About Me

My photo
Mandalay, Mandalay, Myanmar (Burma)

Saturday, February 9, 2013




နှလုံးသားနှင့်ရင်း၍

အပိုင်း (၆)


“သားရေ …”

“နိုးနေပြီမေ …”


နိုးနိုးချင်း  အိမ်သာပြေးရသည် … မနေ့က စားတာ စုံသွားတယ် … လျှာရှည်ပြီး အချဉ်ပေါင်းတွေပါ တစ်ထိုင်ထည်း နှစ်ထုပ် ကုန်အောင်စားလိုက်တာ … ကြာရင်ရုပ်ဆိုးမဖြစ်တော့မယ် . အိမ်သာတက်ပြီး … ရေ မိုးချိုး မျက်နှာသစ် သွားတိုက် ပြီးမှ .. အမေရှိရာ မီးဖိုချောင်ထဲကို အပြေးဆင်းရသည် .. မနက်စာစားဖို့ အမေ စောင့်နေပြီလေ …


“ကဲလာ .. သား .. ထမင်းကြော်ပဲ စားမှာမလား ….”

“ဟုတ် … ဘာလို့လဲ မေ .. ထမင်းကြော်ပဲ ရှိတာမဟုတ်လား”

“ဒီနေ့ သားအဖေ ရှမ်းခေါက်ဆွဲဝယ်စားလို့လေ … သားမစားဘူးမလား …”

“ဟုတ် .. ဒီဘက်က ရှမ်းခေါက်ဆွဲတွေကို သားမကြိုက်ဘူးလေ … ဟီး”

“ကဲ စားတော့ .. ရှစ်နာရီထိုးနေပြီ … ဆိုင်ကယ် ဖြည်းဖြည်းစီးသွားနော် ..”

“ဟုတ်ကဲ့ပါ .မေ …”


မနက်စာစားပြီး အမေ့ကို နှုတ်ဆက်ကာ အိမ်မှ ထွက်လာခဲ့သည် …

သီချင်းနားထောင်ကာ ဆိုင်ကယ်စီးရင်း ….


“အင် .. ဆိုင်ကယ်က ဘာဖြစ်ပြန်ရတာလဲ … ဆီများကုန်သွားတာလား … မနေ့ကလဲ ဘယ်မှမသွား”


စိတ်ပျက်ပျက်နဲ့ ရပ်နေတဲ့ ဆိုင်ကယ်ရဲ့ ဆီတိုင်ကီဖွင့်ကြည့်တော့ … အမှန်ပဲဗျာ … အလဲ့ .. မခန့်တာ .. တိုင်ကီထဲက ပိုက်ခေါင်းလေးက ပြူတစ်လေးထွက်ပြီး ပြောင်ပြနေသလား အောက်မေ့ရတယ် …


“ကုန် . ကုန်နိုင်လွန်းတယ် …တော်ပါသေးရဲ့ … ဒီနေ့ ပိုက်ဆံအိပ် .မေ့မကျန်ခဲ့လို့ …”


လမ်းဘေးဆီဆိုင်လေးမှာဆီဝင်ထည့်လိုက်သည် …


“ဘယ်နှဘူးလဲ ကလေး ..”

“သုံးဘူးထည့်လိုက် အန်တီ …”

“……….”

“အန်တီ … ဒီမှာ ၃၀၀၀ …”

“အော် အေးအေး”

“ကျေးဇူးနော် ..”


ဆီဆိုင်က အန်တီကို ပြုံးပြနှုတ်ဆက်ပြီး . ခရီးဆက်ခဲ့သည် … ဘာရယ်မဟုတ် . အတွေးတစ်ခု ဖြတ်ခနဲဝင်လာမိသည် …

“အဲ .. ဟိုနေ့က ဒီလို မနက် ဆီပြတ်တယ် … ညကျတော့ . ရည်းစားတစ်ယောက်ရတယ် … အခုလဲ ဆီထပ်ပြတ်ပြန်တယ် … အမလေး ..တော်ပါဘီ .. နှစ်ယောက်ကြီးတော့ မလိုချင်ပေါင် ….ခေါင်းခြောက်တယ် …”

ထိုစဉ် ရုတ်တရက် … ဟိုနေ့က ထည့်ခဲ့သည့် ဆီဆိုင်အတွင်းမှ ထွက်လာတဲ့ ဆိုင်ကယ်နဲ့ကောင်လေးတစ်ယောက် ……



“အယ် …

ချောလိုက်တာ … ဒါနဲ့ မြင်ဖူးသလိုပဲ … ရင်းရင်းနှီးနှီးများ မြင်ဖူးလို့များလား … အား .. ဟိုနေ့က ကို၂၀၀၀ … အဲ … ၂၀၀၀ ကူညီပေးတဲ့ တစ်ယေက် …”


ပြောပြောဆိုဆိုနဲ့ … ထိုဆိုင်ကယ်နောက် အမြန်လိုက်သည် … ကန်တော်ကြီးလမ်းဆုံကိုအရောက် … လိုင်းကားတစ်စီးက ရုတ်တရက် လမ်းဖြတ်ကုူးလိုက်သဖြင့် ….


“တောက် … မနက်စောစောစီးစီး .. ငါပြောမိတော့မယ် … မတာဒွေ … အဝီစိသွားဖို့ လုမောင်းနေတာလား …”


မျက်ခြေပြတ်သွားခဲ့ပါသည် … ထို့ကြောင့်လဲ ဒေါသဖြစ်ဖြစ်နဲ့ တစ်ကိုယ်တည်း ရေရွတ်ပြောနေမိသည် …


“အင်းပေါ့လေ … ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ .. ဒီနေ့မဟုတ် ..နောက်နေ့တွေ့ရအုံးမှာပါ …”


ကိုယ်ကိုယ်ကို ဖြေသိမ့်ပြီး သင်တန်းဆက်သွားတော့သည် … ထိုစဉ် ဖုန်းထမြည်ပြန်သည် ..


“ဟလို … အမိန့့်ရှိပါ …”

“ဘုန်းလား … သွန်းပါ …”

“အော် . သွန်းပြော … ကိုယ်အခုပဲ သင်တန်းလာနေတာ .. လမ်းမှာ ..”

“အော်. .. အင်း … အဲဒါ လှမ်းမေးတာ … အားးး … အသံတွေဆူနေတာပဲ … ဆိုင်ကယ်မောင်းနေတုန်းလား … ဆိုင်ကယ်ရပ်ပြီး ပြောတာမဟုတ်ဘူး …”

“အော် … ဘုန်းက နားကြပ်နဲ့ပါ သွန်းရယ် …. ကဲကဲ … ဖုန်းချလိုက်တော့ …နောက် ငါးမိနစ်လောက်ဆိုရောက်ပြီ …”

“အင်း … ဒါဆို … ဒါပဲနော် .. အာဘွား … အရမ်းချစ်တယ် …”

“ဒီကလဲ ချစ်ပါတယ်ဗျာ … အာဘွား …”


သင်တန်းရောက်တော့ … သွန်းက … သင်တန်းအပေါက်နောက်ကွယ်နားမှာ

စောင့်နေလေရဲ့ …. ဆိုင်ကယ်ထားပြီး အလှည့် ….


“အင့် ..”


ရုတ်တရက် အဖက်ခံလိုက်ရသည် … ဘယ်သူဘယ်ဝါမှန်းမသိလိုက် ….

သင်တန်းအပေါက်ဝကိုလှန်းအကြည့် …..

….



..

.

“သွန်းလား …”

“ဟီး … အင်း … ဘယ်လိုသိ …. သူများက အပေါက်ဝက တံခါးနဲ့ ကွယ်ပြီး ပုန်းနေတာကို ..”

“ရောက်ရောက်ချင်းတုန်းကတော့ .. ရုတ်တရက်မြင်လိုက်တယ် …. ခု လှန်းကြည့်တော့ မရှိတော့ဘူးလေ … အဲဒါကြောင့် .. သွန်းဖြစ်မယ်လို့ ….”

“ဟွင့် … နဲနဲတောင် ဖွဲ့နွဲ့ပြီး ညာမပြောဘူး … ဘာဖြစ်လဲ … ဒီနှလုံးသားက အလိုလိုသိနေတယ်လေ လို့ပြောတော့ ဘယ်သူက တရားစွဲမှာမို့လို့လဲ ….”

“ဟဲဟဲ …. သားက မညာတတ်လို့ပါဂျာ …ေိေိ … သွန်းနော် ..တော်တော်ကဲနေတယ် … ဟိုမှာ …လူတွေအကုန်လုံး ၀ိုင်းကြည့်နေတာ မရှက်ဘူးလား …”

“ရှက်စရာလား .. ဘာလဲ .. ဘုန်း က ရှက်လို့လား ..”

“မရှက်ပါဘူး .. ကိုယ့်ချစ်သူပဲ .. ရှက်စရာလား …”

“တကယ်နော် .. မရှက်ဘူးနော် …ယောကျ်ားစကားနော် …”

“အင်း . မရှက်လို့ မရှက်ဘူးပြောတာကို …”

“ဟာ” “ဟင်” “အို”


အာမေဋိတ်ပေါင်းများစွာ …

ရုတ်တရက် …လောကကြီးကို တဒင်္ဂမေ့သွားလောက်အောင် …..

လူတွေလည်း သွားလာခြင်းတွေရပ်ကုန်ကြပြီး … ၎င်းတို့ရဲ့အမြင်အာရုံတွေက ကျနော်တို့နှစ်ယောက်ထံသို့ .. ထိုသူတွေထဲတွင် ဆရာလဲ အပါအဝင်


ဆယ်စက္ကန့်လောက်နေတော့ ….

ကလေးတစ်ယောက်လို မျက်နှာငယ်လေးနှင့် …..


“ဘာလဲ … သွန်းကိုအပြစ်ပြောလို့လား … သူပဲ မရှက်တတ်ဘူးဆိုလို့ … ပြီးတော့ … ကိုယ့်ချစ်သူ ကိုယ့်ကို တကယ်ချစ်တာဟုတ်မဟုတ် ….”

“ကဲ..ပြောပါအုံး .. အခုလိုလုပ်လိုက်တော့ … ကျနော်မျိုးကြီးရဲ့စိတ်ကို သိလိုက်ရပြီလား …”

“အင်းးးးးးး နဲနဲတော့သိလိုက်တယ် …. အကြင်နာပေးနေတဲ့အချိန်လေးအတွင်း .ငြင်းဆန်ခြင်းမှမရှိတာ … အင်းပေါ့လေ .. ဘယ်ငြင်းမလဲ …ကောင်းတာကိိုး …ေိေိ”

“သွန်းနော် …. လူကို … လာ ဝင်မယ် … လူတွေလဲ ၀ိုင်းကြည့်နေတာ … ဘုန်း ဒီလောက်ပဲ နာမည်အထွက်ခံမယ် … ဒီထက်တော့ မကဲနဲ့နော် .. မန်းလေးက ကျဉ်းကျဉ်းလေးရယ် … ဒါ့ထက် .. ဒီလောက ကပိုကျဉ်းတယ် … တစ်ခုခုဆို …တောမီးကမှနှေးနေအုံးမယ် … ပြီးတော့ . ဒီမှာ စင်ကာပူသတင်းဋ္ဌာနက သတင်းထောက်တွေရှိရင်ရှိမှာ … လာ ဝင်မယ် …”

(စင်ကာပူမှ ကိုကို တို့ကို ဝုန်းခြင်း ..ချေခြင်းမဟုတ်ပါ …. ရိုးရိုးသားသားခွွီကြည့်တာနော် … စိတ်မဆိုးကြေး …ေိေိ … :P)


စာသင်ခန်းထဲရောက်တဲ့အထိ ကြည့်လိုက်ကြတဲ့လူတွေ … အဲဒီလို ထူးဆန်းတဲ့သတ္တဝါလို ကြည့်တဲ့ မျက်လုံးတွေကို ငယ်ငယ်ကတည်းကသေလောက်အောင် မုန်းခဲ့တာ …. အခုလဲ လာပြန်ပြီ အဲဒီမျက်လုံးတွေ …. ဒါပေမယ့် ငယ်ငယ်ကလိုပဲ သူတို့တွေ ရှိမနေဘူးလို့ပဲ သဘောထားပြီး ဆရာသင်တာတွေကို ဂရုစိုက်နေလိုက်တယ် …. အဲ ..ဘေးက သွန်းကလဲ ငြိမ်ငြိမ်ကိုမနေပါလား … လက်ချိတ်လိုက် …. ခါးဖက်လိုက်နဲ့ …တော်တော်ကို ဟင်းးး ….


သင်တန်းဆင်းတော့ …..


“ဘုန်းဝဿန်”

“ဟုတ် …. ဒီက …”

“အော် … အိမ့်မြတ်နိုးခင် ပါ”

“ဟုတ်ကဲ့ခင်ဗျ …တွေ့ရတာ ဝမ်းသာပါတယ်ဗျ”

“ဘုန်းဝဿန်တို့ နှစ်ယောက်က … တွဲနေတာလား … ဟို ခင်လို့ စပ်စုကြည့်တာနော်”

“ဟုတ်ကဲ့ … တွဲနေတာပါဗျ … သိပ်မကြာသေးဘူး … ဟီး .. ပြီးခဲ့တဲ့သောကြာနေ့ကမှ ..”

“ဟုတ်ကဲ့ရှင့် …အော် . မိတ်ဆက်ပေးရအုံးမယ် … ဒါက ကျမချစ်သူပါ .. နာမည်က ယွန်းဟေမာန် …”

“အော် .. Lesbian ..တွေပေါ့ … Nice to meet U”

“ဟုတ် … ကျမတို့က ချစ်သူတွေသာပြောတယ် .. သူတို့ကို ပွင့်ပွင့်လင်းလင်း ရဲရဲဝံ့ဝံ့ ချမပြရဲဘူး … အခုတော့ ကျမတို့နှစ်ယောက်အတွက် အားတစ်ခု ရသွားသလိုပဲ … အဲဒါကျေးဇူးပါလို့ ….”

“အော် .. ရပါတယ်ဗျ … အဲဒါ သူ့ကိုပြောရမှာ …ေိေိ”

“ဘုန်းနော် … လူကို … အစ်မတို့ကိုလဲ . Congratulation ပါဗျာ … ဒါဆို ကျနော်တို့တတွေ HoMo .တွေအချင်းချင်းပဲပေါ့ … တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက် နားလည်ကြမှာပါ …”

“ဟုတ်တာပေါ့ …ကျေးဇူးနော် … ယူတို့က ခင်တတ်တာပဲ … ကျမတို့ သွားစရာလေးရှိလို့ ခွင့်ပြုပါအုံးနော်”

“ဟုတ်ကဲ့ …နောက်မှ ဆုံတာပေါ့ … ဘိုင့်”

“ဘိုင့်”


Lesbian နှစ်ယောက်ထွက်သွားတော့ … သူတို့အတွဲကို နှစ်ယောက်သား ခဏကြာမှငေးကြည့်နေပြီး … သွန်းကနေ


“ဘုန်း … Diamond ကိုသွားမှာမလား …”

“အင်း .. ဘာလဲ .. သွန်းလိုက်မှာမလား”

“လိုက်မှာပေါ့ … အဲဒီလောက်ချစ်ဖို့ကောင်းတဲ့ ကိုယ့်ချစ်သူကို ဘယ်စိတ်ချပါ့မလဲ … ကဲပြော”

“ဟုတ်ကဲ့ပါဗျ … ခင်ဗျားလေးမလိုက်လဲ .. ဒီက ဇွတ်ခေါ်မလို့ပါပဲ … ကဲ ..သွားကြစို့”


ဒီလိုနဲ့ နှစ်ယောက်သားပျော်ပျော်ပါးပါး Diamond Plaza ကို ချီတက်ခဲ့ကြသည် …

ကျနော့်ရဲ့ တစ်နေ့တာ ထုံးစံကို ယခင်ကလို တစ်ယောက်ထဲ အထီးကျန်စွာကျော်ဖြတ်စရာမလိုတော့ဘူးလေ … ဘုန်းဝဿန် လဲ အတောင် စပေါက်နေပါပြီ ……..

No comments:

Post a Comment