GAY နဲ့ အခြောက်
ဟာ လုံးဝကို မတူပါဘူး …
GAY ဆိုတာ
….. မြန်မာ့အမြင်နဲ့ ပြောရရင် … ယောက်ျားလေးချင်း ချစ်တဲ့သူကိုပြောတာပါ ….
အခြောက် ဆိုတာကတော့
…. မြန်မာလူထုတွေ ခုထိ သမုတ်နေတဲ့ … မိန်းမလို ဝတ်စားသွားလာနေထိုင် နေတဲ့ … လူနည်းစု
တစ်ခုကို ခေါ်ခြင်းဖြစ်ပါတယ် …..
GAY ဆိုတဲ့
စကားစုကို … Human Right အပြည့်အဝရှိတဲ့ . အမေရိကန်ပြည်ထောင်စုကတော့ ….
ယောက်ျား/မိန်းမ/တိရိစ္ဆာန်ကိုပါမကျန်
.. လိင်တူစိတ်ဝင်စားတဲ့သူတွေအကုန်လုံးကို ခေါ်တာပါ ….
ယောက်ျားဖြစ်ဖြစ်
/ မိန်းမ ဖြစ်ဖြစ် … ကိုယ့်ကိုယ်ကို လိင်တူနှစ်သက်တဲ့သူဆိုရင် . I’m GAY လို့ ဝန်ခံကြပါတယ်
…..
အဲ …. တိရိစ္ဆာန်တွေကိုလဲ
…. လိင်တူစိတ်ဝင်စားရင်. …. လူတွေက .. My Dog is GAY လို့ပြောလေ့ရှိပါတယ်.
Lesbian ဆိုတာကတော့
. တစ်ပါးသူက မိန်းကလေးချင်းနှစ်သက်သူကို ခေါ်ဝေါ်သမုတ်တာပါ …..
ကိုယ့်ဖာသာကို
ဝန်ခံရင်တော့ . GAY လို့ . သမုတ်ကြပါတယ်
မြန်မာ့အခေါ်အဝေါ်မှာ
… GAY ကို ၊ အပုန်း / အပွင့် ၊ ဆိုပြီးသတ်မှတ်ကြပြန်ပါသေးတယ် …..
မြန်မာ့အခ်ါအဝေါ်တင်မဟုတ်ပါဘူး
… တစ်ကမ္ဘာလုံး သတ်မှတ်ကြတာပါ ….
Human
Right အရှိဆုံးနိုင်ငံဖြစ်တဲ့ . အမေရိကန်ပြည်ထောင်စုမှာတော့ ....
Inside the Closet = အပုန်း
Inside the Closet = အပုန်း
Outside
the Closet = အပွင့်လို့ ...... သတ်မှတ်ပါတယ်
တစ်နည်း .....
Inside the closet .... GAY ဆိုပေမယ့် .... ဂေးလို့မဝန်ခံ .... ဆိပ်အရေခြုံထားသော .... သူတွေကိုခေါ်ပါသည်တဲ့ ...
Outside the closet ..... GAY လို့ အတည်အလင်း ဝန်ခံထားပြီး .... ထိုဝန်ခံထားသောသူတွေထဲမှာ .... Top . Ver . Bot အားလုံး ပါဝင်ပါသည်. ....
တစ်နည်း .....
Inside the closet .... GAY ဆိုပေမယ့် .... ဂေးလို့မဝန်ခံ .... ဆိပ်အရေခြုံထားသော .... သူတွေကိုခေါ်ပါသည်တဲ့ ...
Outside the closet ..... GAY လို့ အတည်အလင်း ဝန်ခံထားပြီး .... ထိုဝန်ခံထားသောသူတွေထဲမှာ .... Top . Ver . Bot အားလုံး ပါဝင်ပါသည်. ....
မြန်မာပြည်က
လူတွေက . လုံးဝကို အမြင်လွဲမှားနေတာပါ …..
Top ကို . အပုန်း
Bot ကို အပွင့်
ဆိုပြီး … သတ်မှတ်ကြပေမယ့် ….
အပုန်းအပွင့်ဆိုတာ
… အထက်မှာ ဖော်ပြသလိုပါပဲ …..
တကယ်တမ်းဆိုရင်
…. ကျတော်တို့ဟာ … ကိုယ့်ကိုယ်ကို Top လို့ပြောနေပေမယ့်
GAY
လို့ဝန်ခံပြီးသားဖြစ်နေလို့ … အပွင့်တွေ့ဖြစ်ပါတယ် …..
Role ကတော့
. မိမိကိုယ်ကို သတ်မှတ်ကြတာပါ
တကယ်ချစ်တဲ့
. ချစ်သူတွေမှာ …. Role ဆိုတာ ဘာမှ အရေးမပါတော့ပါဘူး ….
လူဆိုတာ မိမိချစ်သူ
စိတ်ချမ်းသာဖို့ကို အမြဲတစေ လိုလားသူတွေပါ ….
ကိုယ့်ကိုယ်ကို
ဘယ်လောက်ပဲ Top / Bottom (Only) လို့ ပြောနေစေကာမူ ….
အားလုံးက .
Ver တွေပါပဲ …. မိမိချစ်သူအတွက် .
အားလုံးကို စွန့်လွှတ်အနစ်နာခံနိုင်တဲ့သူတွေပါ
(Straight
တွေမှာမရှိတဲ့ . ပြင်းပြတဲ့စိတ်တွေဟာ . GAY တွေမှာ အပြည့်အဝ ရှိနေနိုင်ပါတယ် ….. )
အဲဒါကတော့
ကျနော့်ရဲ့ အတွေးပါ … ကျနော့်အတွေး မှားကောင်းမှားနိုင်ပါတယ် ….
ဒါပေမယ့်
.. ကျနော်ကတော့ ကျနော့်အတွေးကိုမှန်တယ်လို့ယူဆပါတယ်
Straight
တွေရဲ့အမြင်မှာ GAY တွေကို တန်းတူဆက်ဆံစေချင်ရင်
မိမိရဲ့
စိတ်ကိုအရင် ပြောင်းလဲပစ်ရပါမယ် ……
အဲဒါကတော့ …..
မိမိရဲ့ (ဆန္ဒ) လို့ပြောရမှာပေါ့ …..
Straight
(ကျား/မ) တွေမှာ Sex ဖြစ်ချင်တဲ့ဆန္ဒ မရှိဘူးလို့ ဘယ်သူ အတပ်ပြောနိုင်မလဲ ….
အားလုံး
ရှိကြပါတယ် … ဘာလို့သူတို့ …. လူတန်းစေ့ နေနိုင်လဲ …. ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို
မိမိစိတ်ထဲမှာပဲထားတာပါ … အပြင်ကို လူသိရှင်ကြား ထုတ်ဖော်မပြောဘူးလေ ….
GAY
တွေကိုဘာလို့ Straight တွေ အမြင်စောင်းနေလဲ … အဖြေက ရှင်းရှင်းလေးပါ ….
Straight
တွေရဲ့အမြင်မှာ . GAY ဆိုတာ SEX ကိုပဲ စိတ်အားထက်သန်တယ်ဆိုပြီးပေါ့ ….
မှန်ပါတယ် …
သူတို့တွေလဲ . စိတ်အားထက်သန်တာပါပဲ …..
အဲဒီလိုဆိုရင်
… ဘာလုပ်သင့်လဲ …. သူတို့လိုပဲ .. စိတ်ထဲထားပေါ့ ….
ကိုယ်ချစ်သူအပေါ်
သစ္စာရှိပေါ့ … Human Right လိုချင်တယ် ….
လူလူချင်း
တန်းတူအခွင့်အရေးလိုချင်တယ် …. အဲဒါဆိုဘာလုပ်သင့်လဲ …. ?????
လွယ်လွယ်လေးပါ
…. မိမိကိုယ်တိုင် အရင်ပြောင်းလဲရမှာပါ ….
တစ်ယောက်ချင်း
မိမိရဲ့ ပုံစံလေးတွေကို ပြောင်းလဲမယ်ဆိုရင် ….
လူလူချင်းတန်းတူအခွင့်အရေးရဖို့ဆိုတာ … မဝေးတော့တဲ့ အနာဂတ်လေးဖြစ်လာမှာပါ …..
ကဲ…
တန်းတူအခွင့်အရေးရပါပြီတဲ့ ….
GAY တွေ
လက်ထက်ခွင့်ရပြီ …. ချစ်သူနှစ်ဦးကြားမှာ . A4 စာရွက်ကလေးတိုးလာတယ် ….
ဘာဖြစ်မလဲ ….
သင်တို့တော့ထင်ပါလိမ့်မယ် … အထူးသဖြင့် … Gay တွေပေါ့ … ဘာမှမဖြစ်ဘူးဆိုပြီးလေ …
အဲဒါကိုကမှားတာပါ
…. အဲဒီ A4 စာရွက်ကလေးဟာ .. Straight တွေအဖို့ သစ္စာစောင့်ထမ်းရမယ့် .
နှစ်ဦးသဘောတူ စာချုပ်ကလေးပါ ….
သူတို့လို
စောင့်ထမ်းနိုင်မယ်ဆိုရင် . လက်ထပ်ပေါ့ … မထမ်းနိုင်မချင်း … GAY
လက်ထပ်ခွင့်ပြုဖို့ တောင်းမနေဖို့ပဲ …
စာချုပ်နဲ့
ဖောက်ပြန်ရင် . ကိုယ့်ပေါင်ကို လှန်ထောင်းသလို ပိုပြီး $ရှက်ကွဲမှာပါ ….
အဲဒါဆို
ဘာလုပ်သင့်လဲ … ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်အောင်ကြိုးစားပါ …
အားလုံးရဲ့အမြင်မှာ GAY ကိုအမြင်မှန်လာတဲ့တစ်နေ့ … ကျနော်တို့ရဲ့ အိပ်မက်ကလဲ .
အလှပဆုံး အကောင်အထည်ပေါ်လာမှာပါ …
ကမ္ဘာပေါ်မှာ
လူတွေရဲ့ အလေးစားခံရတဲ့ . GAY တွေရှိကြပါတယ် …. သူတို့ဘာလို့ အလေးစားခံရသလဲ ….
လူလေးစားခံရအောင်နေလို့ပေါ့
.. ရှင်းရှင်းလေးပါ …
ð
ရွာဝင်တံခါးကိုတောင်
လူတွေကို အဝင်/အထွက်မလုပ်စေချင်ရင် ပိတ်ထားလိုက်လို့ရပါတယ်.
ð
ကျနော်တို့လဲ
.. ဒီဆန္ဒကြီးကို ပါးစပ်ကနေမထွက်အောင် ထိန်းထားရင်ဖြစ်ပါတယ် ….
GAY တွေမကဲနဲ့လို့ မပြောလိုပါဘူး … စောင့်ထိန်းရမယ့် .
ကျင့်ဝတ်တွေ . လောကနီတိ တွေရှိပါတယ် ..
အဲဒါတွေက အလကားထားတာမဟုတ်ပါဘူး … အဲဒီအတိုင်း
ကျင့်ကြံမယ်ဆိုရင် … လူလူချင်း တန်းတူအခွင့်အရေးဆိုတာ .. ဘာမှမခက်ပါဘူး …
တန်းတူအခွင့်အရေးဆိုတာ . လူရဲ့ စိတ်ပါပဲ …
ထိုလူတွေရဲ့စိတ်ကိုပြောင်းလဲစေချင်ရင် … မိမိကိုယ်ကို အရင်ပြောင်းလဲရမှာပါ ….
Straight တွေလဲ ရည်းစားများပါတယ် ….. ဒါပေမယ့် …. GAY
အနေနဲ့ …. စံတစ်ခုယူသင့်ပါတယ် …
Love နဲ့ Sex Partner ကို တစ်ဦးထဲပဲထားစေချင်ပါတယ် ….
ကျန်းမာရေးရှုထောင့် ကပဲကြည့်ကြည့် …
လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့် ….
အမြင်သင့်တယ်ပါတယ် ….
အဓိက ကျနော်ပြောချင်တာကတော့ ….. အရာရာဟာ မိမိ
အပေါ်သာမူတည်ပါတယ် ….
မိမိကောင်းနေရင် … ဘယ်သူမှ အပြစ်ပြောလို့မရပါဘူး ….
လူဆိုတာကလည်း . အမှား . (တနည်း) အပြစ်နဲ့ လုံးဝ
ကင်းတယ်လို့မှမရှိတာ …
ကိုယ့်ဆီမှာ . လူတွေ ခွင့်မလွှတ်နိုင်တဲ့
အပြစ်မရှိဘူးဆိုရင် …..
မဝေးတော့တဲ့အနာဂတ်မှာ …. GAY တွေရဲ့အနာဂတ်ဟာ ..
အေးချမ်းလှပစွာနဲ့တွေ့ရမယ်လို့ . ကျနော်တစ်ထစ်ချ ပြောရဲပါတယ် …
အဲ ….. မိမိပေါ်မှာမူတည်တယ်နော် ….. အဲဒါလေးတော့
မမေ့ကြေး …..
အားလုံး အေးချမ်းသာယာလှပတဲ့ . အနာဂတ်အတွက် ….လက်ချင်ယှဉ်တွဲ
ဝိုင်းဝန်း ကြိုးပမ်းဖို့ . တိုက်တွန်းအပ်ပါတယ်ဗျာ ……
ဘိုပြောရမလဲ အရမ်းမှန်တယ် ကျနော်က gay တော့ မဟုတ်ပါဘူး မိန်းကလေးပါ gayတွေကို အရမ်းချစ်တဲ့ သူတစ်ယောက်ပေါ့ Cosplayer Baozi နဲ့ Hana ကြောင့် gay တွေကို ထောက်ခံလာသူပါ ကျနော်လည်း အရင်က straight တစ်ယောက်ပါပဲ လူတွေက နားမလည်ကြဘူးဗျ ကျနော်ရှင်းပြပေမယ့် ကျနော်ကပဲရူးနေသလိုလိုနဲ့
ReplyDeleteဟူး.....ကြာတော့ စိတ်ကုန်လာလို့ မရှင်းတော့ဘူး ယောက်ကျာ်းလေးချင်းချစ်တာလို့ပြောရင် ဘယ်သူက မိန်းကလေးစိတ်လဲတဲ့ ကောင်းရော....