About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Tuesday, January 22, 2013




နှလုံးသားနှင့်ရင်း၍

အပိုင်း (၄)


ကလပ်ကပြန်တော့ … မနက် နှစ်နာရီ မတ်တင်းနေပြီ ….

သူကျနော့်ဆိုင်ကယ်နောက်က ထိုင်လိုက်ရင်း ကျနော့ခါးကိုတင်းတင်းကြပ်ကြပ်ဖတ်ထားတယ် …. ပုခုံးထက်မှာ သူ့ရဲ့မေးလေးကိုတင်းရင်း …


“သိပ်ချစ်တယ် ဘုန်း ရယ်”

“ကျနော်လဲ ချစ်ပါတယ် ….. ကဲ …. ပြန်မယ် …. ဟူးးးးးးးးးးးး … ဟားဟားဟားဟား”


စိတ်လွတ်ကိုယ်လွတ် အော်ပြီ အကျယ်ကြီးရီပစ်လိုက်သည် ….


“ဘုန်း … ကျနော်တွေဘာတွေလုပ်မနေနဲ့တော့ကွာ …. ဘုန်းက .. ခုနှစ်လပိုင်းမွေးတယ် . သွန်းက ရှစ်လပိုင်း လလယ်လောက်မွေးတယ် … သိပ်မှမကွာတာ ….”

“ကျနော်လို့ပြောတာ အကျင့်ပါနေလို့ပါဗျာ …”

“ဒါဆို … ကျနော်က ဘုန်းလို့ခေါ်မယ် …. ကျနော်ကို … သွန်းလို့ပဲခေါ် … ဘယ်လိုလဲ …”

“အင်းကောင်းသားပဲ …..”

“မပြန်ချင်သေးဘူး ဘုန်းရယ် …. ဗိုက်လဲဆာသလိုပဲ … တစ်ခုခုသွားစားရအောင် …”

“အင်း ကောင်းသားပဲ … ဘုန်းလဲ ဗိုက်ဆာနေတာနဲ့အတော်ပဲ … ဆေးကျောင်းဘက်မှာ အလင်းဆိုင်ရှိတယ် … အဲဒီဘက်သွားရအောင် …”

“အင်းသွားလေ …”

“ဒါနဲ့ တစ်ခုမေးအုံးမယ် … ဘုန်းနဲ့ ချစ်သူဖြစ်သွားတော့ … အခုလို ညဘက်မဟုတ်ဘဲ … နေ့ခင်းဘက်ကော တွဲသွားရဲလို့လား … သွန်းက …”

“အော် ဘုန်းရယ် … ကိုယ့်ချစ်သူနဲ့ တွဲသွားတာပဲ … ဘယ်သူ့ကို ဂရုစိုက်ရမှာလဲ … ဘုန်းကော ….”

“ဘုန်းအတွက်က စိတ်ချပါ …. ဘုန်းကလေ … ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး … ခပ်ချေချေပဲ … အခြားသူတွေဘာပြောပြော ကိုယ်ကတော့ … နှလုံးသားရှိပြီး ချစ်တတ်တဲ့သူတိုင်း … လိင်ခွဲခြားမှုမရှိ ချစ်ခွင့်ရှိတယ်လို့ပဲ ယူဆတယ် …”

“ဟုတ်တယ် … သွန်းလဲ ဒီအတိုင်းပဲ ….”

“ကဲ ရောက်ပြီ …. ဆင်း”


နှစ်ယောက်သား ခပ်တည်တည်ဖြင့် ဆိုင်ရှေ့ ထောင့်ကျတဲ့ စားပွဲရွေးထိုင်လိုက်တယ် ….


“ကဲ ဆရာလေး ဘာရလဲ”

“ထမင်းကြော် . ခေါက်ဆွဲပြုတ် . စမူဆာ . အာပူလျှာပူ …………..”

“ကျနော့်ကို အာပူလျှာပူတစ်ပွဲ … သွန်းကော ဘာစားမလဲ”

“ကျနော့်ကိုလဲ . အဲဒါပဲပေး ….”

“ဒါဆို အာပူလျှာပူ နှစ်ပွဲပေါ့ ….”

“ဟုတ်”

 “ဒီဆိုင်လေးကမဆိုးဘူး သိလား သွန်း … တစ်ညလုံးလည်း လူပြတ်တယ်မရှိဘူး …. ဒီနားမှာ အဆောင်တွေလဲရှိတယ် … ကျောင်းသားတွေအများဆုံးလာစားကြတာ ….”

“အဲဒီတော့ … ဘုန်းက တစ်ခါတလေ သူငယ်လာထောင်တယ်ဆိုပါတော့ …”

“သူငယ်ထောင်စရာလား … စဉ်းစားလေ …. ေိေိ”


ချစ်စဦး ချစ်သူနှစ်ယောက် ကြည်နူးမှုတွေဖြာပြီး ပတ်ဝန်းကျင်အရာအားလုံးကို မေ့ထားလိုက်တယ် …. အော် … အချစ်ရဲ့စွမ်းအားတွေပါလား ……

အာပူလျှာပူရောက်တော့ … နှစ်ယောက်သား … ခေါင်းမဖော်တမ်း မြိန်ရည်လျှက်ရည် သောက်ကြတာ … စကားပြောဖို့တောင်မေ့နေကြတယ် ….


“ဟား … ဗိုက်တောင်တင်းသွားတယ် …. သွန်း … ဝလား … မဝသေးရင် မှာနော် … ဘာသောက်အုံးမလဲ …”

“ဟင့်အင်း … ဝပြီ … လာ ကျုံးဘက် သွားပြီး လမ်းခဏလျှောက်ရအောင် …. ဗိုက်ချောင်အောင်လေ … ငါးမိနစ်လောက်လျှောက်ပြီးမှ ပြန်မယ် …. ဘယ်လိုလဲ”

“အင်းကောင်းသားပဲ …. ရွှတ်ရွှတ် … ရှင်းမယ် …”

“ဘယ်လောက်လဲ ညီလေး …”

“အကြော်ပါလား အကို ….”

“အဲ … မသိဘူးကွဲ့ … လာချပေးတဲ့တစ်ယောက်ကိုမေးကြည့်ပါလား …”

“ဟုတ် .. ခဏနော် …”

“……………”

“အကို …. ၁၀၀၀ ပါ အကို …”

“အော် … အင်း … ရော့ပါဗျာ …”

“ဟုတ်”

“Thank You”

…….


နှစ်ယောက်သား ကျူံးဘက်ထွက်လာခဲ့သည် …. ကျူံးဘက်မှာ ငါးမိနစ်ကျော်ကျော်လောက်လမ်းလျှောက်ပြီး … အဆောင်ကို ပြန်လာခဲ့တယ် …. အဆောင်ကိုပြန်ရောက်တော့ … သုံးနာရီတောင်ထိုးနေပြီ ….. တော်ပါသေးရဲ့ … သွန်းဆီမှာ … လူဝင်တံခါးမသော့ပါလို့ …. အဆောင်ရှင်က … အဆောင်တံခါးမသော့အပို တစ်ချောင်းစီကို အဆောင်နေသူတွေကို တစ်ချောင်းစီပေးထားတယ် … အဲဒီတစ်ခုတော့မဆိုးဘူး … အပြန်နောက်ကျတဲ့သူတွေအတွက် အိုကေပဲ …

အဆောင်ရောက်တော့ … ကျနော်က ရေချိုးခန်းထဲဝင်ကိုယ်လက် သန့်ရှင်းလေးလုပ်တယ် … ထွက်လာတော့ .. ကိုယ်တော်ချောက အိပ်ရာပေါ်မှာ ပက်လက် ….


“ကဲ ကိုယ်တော်ချော … သွား ကိုယ်လက် သန့်ချေ …. အပျင်းကြီးတယ် …. သွား လိမ္မာတယ် … သွား ….”


သူရေချိုးခန်းထဲဝင်တုန်း … ကျနော်ဝတ်ဖို့ ညဝတ်အကျႌထုတ်ပြီး .. လဲဝတ်လိုက်သည် …

မနီ က အဲဒါတွေ အားကိုးတယ် … ကျနော့်အထိန်းလို့ မပြောရဘူး … အကုန်အလိုက်သိတယ် … အကျႌတွေ Fashion ကျကျ ဝတ်ဖို့ဆို ဦးနှောက်ခြောက်နေစရာမလိုဘူး …. သူဆင်တာသာ ဝတ် …. လန်ထွက်သွားစေရမယ် … အခုလဲ … ညဝတ်အကျႌပါထဲ့ပေးဖို့မပြောလိုက်ရဘူး … တစ်ခါတည်းပါပြီးသား … အဲဒါကြောင့် မနီ ကကျနော်လက်ဆွဲဖြစ်နေရတာ …..

မကြာပါဘူး …. ကိုယ်တော်ချော အိပ်ချင်တဲ့ မျက်နှာဘေးနဲ့ ပြန်ထွက်လာတယ် …. ကုတင်ပေါ်တက်ဖို့ကြံတုန်း …


“ဟေ့ . ဟေ့ . ဟေ့ … ခဏ . ခဏ … မညစ်ပတ်နဲ့ … အဝတ်လဲပြီးမှအိပ် … ဇီဇာကြောင်တယ်ပြောလဲ မတတ်နိုင်ဘူး …. လာ … ညဝတ်အကျႌလဲပြီးမှ အိပ် ….”

“အင်းပါ …. ဇီဇာကြောင်တယ်မပြောပါဘူး … မပြောရက်ပါဘူး … ကဲ လဲပါပြီဗျာ ….”


အဲ …. ကောက်ခါငင်ခါ အကျႌချွတ်လိုက်သည် …. အကျႌတင်တော့ ဘာမှမဖြစ် …. ဘောင်းဘီပါ ချွတ်ပစ်လိုက်တယ် …. ခန္ဓာကိုယ်မှာ … အဝတ်အစား ဗလာနတ္ထိ … အသားကလဲ ဖွေးဥနေတာပဲ …. ရင်တွေလဲ တစ်ဒိန်းဒိန်းခုန်လာမိတယ် …. ရုတ်တရက် … သူ ဒီဘက်ကို လှည့်ဖို့ ကြိုးစားဟန်တူသည် … ခန္ဓာကိုယ်နဲနဲလှုပ်လာသည် …


“ဟိတ် … အဝတ်တွေ မြန်မြန်ဝတ်တော့လေ … လှည့်လာဖို့ မကြိုးစားနဲ့နော် … ဟင်းဟင်း …”

အဲဒီတော့မှ …. ဗီရိုထဲက ညဝတ်အကျႌနဲ့ ဘောင်းဘီကို ဝတ်လိုက်သည် ….

ပြီးတော့ … ချိုမြသော အပြုံးလေးနဲ့ ကျနော့်လက်ကို ဆွဲပြီး …. မက်မက်မောမော နမ်းရှိုက်ရင်း …. နှစ်ယောက်သား … ကုတင် မွေ့ရာပေါ် လဲလျောင်းမိသွားသည် ….

ထို့နောက် … လူချင်းနဲနဲ ခွာပြီး …. ကျနော့်ရင်ခွင်ထဲမှာ သူ့မျက်နှာအပ်ထားပြီး …. ကျနော့်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည် ….


“သိပ်ချစ်တာပဲ ဘုန်းရယ် …. ကျနော့်ကို ဘယ်တော့မှ ပစ်မသွားပါနဲ့နော် …. တစ်ချိန်မှာ အိမ်ထောင်ပြုကို ပြုရမယ်ဆိုရင် … ကျနော့်ရဲ့ အိမ်ထောင်ဖက်က ဘုန်း တစ်ယောက်ထဲပဲ ဖြစ်စေချင်တယ် …. အဲဒါ ကျနော့်ဘဝရဲ့ ဆန္ဒပါ ….”

“သွန်း … အစားကို ကုန်အောင်စား … စကားကို ကုန်အောင်မပြောနဲ့တဲ့ … သွန်း ဘုန်းကိုချစ်တဲ့အချစ်ကို ဘုန်း အကြွင်းမဲ့ယုံပါတယ် …. ဒါပေမယ့် … ဘုန်းတို့ သွန်းတို့က ငယ်သေးတယ်လေ …. ခုဆို နှစ်ယောက်စလုံး … ၁၇ တောင်မပြည့်သေးဘူး … အနာဂတ်ကကြောင်းတွေကို အခု ပစ္စုပ္ပန်မှာ မပြောပါနဲ့လား သွန်းရယ်နော် … ခုအချိန်မှာ ဘုန်းတို့ .. တစ်ယောက်ကိုတစ်ယောက် နှစ်နှစ်ကာကာ ချစ်နေရင်ပဲ … ပြည့်စုံနေပါပြီ … နော် …”

“အင်း ….”

“ကဲ အိပ်ကြစို့ …. မီးပိတ်လိုက်တော့ …. တံခါးကော သေချာပိတ်ခဲ့ရဲ့လား …”

“အံမလေး … ဆရာရယ် … ပိတ်ခဲ့ပါတယ် … ကဲ မီးပိတ်ပြီ ….”


မီးပိတ်လိုက်တော့ … ညမီး .. အရောင်ဖြဖြအောက်ကမှာ .. နှစ်ယောက်သား အတွေးကိုယ်စီ နှုတ်ဆိတ်နေမိသည် ….

ကျနော်တို့နှစ်ယောက်စလုံး … သူစိမ်းနဲ့အတူ နှစ်ယောက်ထဲသီးသန့် ပထမဆုံး နီးနီးကပ်ကပ်နေခြင်းဖြစ်လို့ …. တစ်မျိုးကြီးဖြစ်နေမိသည် ….

ချစ်သူနဲ့အတူ အနီးဆုံး အတူနေရလို့လဲ … ရင်တွေ ခုန်နေမိသည် ….

သူ မီးရောင်မှိိန်မှိန်ထဲကနေ ကျနော့်ကို စိုက်ကြည့်နေသည် ….

ကျနော်လဲ သူကိုပြန်ကြည့်ရင်း … သူ့နှဖူးကို ယုယစွာ နမ်းလိုက်သည် …. ထိုစဉ် …


“ဘုန်း …. သွန်း ဘုန်းနဲ့ ချစ်ချင်တယ် …”

“အခု ချစ်သူတွေဖြစ်နေပြီပဲလေ …. ဘာလိုသေးလို့လဲ …”

“အဲဒါကိုပြောတာမဟုတ်ဘူးလေ …. ဘုန်း သွန်းကို ချစ်ချင်တယ်ဆိုရင်လဲ … သွန်း … ကျေကျေနပ်နပ်ပဲပေးဆပ်မှာပါ ….”


အဲဒီကျမှ … ကျနော် ငပိန်း … သဘောပေါက်တော့သည် …


“သွန်း …”


သူ ကျနော့်ကို စိုက်ကြည့်နေသည် ….


“ဘုန်းပြောမယ်နော် …. ဘုန်း သွန်းကို ချစ်တယ်ဆိုတာ အဲဒီကိစ္စကြောင့်ချစ်တာမဟုတ်ဘူး သွန်း …. သွန်းကို ဘုန်း … ဖြူဖြူစင်စင်ချစ်တာပါ … လောလောဆယ် … ချစ်သူဖြစ်တဲ့ ပထမဆုံးနေ့မှာ … ဘုန်းတို့ … ဖြူဖြူစင်စင်ပဲ နေကြမယ် … ဘယ်သူမှ မသိဘူးဆိုပေမယ့် … ကိုယ့်လိပ်ပြာကို သန့်အောင်နေကြမယ်နော် … ဒီနေ့ညက ဘုန်းတို့ရဲ့ မင်္ဂလာဦးညမဟုတ်သေးဘူး …. ဘုန်းနဲ့သွန်း ချစ်သူဖြစ်တဲ့ ပထမဆုံးညပဲရှိသေးတယ်လေ …. ဘုန်းပြောတာ နားလည်လား …”

“အင်း … ဘုန်းရယ် …. သွန်းလေ …. ဘုန်းကိုချစ်မိတာမမှားဘူးသိလား …. ကဲ ဘုန်း အိပ်တော့ … ဘုန်းလဲ ပင်ပန်းရောပေါ့ …. မနက်သင်တန်းတက် … ညနေ Guide ပြနဲ့ …. အခုလဲ … ကလပ်မှာ သွန်းတို့ … ကဲခဲ့ပြီ ……….. ဘုန်း ..”

“ဟင်”

“ဘုန်းရင်ခွင်ထဲမှာလေ …. ဒီလိုပဲ တစ်သက်လုံး နေသွားချင်တယ် … ဘုန်းရယ် …”

“အော် သွန်းရယ် …. ဖြစ်လာမှာပါ ….ဘာမှ တွေးပူမနေပါနဲ့ …. ကဲ .. အိပ်တော့နော် …. Good Night .. အဲ .. မှားလို့ … Good Morning …. Sweet Dream …. ချစ်တယ် သိလား ….”

“ Imm .. Me too ..”

No comments:

Post a Comment