About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Monday, December 31, 2012

နှလုံးသားနှင့်ရင်း၍



နှလုံးသားနှင့်ရင်း၍


အပိုင်း (၁)


“သားရေ … ထတော့”

မနက်ခင်း အမေ့အသံကြားတော့ … အညောင်းဆန့်ရင်း အိပ်ယာထခဲ့တယ် ။


“သား … ထတော့ … သင်တန်းသွားရအုံးမယ်လေ”

“ဟုတ် မေမေ …. အင်းးးး”

“ကဲ ထ … အညောင်းဆန့်မနေနဲ့ … နေဖင်ထိုးနေပြီ …. Guide သွားဖို့လဲ ရှိသေးတယ်မလား …. အဲဒါကြောင့် ညအိပ်ယာ စောစောဝင်ပါလို့ပြောသားပဲ … ကဲ မျက်နှာသစ် သွားတိုက် … မနက်စာပြင်ပေးထားမယ် …. သားအဖေတော့ အပြင်သွားပြီ”


အမေ့ရဲ့ တရစပ် စကားများကြောင့် အိပ်ယာသိမ်းပြီး …. အိမ်သာဒိုးရသေးတယ်။


“ကိုယ်တော်ချော အိမ်သာထဲမှာလဲ အင်တာနက်သုံးရင်း ကြာမနေနဲ့အုံး မြန်မြန်တက်”

“အင်းပါ မေ ရဲ့”


အိမ်သာတက်ပြီး မျက်နှာသစ် သွားတိုက်ပြီး … ရေချိုးခန်းဝင်လိုက်တယ် ။

ရေချိုးရင်း သီချင်းဆိုတတ်တဲ့ ကျွန်တော့်အကျင့်အတိုင်း သီချင်းလေး အော်ဆိုရင်း ချိုးတော်ရေသုံးတော့ …


“ဟဲ့ အချိန်က ကပ်နေပြီ … အသံဗြဲကြီးနဲ့ … ချိုးစရာရှိ မြန်မြန်ချိုးပါဟဲ့ …”

“ဟုတ်ကဲ့ပါ အမေ ရယ် …”


ရေချိုးခန်းထဲက ထွက်လာတော့ … အမေပြင်ပေးထားတဲ့ မနက်စာအရင်စားလိုက်တယ်။

ပြီးတော့မှ အခန်းထဲဝင် အလှပြင်ရတယ်လေ….။


(အဲ …. ဒါနဲ့ မပြောမဖြစ်ပြောလိုက်ပါ့မယ် …. ကျွန်တော်အလှပြင်တယ်ဆိုတာ …. မိန်းကလေးတွေလိုတော့မဟုတ်ပါဘူး …. ယောကျ်ားလေးတစ်ယောက်ရှိသင့်တဲ့ အသားအရေကို ထိန်းသိမ်းတာပါ …. မှန်တင်ခုံရှေ့ထိုင် မျက်ကပ်မှန်အရင်တပ် …. ပြီးတော့ .. Tona လေးအရင်လိမ်း … နို့ရည်လေးပါးပါးလိမ်းတယ် …. ပြီးမှ .. Day Cream လိမ်းတယ် …. နောက်ဆုံးပိတ် နှုတ်ခမ်းကို အဆီဆိုးလိုက်တယ်)

ဒါကတော့ မနက်တိုင်းလိုလို အချိန်တစ်ခုပေးပြီးလုပ်တဲ့ တစ်နေ့တာရဲ့အစပထမ တာဝန်တစ်ခုပေါ့ … :P   …)


ပြီးတော့ စီးတော်ယာဉ် ဆိုင်ကယ်နဲ့ သင်တန်းဒိုးရပြီ ….

1 comment:

  1. Titanium Trimmer - TITanium Art | TITanium Art | TITanium Art
    The TITanium Trimmer is a piece of art. A small does titanium set off metal detectors brass core is used to hold titanium watches a variety of traditional mens titanium rings tools. titanium earring posts The Trimmer is a simple tool titanium gravel bike to make $2.95 · ‎In stock

    ReplyDelete