About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Thursday, January 31, 2013




နှလုံးသားနှင့်ရင်း၍

အပိုင်း (၅)


“၀ါးးးးးးးးးးးးးးးး …. အင်း ….. အံမလေး ညောင်းလိုက်တာ …. အင်း”

မနက်ခင်း အပျင်းကြောတွေအကုန်လုံး ဆွဲဆန့်ပြီး ကုတင်ထက် ထထိုင်လိုက်တယ် ။

ဘေးက ကိုယ်တော်ချောကတော့ မှောက်ရက်ကြီး အိပ်ကောင်းတုန်း ……

နာရီကိုလှန်းကြည့်လိုက်တော့ . မနက် ရှစ်နာရီခွဲနေပြီ .


“အင်း . တော်တော်တောင် နေမြင့်နေပြီ ….”


ရေချိုးခန်းဝင် မျက်နှာသစ် ၊ သွားတိုက် ပြီး . ရေပါချိုးလိုက်တယ် … နွေဦး မနက်ခင်းလေးကို အဲဒါကြိုက်တာ … အေးလဲမအေး . ပူလဲမပူ . တကယ့်ကို ကဗျာဆန်စရာ နံနက်ခင်းလေး …

ရေချိုးခန်းထဲက ထွက်လာတော့ . ကိုယ်တော်ချောက ကျနော့်ကို ပြုံးပြီးစိုက်ကြည့်နေလေရဲ့ ….


“ကဲ ကိုယ်တော်ချော . ထတော့ . သွား မနက်စာသွားစားရအောင်”

“အင်း … အိပ်ချင်သေးတယ် … မျက်လုံးတွေစပ်နေတာပဲ … ခဏထပ်အိပ်အုံးမယ်လေ”

“ကဲပါ … ထပါတော့ … မျက်လုံးစပ်လဲ ခဏပဲ … ရေချိုးလိုက် ပျောက်သွားလိမ့်မယ် …

လာပါ … ထပါ … ဒါလူအိပ်ချိန်မဟုတ်တော့ဘူး … ထ ….”


မရမက ဇွတ်ထခိုင်းမှ … မထချင်ထချင်ဖြင့် ရေချိုးခန်းထဲဝင်သွားတော့သည် . ထိုအချိန် ကျနော်ကတော့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မယ်လေ …

သူ ရေချိုးခန်းထဲကထွက်လာတော့ . ကျနော်က အဆင်သင့်ဖြစ်နေပြီ . သူ့ကိုခဏစောင့်ပြီး နှစ်ယောက်အတူတူ မနက်စာစားဖို့ထွက် Friend လဖက်ရည်ဆိုင်ကို ထွက်လာခဲ့သည် .

ဟိုရောက်တော့ …. လူတွေကို တော်တော်များများရောက်နေနှင့်ပြီ …. ခုံနေရာတော်တော်ရှာလိုက်ရတယ် … နောက်ဆုံးတော့ … နံရံနားက ၀ိုင်းလေးတစ်ဝိုင်း မြန်မြန်ဦးလိုက်ရတယ် … နို့မဟုတ်ရင် ဆိုင်ပြောင်းရမယ့်ကိန်း ….


“ရွှတ် ရွှတ် … ညီလေး … …. ဘာရလဲ”

“ဘာစားမလဲအကို … မနက်ခင်းစာ အကုန်ရတယ် …”

“သွန်း … ဘာစားမလဲ … ဟို ညီလေး . ကိုယ့်အတွက် . မုန့်ဟင်းခါး … သွန်းကော…”

“သွန်းလဲ အဲဒါပဲစားမယ် . ဘုန်း …”

“ဒါဆို မုန်းဟင်းခါးနှစ်ပွဲ ချပေးညီ … နော် ….”

“ဟုတ် ….”


“၀ါးးးးးးးးးးးးးးးးးးးး …. အိပ်ချင်လိုက်တာ …”

“သူများဆိုင်ကြီးထဲမှာ …. တစ်ခါတစ်လေလေး …. အိပ်ရေးပျက်တာကို … အဆောင်ပြန်ရောက်မှ ပြန်အိပ် …. ဒီမှာတော့ အာပြဲကြီးသန်းမနေနဲ့ ကိုယ်တော် … သူများဆိုင် . ပြီးတော့ မနက်အစောကြီး …”

“မအိပ်တော့ပါဘူး …. ဘုန်းကော … ဘယ်သွားဖို့ရှိသေးလဲ … ဘုန်းသွားတဲ့နေရာအကုန်လိုက်မယ်လေ … သွန်းလဲ ဒီနေ့ ဘယ်မှသွားစရာမရှိဘူး …”

“ဒီနေ့ဘယ်မှတော့သွားစရာမရှိဘူး … A4 စာရွက်ဝင်ဝယ်မယ် …. ပြီးတော့ . အိမ်ပြန်ရမယ်လေ …. တနင်္လာနေ့ ကလေးတွေ စာမေးပွဲဖြေခိုင်းမလို့ .. အဲဒါ အိမ်မှာ မေးခွန်းလေး နဲနဲ ထုတ် … ပြီးတော့ …. Print ထုတ်ရမယ်လေ …”

“ဘုန်း … သွန်းလေ ….”

“အင်း ပြောလေ. …”

“ဘာမှဟုတ်တော့ဘူး .. ဟီးးး … ဟော .. မုန့်ဟင်းခါးလာပြီ … စားမယ် …. … ဟင်းးး … မွှေးလိုက်တာ … နောက်ဆို … ဒီမှာ မုန့်ဟင်းခါးလာစားရမယ် … ေိေိ”

“မုန့်ဟင်းခါးစားချင်ရင် .. ဒီနားမှာပဲ .. ရွှေလက်ရာ မုန့်ဟင်းခါးဆိုင်ရှိတယ် … မန်းလေးမှာမုန့်ဟင်းခါးစားချင်ရင် … ရွှေလက်ရာ နဲ့ ဒေါရှုဘီ … အဲဒီနှစ်ဆိုင်ကတော့ အကောင်းဆုံးပဲ …”

“ကဲစား … အေးကုန်လိ်မ့်မယ် …”


နှစ်ယောက်လား … ချွေးတစ်ရွှဲရွှဲနဲ့ စားကြတာ … စကားတောင်မပြောနိုင်ကြတော့ …

ကျနော်ကလဲ မပြောဖြစ်တာပါ … အစာစားရင် စကားမပြောတတ်တာ ကျနော်တို့အိမ်သားအားလုံးအကျင့်တစ်ခုပါ … ရန်ကုန်သားဖြစ်တဲ့သူကတော့ ကျနော်ကို နားလည်ပေးတာလားတော့မပြောတတ် … အစာစားနေရင် လုံးဝ ကျနော့်ကို စကားစမပြောဘူး … ဟီး … အဲဒါလေးကိုက ချစ်ဖို့ကောင်းတာ …..


“ဒါဆို . ဘုန်းက ပြန်တော့မှာပေါ့ ….”

“အင်းးးး … အဲဒါ စဉ်းစားနေတာ … သွန်း ဘယ်တွေရောက်ပြီးပြီလဲ …”

“ရောက်တာတော့ တော်တော်ရောက်ပြီးပြီ …”

“မန်းလေးတောင်ကော တက်ပြီးပြီလား ….”

“အင်း …. တစ်ခေါက်တော့ ရောက်ပြီးပြီ …. ဒီက သူငယ်ချင်းတစ်ယောက်လိုက်ပို့ပေးတာ … Facebook ကသူငယ်ချင်းလေ … ဘုန်းကောသိမလားမသိဘူး … စိုင်းလေး လေ”

(Sai Lay ရေ … နင့်နာမည်လဲ ငါယူသုံးလိုက်တယ်နော်….. :P)

“အင်း သိတယ်လေ …. သူလဲ ဘုန်းရဲ့ သူငယ်ချင်းပဲလေ …. သြော် ဒါမျိုးကျတော့ လျှိုထားတယ်နော် …. ဘုန်းတောင် စိုင်းလေးဆီမရောက်ဖြစ်တာ ကြာပြီ … ပြီးရင်သွားကြမယ်လေ … သူ့ဆီဖုန်းဆက်လိုက်အုံးမယ် … ဒီနေ့ သူအပြင်ထွက်လို့ရရင် သူ့ပါ ခေါ်သွားလိုက်မယ် … ဘယ်လိုလဲ …”

“အင်း ကောင်းသားပဲ … ဟိုနေ့က ဘုန်း သူငယ်ချင်း ရွှေမန်းသားတို့ကိုလဲခေါ်လိုက်လေ …. အဖွဲ့လိုက်သွားတော့ ပိုပျော်ဖို့ကောင်းတာပေါ့ ….”

“အင်း .. ခဏ ဆက်လိုက်အုံးမယ်….”


စိုင်းလေးဆီ အရင်ဆက်လိုက်သည် … ကံကောင်းပါသည် … ဒီနေ့ ဥပုသ်နေ့ဖြစ်နေလို့ . သူအပြင်ထွက်လို့ရတယ်တဲ့ … သူ့ဆီက ဖုန်းချသွားပြီးတာနဲ့ ရွှေရွှေ ဆီ ဖုန်းဆက်ရသည် … သူကတော့ အဲဗား အားနေတာသေချာတယ် ….


“ကဲ အကုန်အားကြတယ် … ရွှေမန်းသားဆီ အရင်သွားတယ် … ပြီးမှ စိုင်းလေးကိုခေါ်ပြီး မန်းလေးကို မွှေကြတာပေါ့ … ေိေိ”

“အင်း … ကောင်းသားပဲ …. သွားမယ်လေ ..”

“ရွှတ် ရွှတ် .. ညီလေးရေ … ရှင်းမယ် …. ဘယ်လောက်လဲ ….”

“၁၄၀၀ ပါအကို …”

“ရော့ . ၁၄၀၀ … ကျေးဇူးနော် …”

“ဟုတ် .. ကျေးဇူးပါဗျ …”

“ကဲ … သွားကြမယ် …”


Friend ကအပြန် … ရွှေမန်းသားဆီဝင်ခေါ်ရသည် …. အံမယ် . သူက အဆင်သင့်တောင် စောင့်နေလိုက်သေးသည် … ရွှေမန်းသားက တစ်ယောက်ထဲလိုက်လာသည်မဟုတ် …. ဟို နှစ်ကောင်ပါ ခေါ်လာသေးသည် … ပြီးတော့ . ငါးယောက်သား စိုင်းလေးဆီ ချီတက်ကြတော့သည် ….


စိုင်းလေးဆီရောက်တော့ . သူ့ကို စောင့်နေရတယ်လေ …. ရောက်မှ … ရေချိုးတယ် … စတယ်မှတ်လို့တဲ့လေ … မပြောလိုက်ချင်ဘူး … ရေချိူးခန်းထဲမဝင်ခင် . ကျနော်တို့နှစ်ယောက်ကို ဆဲသွားသေးတယ် … နှစ်ယောက်သား ဖြစ်နေကြတာကို မပြောလို့တဲ့လေ … ဒီကဖြင့် ဖြစ်တာ … တစ်ရက်တောင် မရှိသေးတာကို … ဟင့် …


သူထွက်လာတော့ … အားလုံး ပျော်ပျော်နဲ့ ပါးပါး မန်းလေးတောင်ရှိရာကို ဒိုးကြသည် …


“ဟဲ့ . ကမ တွေ … တောင်ပေါ်ဆိုင်ကယ်နဲ့ မတက်ဘဲ . ခြေလျင်တက်ရင်ကော”

“အာ … ညောင်းပါတယ်ဟာ … ဒီအတိုင်း ဆိုင်ကယ်နဲ့ပဲ တက်ကြမယ် …”

“လုပ်ပါဟာ … ခြေလျင်တက်မယ်လေ …. ဖြေးဖြေချင်းပေါ့ဟာ . ညောင်း ခဏနား . ပြီး ဆက်တက်ပေါ့ … ဒီနေ့ ငါ ဒကာ ခံပါ့မယ် …. နော် … သွန်းကော သဘောတူလား … သူတို့တွေကို မမေးဘူး … သွန်း သဘောတူရင် ခြေလျင်တက်မယ် … မတူရင် မတက်ဘူး … သွန်းသဘော … ကဲပြော”

“ဟဲ့ . သွန်းဆင့် … ငြင်းလိုက်ဟာ … ညောင်းတယ် … ခြေလျင်တက်ရင် ငါတို့တွေ သေမှာ … ငါတို့တွေအကုန်လုံး ခုမှ ရေချိုးခဲ့ကြတာချည်းပဲ …”


သွန်းခမျာ ဆိုင်ကယ်နောက်ကနေ … ခေါင်းခြောက်နေပုံရသည် … တော်တော်နဲ့ အသံထွက်မလာ ….


“ကဲပါလေ … ဒါဆိုလဲ ဆိုင်ကယ်နဲ့ပဲ တက်ကြတာပေါ့ …”

“အာ .. ဘုန်း သဘောပါ …. ဘုန်း ခြေလျင်တက်မယ်ဆို ခြေလျင်ပဲ တက်ကြတာပေါ့ …. ဘာဖြစ်လဲ … အုပ်စုလိုက် ပျော်ပျော်ပါးပါးပေါ့ …. ဟုတ်တယ်ဟုတ် …”

“ဒါမှ ဘုန်း ရဲ့ အချစ်ဆုံး … ေိေိ”

“မတာမ … ဖော်လော်မော်မတွေ တော်တော်ခွီနိုင်တယ် …. တေဂျင်းဇိုးမနှစ်ယောက် … ဟင့် …”

“ဟေး … မနာလိုမနေနဲ့ဟေ့ … နီ့အမှားလေ … သွန်းကို ရှေ့နေငှားတာကိုး … ေိေိ…”

“သြော် … မငှားလို့ရမလား … နင်က နင့်ဟာပြီးရင်ပြီးတယ်ဆို … အဲဒါကြောင့်ပေါ့ဟဲ့ …”

“ဟား ဟား ဟား ….”


သူငယ်ချင်းတစ်စု ဆိုင်ကယ်သုံးစီးနဲ့ တစ်လမ်းလုံးသောင်းကျန်းခဲ့ကြတယ် …. ဒီလိုနဲ့ မန်းလေးတောင်ကို အားလုံး ပျော်ပျော်ပါးပါး ခြေလျင်တက်ခဲ့ကြတယ် ….. မောလို့ မောမှန်းမသိခဲ့ကြပါ …. အားလုံး ပျော်နေလိုက်ကြတာ …. လှေကား ဇောင်းတန်းတစ်ခုလုံး … ဒီ လူခြောက်ယောက်အသံတွေပဲ …. အားလုံးကလဲ … ကွက်ကြည့်ကွက်ကြည့်နဲ့ လူတွေ သတိထားစရာကိုဖြစ်တော့သည် ….


တောင်ပေါ်ရောက်တော့ … လူတွေက တော်တော်ကို ဟိုက်နေကြပြီ … ခဏနားကြပြီး … ဓါတ်ပုံတွေရိုက်လိုက်ကြတာ …. တောင်ပေါ်တစ်ခုလုံး နေရာလပ်ကော ကျန်ရဲ့လားကိုမသိတော့ဘူး …. ကျနော်ကတော့ … သွန်းနဲ့နှစ်ယောက်ထဲ . တောင်ရဲ့ မြောက်ဘက်မှာ ထိုင်ပြီး . သူတို့တွေကို ကြည့်ပြီး ပြုံးနေမိတယ် … သွန်းကတော့ . ကျနော့်ခါးကို တယုတယ ဖက်ကာထားသည် … ကျနော်က ကျနော့သူငယ်ချင်းတွေကို

ကြည့်ရင်းပြုံးနေမိသည် … ဒါပေမယ့် .. ကျနော်တို့နှစ်ယောက်ကိုကြည့်ပြီး ပြုံးရင်း ဖြတ်လျှောက်သွားတဲ့ လူတွေကိုတော့ ကျနော်တို့ သတိမထားမိခဲ့ …..


အဲဒီလို တောင်ပေါ်လေညှင်းလေးနဲ့အတူ နှစ်ယောက်သား စကားတပြောပြောနဲ့ ကြည်နူးနေခိုက် ……


“ဟဲ့ … သွန်းဆင့် မဟုတ်လား … အံမယ် … သူက ဒီမှာ အဆင်လေးနဲ့ လာငြိမ့်နေတာပဲ .. ကမ … နင် လျှိုတယ်နော် … မန်းလေးသွားတာတောင်မခေါ်ဘူး … နင့်အရင်လင်ကော ဘယ်လိုလဲ ပြတ်သွားပြီလား …”


တရစပ်မေးနေသော ကျနော်မသိတဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်ပုံရတဲ့သူရဲ့ စကားများကြောင့် နှစ်ယောက်သား ကြောင်အအနှင့် ပါးစပ်အဟောင်းသား ….

ခဏနေတော့ . ရွှေမန်းသားတို့ လေးယောက် ရောက်ချလာသည် … ထိုအခိုက်


“ဟဲ့ … ချစ်မျှားရှင် မလား … နင်မန်းလေးဘယ်တုန်းကရောက်နေတာလဲ … အွန်လိုင်းမှာလဲ ဘာမပြောညာမပြော …”

“ဒီလိုပဲဟေ့ …. ဒီမနက်မှရောက်တာ … မနေ့ညက ညကားစီးလာတာလေ … တိုက်လဲ တိုက်ဆိုင်ပါ့အေ … ဘာလဲ … သူတို့နှစ်ယောက်က တွဲနေတာလား …”

“အေးလေ …. သိပ်တော့မကြာသေးပါဘူး … သူက ….”

“ဘုန်းဝဿန် … ဟုတ်တယ်ဟုတ် …. သူ့မသိဘဲနေမလားဟယ် …. အဲလောက် နာမည်ကျော် Cute ဖြစ်တဲ့တစ်ယောက်ကို … ဟင်းဟင်း … တွေ့ရတာဝမ်းသားပါတယ် … ကျနော်က ချစ်မျှားရှင်ပါ … နာမည်ရင်းကိုတော့ မပြောတော့ဘူးနော် … အားလုံးက ချစ်မျှားရှင်လို့ပဲ သိကြတာဆိုတော့ …. ဟင်းဟင်း …”

“အော် ဟုတ် … တွေ့ရတာ ဝမ်းသားပါတယ်ဗျ … မန်းလေးကလဲ ကြိုဆိုပါတယ်. …”


သွန်းဆင့်ဘက်ကို မသိမသာ အရိပ်အခြေကြည့်လိုက်တော့ … သွန်းဆင့်မျက်နှာ တော်တော်လေး ပျက်နေတယ် …. ပျက်နေတဲ့မျက်နှာကိုလဲ မနည်းမသိသာအောင် ဖုုံးနေတယ်ထင်တယ် … ဒါပေမယ့် တော်တော်လေးသိသာနေတယ် ….

ဒါပေမယ့် … ကျနော် မသိချင်ယောင်ဆောင်ကာ … ထို ချစ်မျှားရှင်ဆိုသောသူကို နှုတ်ဆက်ဖို့ဟန်ပြင်လိုက်သည် ….


“ဟို ကျနော်တို့ သွားစရာလေးရှိလို့ခင်ဗျ … အဲဒါ … မန်းလေးရောက်တုန်း … အကူအညီလေးများလိုရင် … ကျနော်တို့ကို လှန်းဆက်လိုက်ပါဗျ …. ဖုန်းနံပါတ်က … 09 - ------ ပါ … အိမ်ရှင်ပီပီ ဧည့်ဝတ်ကျေပါရစေ … ကျနော်တို့ကို ခွင့်ပြုပါအုံးနော် ….”

“အော် ဟုတ် …. ကျေးဇူးပါ … နောက် ဆုံကြတာပေါ့ …”

“ဟုတ် … သွားပြီနော် ….”


သူငယ်ချင်းတွေအားလုံး နှုတ်ဆက်ပြီး … အုပ်စုလိုက်ဆင်းလာခဲ့သည် …. အဆင်းမှာ ဟိုလေးယောက်ကတော့ ပျော်ပျော်ရွှင်ရွှင်ပေမယ်လို့ … ကျနော်တို့ နှစ်ယောက် အတန်ကြာတဲ့အထိ အတွေကိုယ်စီနဲ့ ……

ခဏကြာတော့ … ရွှေကြီးအနားရောက်လာပြီ း … ခါးကို အသာကုတ်သွားသည် … သူ့ကို ကြည့်လိုက်တော့ … မျက်နှာရိပ်မျက်နှာကဲဖြင့်လုပ်ပြပြီး …


“မိဘုန်း … လာလေဟာ … လင်းတစုံတွဲကျနေတာပဲ … ဗိုက်ဆာပြီ … မြန်မြန်ဆင်းမယ် …. လာ…”


ထိုအခါမှ …


“လာ သွန်း ….”


ဆိုပြီး … သွန်းလက်ကိုဆွဲကာ … ဟေးးးးး လို့ စိတ်လွတ်ကိုယ်လွတ်အော်ပြီး .. အောက်ကိုဆင်းပြေးကြတော့သည် ….

အောက်ရောက်တော့ … ကျနော်တို့အားလုံး … စောစောက ကိစ္စကို မေ့ထားပြီး … ပျော်ပျော်ရွှင်ရွှင်ပဲ မှာစရာရှိတာ မှာစားကြသည် …

ထို့နောက် …သွန်းဆင့်ကို အဆောင်ပြန်လိုက်ပို့ပြီး … အထုပ်ယူ အိမ်ပြန်ခဲ့သည် ….

အိမ်ရောက်ပြီး … ကလေးတွေအတွက် စာမေးပွဲ မေးခွန်းထုပ်နေရသည်နဲ့ … ပိတ်ရက်နှစ်ရက် အပြင်မထွက်ဖြစ်တော့ ….


ဒီလိုနဲ့ …. တနင်္လာနေ့ကို ရောက်လာပါရောလား ………

1 comment: