ့ရောက်နေပြီ …. ည ပါတီအတွက် . ကူပေးလိုက်အုံးမယ် … မင်းသာ လာဖြစ််အောင်လာခဲ့ …”
“ဟ …အေးပါကွာ …. ကဲ သွားပြီ . သားကြီး …”
“အေး … ဘိုင့် ကွာ ….”
“အဲ …. ဂျူလိုင်လေး မလား …”
“အော .. ဟုတ် . အန်တီ …”
ပြောပြောဆိုဆိုနဲ့ … ဆိုင်ကယ်ပေါ်မှဆင်းပြီး … သားရဲ အမေကို နှုတ်ဆက်လိုက်သည် ….
“ဒီည ပါတီ လာဖြစ်အောင်လာနော် …. မလာရင် အိမ်ထိ လိုက်ခေါ်မှာ ….”
“အော် အန်တီရယ် …. သား မလာဖြစ်တဲ့ရက် ဘယ်ရက်ရှိလို့လဲ .. စိတ်ချ … လာဖြစ်အောင်လာပါ့မယ် ….”
“သား အိမ်ထဲဝင်အုံးလေ …. အထဲမှာ . မင်းညီမ ရှိတယ် …. သူဒီနေ့ အပြင်တွေမသွားဘူးလေ …”
“အော် ဟုတ် …. ညနေအိမ်လာမှပဲ တွေ့တော့မယ် . အန်တီ …. သား ဝယ်စရာလေးရှိလို့ …. အန်တီ သား သွားလိုက်အုံးမယ်နော် … ခွင့်ပြုပါအုံး …”
“အော် ....အေးအေး … ဂရုစိုက်ပြီးသွားအုံးနော် …”
“ဟုတ်ကဲ့ … အန်တီ ….”
ဂျူလိုင်မိုး ဆိုင်ကယ် ထွက်သွားတော့ ….
“အမေ …. အမေက သမီးရှင်နော် …. သား မပြောလိုက်ချင်ဘူး …”
“ဟဲ့ …. ငါ့ဟာငါ . နင့်သူငယ်ချင်းကို အိမ်ထဲဖိတ်တာ …. ဘာဖြစ်လဲ …”
“အမေကလဲ .. ည ပါတီ လာမယ့်ဟာကို …. အမေကိုက ဇွတ်ကြီး ….”
“ဟဲ့ …”
“အားးးး .... သားအိမ်ထဲ ဝင်ကူလိုက်အုံးမယ် …..”
ဟုဆိုကာ … သားရဲတစ်ယောက် အိမ်ထဲသို့ အမြန်လစ်ပြေးရသည် … မပြေးလို့မရ … အမေ့စကားတွေက အလွတ်ရနေပြီ …. အခုတောင် ပြောဖြစ်အောင် ပြောလိုက်သေးသည် …
“ခွေးသားလေး …”
………………………..
Saturday, February 9, 2013
နှလုံးသားနှင့်ရင်း၍
အပိုင်း (၆)
“သားရေ …”
“နိုးနေပြီမေ …”
နိုးနိုးချင်း အိမ်သာပြေးရသည် … မနေ့က စားတာ စုံသွားတယ် … လျှာရှည်ပြီး အချဉ်ပေါင်းတွေပါ တစ်ထိုင်ထည်း နှစ်ထုပ် ကုန်အောင်စားလိုက်တာ … ကြာရင်ရုပ်ဆိုးမဖြစ်တော့မယ် . အိမ်သာတက်ပြီး … ရေ မိုးချိုး မျက်နှာသစ် သွားတိုက် ပြီးမှ .. အမေရှိရာ မီးဖိုချောင်ထဲကို အပြေးဆင်းရသည် .. မနက်စာစားဖို့ အမေ စောင့်နေပြီလေ …
“ကဲလာ .. သား .. ထမင်းကြော်ပဲ စားမှာမလား ….”
“ဟုတ် … ဘာလို့လဲ မေ .. ထမင်းကြော်ပဲ ရှိတာမဟုတ်လား”
“ဒီနေ့ သားအဖေ ရှမ်းခေါက်ဆွဲဝယ်စားလို့လေ … သားမစားဘူးမလား …”
“ဟုတ် .. ဒီဘက်က ရှမ်းခေါက်ဆွဲတွေကို သားမကြိုက်ဘူးလေ … ဟီး”
“ကဲ စားတော့ .. ရှစ်နာရီထိုးနေပြီ … ဆိုင်ကယ် ဖြည်းဖြည်းစီးသွားနော် ..”
“ဟုတ်ကဲ့ပါ .မေ …”
မနက်စာစားပြီး အမေ့ကို နှုတ်ဆက်ကာ အိမ်မှ ထွက်လာခဲ့သည် …
သီချင်းနားထောင်ကာ ဆိုင်ကယ်စီးရင်း ….
“အင် .. ဆိုင်ကယ်က ဘာဖြစ်ပြန်ရတာလဲ … ဆီများကုန်သွားတာလား … မနေ့ကလဲ ဘယ်မှမသွား”
စိတ်ပျက်ပျက်နဲ့ ရပ်နေတဲ့ ဆိုင်ကယ်ရဲ့ ဆီတိုင်ကီဖွင့်ကြည့်တော့ … အမှန်ပဲဗျာ … အလဲ့ .. မခန့်တာ .. တိုင်ကီထဲက ပိုက်ခေါင်းလေးက ပြူတစ်လေးထွက်ပြီး ပြောင်ပြနေသလား အောက်မေ့ရတယ် …
“ကုန် . ကုန်နိုင်လွန်းတယ် …တော်ပါသေးရဲ့ … ဒီနေ့ ပိုက်ဆံအိပ် .မေ့မကျန်ခဲ့လို့ …”
လမ်းဘေးဆီဆိုင်လေးမှာဆီဝင်ထည့်လိုက်သည် …
“ဘယ်နှဘူးလဲ ကလေး ..”
“သုံးဘူးထည့်လိုက် အန်တီ …”
“……….”
“အန်တီ … ဒီမှာ ၃၀၀၀ …”
“အော် အေးအေး”
“ကျေးဇူးနော် ..”
ဆီဆိုင်က အန်တီကို ပြုံးပြနှုတ်ဆက်ပြီး . ခရီးဆက်ခဲ့သည် … ဘာရယ်မဟုတ် . အတွေးတစ်ခု ဖြတ်ခနဲဝင်လာမိသည် …
“အဲ .. ဟိုနေ့က ဒီလို မနက် ဆီပြတ်တယ် … ညကျတော့ . ရည်းစားတစ်ယောက်ရတယ် … အခုလဲ ဆီထပ်ပြတ်ပြန်တယ် … အမလေး ..တော်ပါဘီ .. နှစ်ယောက်ကြီးတော့ မလိုချင်ပေါင် ….ခေါင်းခြောက်တယ် …”
ထိုစဉ် ရုတ်တရက် … ဟိုနေ့က ထည့်ခဲ့သည့် ဆီဆိုင်အတွင်းမှ ထွက်လာတဲ့ ဆိုင်ကယ်နဲ့ကောင်လေးတစ်ယောက် ……
“အယ် …
ချောလိုက်တာ … ဒါနဲ့ မြင်ဖူးသလိုပဲ … ရင်းရင်းနှီးနှီးများ မြင်ဖူးလို့များလား … အား .. ဟိုနေ့က ကို၂၀၀၀ … အဲ … ၂၀၀၀ ကူညီပေးတဲ့ တစ်ယေက် …”
ပြောပြောဆိုဆိုနဲ့ … ထိုဆိုင်ကယ်နောက် အမြန်လိုက်သည် … ကန်တော်ကြီးလမ်းဆုံကိုအရောက် … လိုင်းကားတစ်စီးက ရုတ်တရက် လမ်းဖြတ်ကုူးလိုက်သဖြင့် ….
“တောက် … မနက်စောစောစီးစီး .. ငါပြောမိတော့မယ် … မတာဒွေ … အဝီစိသွားဖို့ လုမောင်းနေတာလား …”
မျက်ခြေပြတ်သွားခဲ့ပါသည် … ထို့ကြောင့်လဲ ဒေါသဖြစ်ဖြစ်နဲ့ တစ်ကိုယ်တည်း ရေရွတ်ပြောနေမိသည် …
“အင်းပေါ့လေ … ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ .. ဒီနေ့မဟုတ် ..နောက်နေ့တွေ့ရအုံးမှာပါ …”
ကိုယ်ကိုယ်ကို ဖြေသိမ့်ပြီး သင်တန်းဆက်သွားတော့သည် … ထိုစဉ် ဖုန်းထမြည်ပြန်သည် ..
“ဟလို … အမိန့့်ရှိပါ …”
“ဘုန်းလား … သွန်းပါ …”
“အော် . သွန်းပြော … ကိုယ်အခုပဲ သင်တန်းလာနေတာ .. လမ်းမှာ ..”
“အော်. .. အင်း … အဲဒါ လှမ်းမေးတာ … အားးး … အသံတွေဆူနေတာပဲ … ဆိုင်ကယ်မောင်းနေတုန်းလား … ဆိုင်ကယ်ရပ်ပြီး ပြောတာမဟုတ်ဘူး …”
“အော် … ဘုန်းက နားကြပ်နဲ့ပါ သွန်းရယ် …. ကဲကဲ … ဖုန်းချလိုက်တော့ …နောက် ငါးမိနစ်လောက်ဆိုရောက်ပြီ …”
“အင်း … ဒါဆို … ဒါပဲနော် .. အာဘွား … အရမ်းချစ်တယ် …”
“ဒီကလဲ ချစ်ပါတယ်ဗျာ … အာဘွား …”
သင်တန်းရောက်တော့ … သွန်းက … သင်တန်းအပေါက်နောက်ကွယ်နားမှာ
စောင့်နေလေရဲ့ …. ဆိုင်ကယ်ထားပြီး အလှည့် ….
“အင့် ..”
ရုတ်တရက် အဖက်ခံလိုက်ရသည် … ဘယ်သူဘယ်ဝါမှန်းမသိလိုက် ….
သင်တန်းအပေါက်ဝကိုလှန်းအကြည့် …..
….
…
..
.
“သွန်းလား …”
“ဟီး … အင်း … ဘယ်လိုသိ …. သူများက အပေါက်ဝက တံခါးနဲ့ ကွယ်ပြီး ပုန်းနေတာကို ..”
“ရောက်ရောက်ချင်းတုန်းကတော့ .. ရုတ်တရက်မြင်လိုက်တယ် …. ခု လှန်းကြည့်တော့ မရှိတော့ဘူးလေ … အဲဒါကြောင့် .. သွန်းဖြစ်မယ်လို့ ….”
“ဟွင့် … နဲနဲတောင် ဖွဲ့နွဲ့ပြီး ညာမပြောဘူး … ဘာဖြစ်လဲ … ဒီနှလုံးသားက အလိုလိုသိနေတယ်လေ လို့ပြောတော့ ဘယ်သူက တရားစွဲမှာမို့လို့လဲ ….”
“ဟဲဟဲ …. သားက မညာတတ်လို့ပါဂျာ …ေိေိ … သွန်းနော် ..တော်တော်ကဲနေတယ် … ဟိုမှာ …လူတွေအကုန်လုံး ၀ိုင်းကြည့်နေတာ မရှက်ဘူးလား …”
“ရှက်စရာလား .. ဘာလဲ .. ဘုန်း က ရှက်လို့လား ..”
“မရှက်ပါဘူး .. ကိုယ့်ချစ်သူပဲ .. ရှက်စရာလား …”
“တကယ်နော် .. မရှက်ဘူးနော် …ယောကျ်ားစကားနော် …”
“အင်း . မရှက်လို့ မရှက်ဘူးပြောတာကို …”
“ဟာ” “ဟင်” “အို”
အာမေဋိတ်ပေါင်းများစွာ …
ရုတ်တရက် …လောကကြီးကို တဒင်္ဂမေ့သွားလောက်အောင် …..
လူတွေလည်း သွားလာခြင်းတွေရပ်ကုန်ကြပြီး … ၎င်းတို့ရဲ့အမြင်အာရုံတွေက ကျနော်တို့နှစ်ယောက်ထံသို့ .. ထိုသူတွေထဲတွင် ဆရာလဲ အပါအဝင်
ဆယ်စက္ကန့်လောက်နေတော့ ….
ကလေးတစ်ယောက်လို မျက်နှာငယ်လေးနှင့် …..
“ဘာလဲ … သွန်းကိုအပြစ်ပြောလို့လား … သူပဲ မရှက်တတ်ဘူးဆိုလို့ … ပြီးတော့ … ကိုယ့်ချစ်သူ ကိုယ့်ကို တကယ်ချစ်တာဟုတ်မဟုတ် ….”
“ကဲ..ပြောပါအုံး .. အခုလိုလုပ်လိုက်တော့ … ကျနော်မျိုးကြီးရဲ့စိတ်ကို သိလိုက်ရပြီလား …”
“အင်းးးးးးး နဲနဲတော့သိလိုက်တယ် …. အကြင်နာပေးနေတဲ့အချိန်လေးအတွင်း .ငြင်းဆန်ခြင်းမှမရှိတာ … အင်းပေါ့လေ .. ဘယ်ငြင်းမလဲ …ကောင်းတာကိိုး …ေိေိ”
“သွန်းနော် …. လူကို … လာ ဝင်မယ် … လူတွေလဲ ၀ိုင်းကြည့်နေတာ … ဘုန်း ဒီလောက်ပဲ နာမည်အထွက်ခံမယ် … ဒီထက်တော့ မကဲနဲ့နော် .. မန်းလေးက ကျဉ်းကျဉ်းလေးရယ် … ဒါ့ထက် .. ဒီလောက ကပိုကျဉ်းတယ် … တစ်ခုခုဆို …တောမီးကမှနှေးနေအုံးမယ် … ပြီးတော့ . ဒီမှာ စင်ကာပူသတင်းဋ္ဌာနက သတင်းထောက်တွေရှိရင်ရှိမှာ … လာ ဝင်မယ် …”
(စင်ကာပူမှ ကိုကို တို့ကို ဝုန်းခြင်း ..ချေခြင်းမဟုတ်ပါ …. ရိုးရိုးသားသားခွွီကြည့်တာနော် … စိတ်မဆိုးကြေး …ေိေိ … :P)
စာသင်ခန်းထဲရောက်တဲ့အထိ ကြည့်လိုက်ကြတဲ့လူတွေ … အဲဒီလို ထူးဆန်းတဲ့သတ္တဝါလို ကြည့်တဲ့ မျက်လုံးတွေကို ငယ်ငယ်ကတည်းကသေလောက်အောင် မုန်းခဲ့တာ …. အခုလဲ လာပြန်ပြီ အဲဒီမျက်လုံးတွေ …. ဒါပေမယ့် ငယ်ငယ်ကလိုပဲ သူတို့တွေ ရှိမနေဘူးလို့ပဲ သဘောထားပြီး ဆရာသင်တာတွေကို ဂရုစိုက်နေလိုက်တယ် …. အဲ ..ဘေးက သွန်းကလဲ ငြိမ်ငြိမ်ကိုမနေပါလား … လက်ချိတ်လိုက် …. ခါးဖက်လိုက်နဲ့ …တော်တော်ကို ဟင်းးး ….
သင်တန်းဆင်းတော့ …..
“ဘုန်းဝဿန်”
“ဟုတ် …. ဒီက …”
“အော် … အိမ့်မြတ်နိုးခင် ပါ”
“ဟုတ်ကဲ့ခင်ဗျ …တွေ့ရတာ ဝမ်းသာပါတယ်ဗျ”
“ဘုန်းဝဿန်တို့ နှစ်ယောက်က … တွဲနေတာလား … ဟို ခင်လို့ စပ်စုကြည့်တာနော်”
“ဟုတ်ကဲ့ … တွဲနေတာပါဗျ … သိပ်မကြာသေးဘူး … ဟီး .. ပြီးခဲ့တဲ့သောကြာနေ့ကမှ ..”
“ဟုတ်ကဲ့ရှင့် …အော် . မိတ်ဆက်ပေးရအုံးမယ် … ဒါက ကျမချစ်သူပါ .. နာမည်က ယွန်းဟေမာန် …”
“အော် .. Lesbian ..တွေပေါ့ … Nice to meet U”
“ဟုတ် … ကျမတို့က ချစ်သူတွေသာပြောတယ် .. သူတို့ကို ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ ချမပြရဲဘူး … အခုတော့ ကျမတို့နှစ်ယောက်အတွက် အားတစ်ခု ရသွားသလိုပဲ … အဲဒါကျေးဇူးပါလို့ ….”
“အော် .. ရပါတယ်ဗျ … အဲဒါ သူ့ကိုပြောရမှာ …ေိေိ”
“ဘုန်းနော် … လူကို … အစ်မတို့ကိုလဲ . Congratulation ပါဗျာ … ဒါဆို ကျနော်တို့တတွေ HoMo .တွေအချင်းချင်းပဲပေါ့ … တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက် နားလည်ကြမှာပါ …”
“ဟုတ်တာပေါ့ …ကျေးဇူးနော် … ယူတို့က ခင်တတ်တာပဲ … ကျမတို့ သွားစရာလေးရှိလို့ ခွင့်ပြုပါအုံးနော်”
“ဟုတ်ကဲ့ …နောက်မှ ဆုံတာပေါ့ … ဘိုင့်”
“ဘိုင့်”
Lesbian နှစ်ယောက်ထွက်သွားတော့ … သူတို့အတွဲကို နှစ်ယောက်သား ခဏကြာမှငေးကြည့်နေပြီး … သွန်းကနေ
“ဘုန်း … Diamond ကိုသွားမှာမလား …”
“အင်း .. ဘာလဲ .. သွန်းလိုက်မှာမလား”
“လိုက်မှာပေါ့ … အဲဒီလောက်ချစ်ဖို့ကောင်းတဲ့ ကိုယ့်ချစ်သူကို ဘယ်စိတ်ချပါ့မလဲ … ကဲပြော”
“ဟုတ်ကဲ့ပါဗျ … ခင်ဗျားလေးမလိုက်လဲ .. ဒီက ဇွတ်ခေါ်မလို့ပါပဲ … ကဲ ..သွားကြစို့”
ဒီလိုနဲ့ နှစ်ယောက်သားပျော်ပျော်ပါးပါး Diamond Plaza ကို ချီတက်ခဲ့ကြသည် …
ကျနော့်ရဲ့ တစ်နေ့တာ ထုံးစံကို ယခင်ကလို တစ်ယောက်ထဲ အထီးကျန်စွာကျော်ဖြတ်စရာမလိုတော့ဘူးလေ … ဘုန်းဝဿန် လဲ အတောင် စပေါက်နေပါပြီ ……..
Subscribe to:
Posts (Atom)