About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Friday, April 19, 2013



နှလုံးသားနှင့်ရင်း၍

အပိုင်း (၉)


“ဟလို”


စိုင်းလေးတစ်ယောက် ဖုန်းလာ၍ ကိုင်လိုက်သည် …


“အေး ချစ်ဆုံး … စိုင်းလေး … နင်အခု ဘယ်မှာလဲ … ဆိုင်မှာပဲလား ..”

“အင်းလေ … ဆိုင်မှာ … ဘာလို့လဲ ချစ်ဆုံး ….”

“နင်အပြင်ထွက်လို့ရလား … ငါ မုန့်သွားစားမလို့ …”

“အေး .. ခဏနေ ထွက်ခဲ့မယ် … မြို့ထဲလာအုံးမှာ … ဘယ်မှာဆုံမလဲ .. နင့်အိမ်မှာပဲလား …”

“အေး .. ငါ့အိမ်ပဲလာခဲ့လိုက် … စောင့်နေမယ်နော် .. .မကြာနဲ့ … ဒါပဲ”


စိုင်းလေး အဝတ်တက်လဲပီး . ဘုန်းဝဿန်ဆီ ဖုန်းခေါ်ဖို့ သတိရသွားသည် …


“ငါ့နားမင်းမရှိခဲ့တဲ့ အချိန်လေးများ . ငါ့အနားအမြဲ မင်းရှိသလိုနေပေးပါ … ငါတို့နှစ်ယောက်ဝေးကွာချိန်ခဏ …. … … .. . “ဟလို … စိုင်းလေး ပြော ..”

“အေး … နင်တို့ဘယ်မှာလဲ … ငါ အခု ရွှေမန်းသားဆီသွားမလို့ …. အဲ့ဒါ လိုက်မလားလို့ …”

“ရွှေရွှေကိုခေါ်ပီး . Diamond သာလာခဲ့တော့ …. ဒီမှာ ဆိုင်ကယ်တိုက်ထားတာ … ဆိုင်ကယ်လဲ ရစရာကိုမရှိတော့ဘူး … သွန်းက ခြေထောက်နာနေတယ် …. ပီးရင် နင်တို့ကိုလဲ အကူအညီတောင်းစရာရှိသေးလို့ … Season မှာစောင့်နေမယ် …. ဒါပဲနော် ..”

“အေးအေး … နင်ချည်းပဲ ပြောသွားတယ် … ဒါပဲ ..”


………………………………

“ဘုန်း ရှေ့ကြည့်မောင်း … တကတဲ မပြောလိုက်ချင်ဘူး … အာ့ကြောင့် နားကြပ် ထပ်ဝယ်ပါဆိုတာကို …. သွန်းကတော့ … ခုမှ ဟိုလူကြီးကို ပြန်တွေးရင်း .. တနှုံ့နှုံ့နဲ့ ဒေါသထွက်လာတယ် ….”

“ထားလိုက်တော့ .. သွန်းဗိုက်ဆာနေပီမလား …. လောလောဆယ် … Season မှာ ခဏထိုင်မယ် … ဟို်ကောင်တွေလာမှ Moon ကို တက်မယ်လေ . .နော် ….”

“အင်းပါ .. ဘုန်း သဘော ….”


Diamond ရောက်တော့ … ဆိုင်ကယ်ကို မြေအောက်ထပ်မှာအပ်ပီး … ပလာဇာထဲ မြေအောက်ထပ်ကနေပဲ တန်းဝင်ခဲ့လိုက်တယ် …. ဆိုင်ကယ်အပ်တဲ့နေရာနဲ့ Season နဲ့က မဝေးတော့ … သွန်းအတွက် အဆင်ပြေတာပေါ့ ….


“သွန်း ဘာသောက်မလဲ … ခုနေ တစ်ခုခုသောက်ထားလေ … ပီးမှာ  . အပေါ်မှာ စားမယ် … နော် …”

“အင်း … သွန်း . ကော်ဖီအေးပဲ သောက်မယ် …”

“အင်း … အစ်မ … ကော်ဖီအေး နှစ်ခွက် …..”

“၁၂၀၀ ပါ …”

“ဟုတ်အစ်မ … ဒီမှာပါ …”

“ကဒ်လေးယူသွားနော် …”

“ဟုတ် .. ကျေးဇူးပါ”


လူတွေ သိပ်မရှိတော့ .. ထိုင်စရာက သိပ်မရှား ….

ခဏကြာတော့ . ကော်ဖီအေးရောက်လာ၍ . ချစ်သူနှစ်ယောက် … ကော်ဖီအေးထဲ အာရုံ နှစ်ပီး တိတ်ဆိပ်စွာ သောက်နေမိကြသည် …


……………………………..

“ဟဲ့ .. ရွှေ … ဘုန်းတို့နှစ်ယောက် ဆိုင်ကယ်တိုက်လို့တဲ့ … ခု Season မှာငါတို့ကို စောင့်နေတယ် …”

“ဟယ် … ဘယ်လိုဖြစ်တာလဲ … ဆိုင်ကယ်တိုက်တာတောင် . ငါတို့ကို အကြောင်းမကြား ဘာမကြား …”

“လာလာ .. ပြောနေကြာတယ် … သွားကြမယ် ….”

“အေးပါ .. နင်ဆိုတာကလဲ …. တကတဲ .. လောနေတာချည်းပဲ…”


………………………………………

“ယောက်ဖ …. မင်းကို ကြည့်ရတာ .. တစ်မျိုးပဲ …. မင်း ဖေ့ဘုတ်ထဲလဲ ငါ ဝင်ကြည့်မိတယ် …. ခုတလော … မင်း Like လုပ်ထားတာ … လိင်တူ ချစ်သူ ပုံတွေကိုချည်း Like လုပ်နေတာကို တွေ့နေတယ် … ပြောပါအုံးကွ …”

“အေးပါကွာ … တကယ်ဆို … ငါတို့သူငယ်ချင်းအုပ်စုထဲမှာ .. ငါတို့နှစ်ယောက်က အတွဲအညီဆုံး … စိတ်တူကိုယ်တူ အဖြစ်ဆုံး . အချစ်ဆုံး .. ညီအကိုတွေဆိုလဲ မမှားဘူးပေါ့ …. ဟုတ်တယ် … သယ်ရင်းရာ …. ငါ … ယောကျ်ားလေးတွေကို နဲနဲ ပိုပီး စိတ်ဝင်စားမိနေသလိုပဲ …. ငါဘာလို့ အဲ့လို ဖြစ်သွားတာလဲ လည်း စဉ်းစားလို့မရဘူး … ငါ့ကိုယ်ငါလဲ အမြဲ အဖြေရှာနေတယ် … မတွေ့ဘူး သယ်ရင်းရာ …”

“ဘာမှ အဖြေရှာမနေနဲ့ . ယောက်ဖ … မင်း .. Lady Ga Ga ရဲ့ Born This Way သီချင်း သိတယ်မလား …”

“အင်း .. သိတယ် …”

“အဲ့ဒီအတိုင်းပဲ … အဲ့လောက်ဆို မင်းနားလည်မှာပါ …”

“ဒါဆို .. မင်းက ….”

“တော်ပီ . မပြောနဲ့တော့ .. စိတ်ထဲပဲထား … ဟုတ်ပီနော် …”

“ဟာကွာ … ငါ လုံးဝမထင်ထားဘူး … အာ့ကြောင့်ငါပြောပါတယ် .. .ငါတို့နှစ်ယောက်က စိတ်တူကိုယ်တူ … အမွှာညီအကိုတွေလိုပါလို့ …”

“ယောက်ဖ .. ငါ ရုပ်ရှင်ကြည့်ချင်တယ် … မင်းကော …”

“အင်းကြည့်မယ်လေ …. မင်းသဘော …”

“ဟား … ကျေးဇူး ယောက်ဖ … ဟီး … သွား လက်မှတ်သွားဖြတ်ချေလေ .. ငါ့အတွက်ကော …”

“ဒေါင်ချား .. မေဘေး ….”

“ဟား ဟားဟား …”


…………………………..

“စိုင်းလေး .. အရွှေ .. ဒီမှာ …”

“ဟဲ့ .. နင်တို့ လင်မယားနှစ်ယောက် ဘယ်လိုဖြစ်လာတာလဲ … ဘယ်နားထိသွားသေးလဲ …”

“ဒီလိုပါပဲဟယ် …. ဟိုဘက်ကမှားတာ … သွန်းက . ခြေထောက်နဲနဲထိသွားတယ် … လက်ဖနောင့်ကတော့ … ၂ ချက် ချုပ်ပေးလိုက်တယ် …. ငါ . သွန်းကို သနားတယ်အေ …”

“နင်တို့ဆိုတာလဲ အရာရာနဲ့ အကြောင်းကြောင်း …. ဟဲ့ .. အလျော်မတောင်းဘူးလားဟဲ့ … အဲ့လောက်ဖြစ်နေတာကို …”

“မတောင်းချင်ပါဘူး … အော်လီထက်ဆိုးတဲ့ .. တောလီလို အစားထဲက ဟာဆီကတော့ မတောင်းချင်ဘူး …. ကျေအေးပေးလိုက်တယ် ….”

“သိပီးသား … ဘုန်းဝဿန်တို့ ဘယ်လိုတွေ ပြောလာမယ် . ဖြစ်လာမယ်ဆိုတာ … နောကြေနေပီ .. နော် … ဟွင့်”

“ကဲပါ … နင်တို့က … ငါတို့ကို ကူညီမှာလား … ထိုင်ပီ အပြစ်ပြောနေမှာလား .. တကတဲ … လာ အပေါ်တက်မယ် … ဗိုက်ဆာတယ် …. Moon မှာ တစ်ခုခုသွားစားမယ် … လာ .. သွန်းကို ကူတွဲပေး ….”

“လာသွန်း .. ဖြည်းဖြည်း ….”


…………………………..

Moon ရောက်တော့ ….

“ဟာ .. အကိုတို့ ဘာဖြစ်လာတာလဲ …. ဒဏ်ရာဒဏ်ချက်တွေချည်းပဲ …”

“ဒီလိုပါပဲ … ကိုယ့်ကို … အရင်ကလိုပဲ … နှစ်ယောက်စာ .. စိုင်းနဲ့ ရွှေကော … ဘာစားမှာလဲ … ….”

“ကျနော့်ကို စတော်ဘယ်ရီမစ်ရှိတ် .. စိုင်းလေးကော …”

“အဲ့ဒါပဲ သောက်တော့မယ် …”

“ဒါဆို … နှစ်ခွက် …”


စားပွဲထိုးထွက်သွားတော့ .. ဘုန်းဝဿန်တစ်ယောက် …. သွန်းကို … တယုတယနဲ့ … လက်က ပေနေတာကို သုတ်ပေးနေချိန် …..

ဘေးတွေ သူစိမ်းတစ်ယောက် လာရပ်၍ သူတို့ နှစ်ယောက်ကို စိုက်ကြည့်နေသည် …. ထိုစဉ် သူငယ်ချင်း လေးယောက်လုံး အကြည့်များက ထိုသူ့ထံ …..


.

.

.

.

.


“ဟယ် … ကို ၂၀၀၀ …”

“အင် … ဗျာ .. ကျနော့်ကို ဘယ်လို ခေါ်လိုက်တယ် …”

“ဟဲ့ … ဘယ်လို ဘယ်လို …. ဘုန်းဝဿန် … ဘယ်က ကို ၂၀၀၀ လဲ …”

“အဲ .. မှားလို့ … ဓါတ်ဆီဆိုင်မှာ ၂၀၀၀ ကူပေးတဲ့ အကို မဟုတ်လား ..”

“ဟုတ်ပါတယ်ဗျာ … ခုလို ပြန်တွေ့ရတာ ဝမ်းသာပါတယ် …. ဘုန်ဝဿန်ရယ် …”

“ဟဲ့ .. နင်တို့ နှစ်ယောက်က သိနေကြတာလား ….”

“အော် … အရွှေနဲ့ အစိုင်းရယ် … သိတယ်ရယ်လို့မဟုတ်ပါဘူး .. ငါက သူ့ကို ဓါတ်ဆီဖိုး ကူညီခဲ့ဖူးလို ့သူက မှတ်မိတာနေမှာပါ …. ငါကတော့ သူ့ကို သိပါတယ် … အဲလောက် famous ဖြစ်တာကို ….”

“အာ … အဲ့လောက်လဲ မဟုတ်ပါဘူး … အော် ဒါနဲ့ နာမည်က …”

“ဘုန်းဂျူလိုင်မိုး ပါခင်ဗျာ …”

“အော် . ဟုတ် .. တွေ့ရတာ ဝမ်းသာပါတယ် …. ကျနော်က ဘုန်းဝဿန်ပါ … အော် .. ဒါက ကျနော် ချစ်သူ သွန်းဆင့် ပါ …”

“ဟုတ် . တွေ့ရတာ ဝမ်းသာပါတယ် …. ကျနော် သွန်းဆင့်ပါ …”


နှစ်ယောက်သား လက်ဆွဲနှုတ်ကဆက်ကြသည် …. ဂျူလိုင့်မျက်နှာ အနဲငယ်ပျက်သွားပေမယ့် … မသိသာခဲ့ ….


“အော် … ဒါနဲ့ မိတ်ဆက်ပေးအုံးမယ် .. ဒါက ကျနော် အချစ်ဆုံး သူငယ်ချင်း … ညီအကိုလိုပဲ …. နေလင်းတဲ့ ….”

“အော် . .ဟုတ် .. တွေ့ရတာ ဝမ်းသာပါတယ်ဗျ …”

“ယူတို့က ဒီမှာ ဘာလာလုပ်တာလဲ …”

“ယူတို့ကကော …”

“အော် .. ကျနော်တို့က … ပျင်းလို့ ခဏလာရင်း .. ရုပ်ရှင် ဝင်ကြည့်မလို့ …”

“သူတို့နှစ်ယောက်က ဒီက်ုိ နေ့လည်တိုင်း လာနေကျ … ငါတို့ နှစ်ယောက်က သူတို့ ခေါ်လို့ ဒီအချိန်ကြီး ရောက်လာတာ … သူတို့ ဆိုင်ကယ်တိုက်လို့တဲ့လေ …”

“ဟုတ်လား … ဘယ်နားမှာလဲ ..ဘာဖြစ်သွားသေးလဲ …”

“ဒီလိုပါပဲ .. သွန်းကတော့ တော်တော်ထိသွားတယ် … ကျနော်က ဘာမှ မဖြစ်ဘူး … တိုက်တာက ၃၅ × ၇၈ ထောင့်မှာ …”

“အော် .. ကျနော်လာတုန်းက .. . လူတွေ အုံးနေတာ … ဝဿန်တို့တိုက်တာလား … ကျနော်ရောက်တော့ .. ဝဿန်တို ့မရှိတော့ဘူး .. သွားပီတဲ့ .. ဟိုလူကြီးက ငြင်းတုန်း …”

“တော်ပါပီ … အဲ့လူကြီးအကြောင်း မကြားချင်တော့ဘူး …. ရွံလွန်းလို့ … ထားလိုက်တော့ … ဟဲ့ .. စိုင်းလေး .. ငါ့ကို .. ငါ့ Guide ပြတဲ့ဆီ ဖုန်းဆက်ပေးပါလား … သဘက်ခါမှ စာလာပြတော့မယ်လို့ … ငါတို့ ဖြစ်တာတွေပါ ပြောပြလိုက်ဟာ ….”

“အေးပါဟာ .. ပေး နင့်ဖုန်း ..”

“ရော့ …”

“ ကို ဂျူလိုင်တို့ ထိုင်အုံးလေ ….”

“နေပါစေတော့ … ကျနော်တို့လဲ … ခုပဲ ဝင်တော့မှာ … နောက်မှ ဆုံမယ်လေ … အစိုင်းနဲ့ အရွှေနဲ့ က ကျနော်နဲ့ သူငယ်ချင်းတွေလေ .. ဟိုနှစ်ယောက် .. ငါသွားနှင့်ပီ … ဝဿန်  သွားလိုက်အုံးမယ်နော် … သွန်းဆင့် … သွားပီဗျ …”

“ဟုတ် .. နောက်တော့ ဆုံတာပေါ့ …”

“ဟုတ် .. လာ ယောက်ဖ …”


………….

“ဟော … လာပီ …. စားမယ် .. ဝါးမယ် …”

“ငတ်ကြီးကျတွေ …. ကူမယ်မကြံဘူး … ဟဲ့ .. အစိုင်း .. ဘယ်လိုလဲ … ဖုန်းက ခေါ်လို့မရဘူးလား …”

“ခေါ်နေတာပဲ … လာမှ မကိုင်တဲ့ဟာကို ….”

“ပေး . ပေး … ငါခေါ်ကြည့်မယ် ….”


“…………”

“ဟလို …..”

“ဟလို … အန်တီမေ … သား . ဝဿန်ပါ …”

“အော် .. သားပြော …”

“သား .. ဒီ တစ်ရက် နှစ်ရက် .. မလာနိုင်ဘူးလို့ ပြောမလို့ပါ . အန်တီမေ …. ဒီနေ့ ဆိုင်ကယ် . အက်ဆီးဒင့် ဖြစ်လို့ …. အဲဒါ ..”

“ဟဲ့ .. ဘယ်လို … သား ဘယ်နားထိသွားသေးလဲ …. ခုဘယ်မှာလဲ .. .အန်တီမေ တို့ လာခဲ့မယ် …”
“ရတယ် .. သားဘာမှမဖြစ်ပါဘူး … ဒီအတိုင်း . ခဏနားလိုက်တာပါ … ကျောင်းသားတွေကိုတော့ .. ဗုဒ္ဓဟူးနေ့မှ စာမေးပွဲ စစ်တော့မယ်လို့နော် ….”

“အော်  … .အေးအေး .. သားဘာမှမဖြစ်ရင်ပီးရောပါ …. နားလိုက်အုံးနော် …”

“ဟုတ် .. အန်တီမေ .. ဒါဆို … သား ဖုန်းချလို်က်တော့မယ်နော် ….”

“အေး .. သား … ဒါပဲနော် …”

“ဟုတ် .. အန်တီမေ ..”


“ကဲ … စားကြမယ် … နှစ်ရက်မလာနို်င်ဘူးလို့တော့ ပြောပီးပီ … ပြီးရင် … 3D သွားကြည့်မယ် ….”

“ဟဲ့ … ဟိုက ဒဏ်ရာနဲ့ .. ပြန်မနားဘူးလား … ခွင့်လဲတိုင်ထားတာကို …”

“ဟီးးးးးးး … ခွင့်တိုင်ပီးပီဆိုတော့ …. ရုပ်ရှင်မကြည့်တာကြာလို့ …. သွန်းကော ကြည့်မယ်မလား …”

“အင်း .. ကြည့်မယ်လေ …. ရုပ်ရှင်မကြည့်တာလဲ ကြာပြီ ….”

“ငါတို့ကိုက မှားပါတယ် … ဒီလင်မယားနှစ်ယောက်နဲ့ဆို … ငါတို့ပဲ သောက်ရှက်ကွဲမယ် … တကတဲ …”

“ဟား ဟားဟား …”

“ဟဲ့ … ငါတို့ကို အကူအညီတောင်းအုံးမယ်ဆို … ဘာလဲ ..”

“ပီးရင် … ဆိုင်ကယ်ဝပ်ရှော့လိုက်ခဲ့ပေး … ဆိုင်ကယ် သွားပြင်မယ် … ပီးရင် …. သူ့ကို အဆောင်ငါပြန်လိုက်ပို့ပီး သူနဲ့ နေလိုက်အုံး .. နင်တို့နှစ်ယောက် . ငါ့အိမ်ကိုသွားပီး ပြောပေး …. စိတ်ပူအောင်မပြောနဲ့နော် …. ပီးတော့ … မနီကို အကျႋင်္ထည့်ခိုင်းပီး ယူလာခဲ့ပေးလေနော် … အဲ့ဒါလေးပဲ အကူအညီတောင်းမလို့ပါ …. ေိေိ”

“ဖော်လော်မော် … ငါတို့ကို တစ်မျှော်တစ်ခေါ်သွားခိုင်းအုံးမယ် .. ကမ”

“ဘာလဲ … နင်တို့က မကူညီချင်ဘူးပေါ့ …”

“အေးပါ …. တကတဲ …. ကောက်မယ်ဆိုတာချည်းပဲ …”

“ဟီး .. ဒါမှ နာ့အချစ်ဆုံးတွေ …ေိေိ”


………………………….

No comments:

Post a Comment